ကျွန်တော်တို့ ယောကျာ်းလေးတိုင်းကတော့ အယ်လ်ကိုဟောနဲ့ ကင်းတဲ့သူ ခပ်ရှားရှားရယ်ပါ။ အရက်ကို လစ်မစ်တစ်ခုနဲ့ ချင့်ချိန်သောက်သုံးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် အကျိုးပြုတယ်လို့တောင် ပြောလို့ရပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ အလွန်အကျွံသောက်သုံးတဲ့အခါမှာတော့ ဘေးထွက်ဆိုးကျိုးတွေ အများကြီးကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တဲ့ တက်စတိုစတီရုန်း (Testosterone) ခေါ် ကျားဟော်မုန်း နဲ့ တိုက်ရိုက်သက်ဆိုင် နေတာပါ။ ဒီတစ်ခေါက်မှာတော့ အရက်သောက်ခြင်းနဲ့ ကျားဟော်မုန်းအတက်အကျ ဖြစ်စဉ်ကြားက ဆက်စပ်ပုံတွေကို ပြောပြပေးချင်ပါတယ်။
Photo : Testosterone Centers of Texas
အရင်ဆုံး တက်စတိုစတီရုန်း (Testosterone) ဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်အတွက် ဘယ်လောက်အထိ အရေးပါလဲဆိုတာကို ရှင်းပြပေးချင်ပါတယ်။ တက်စတိုစတီရုန်း (Testosterone) ဟာ အမျိုးသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ရှိရမယ့် အဓိကအရေးပါတဲ့ ဟော်မုန်းတစ်ခု ဖြစ်ပါတယ်။ တက်စတိုစတီရုန်း (Testosterone) က ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေ ဖွံ့ဖြိုးကြီးထွားလာဖို့ ၊ အရိုးအဆစ်တွေ သန်မာကြံ့ခိုင်လာစေဖို့နဲ့ ကျန်းမာတဲ့ လိင်စိတ်ဆန္ဒ/ လိင်မှုဘဝကို ထိန်းသိမ်းထားနိုင်ဖို့ စတဲ့အချက်တွေ ကဲ့သို့ အရေးပါတဲ့ အရာတွေနဲ့ ဆက်စပ်နေတဲ့ အရေးကြီး ဟော်မုန်း ဖြစ်ပါတယ်။
ကဲဒါဆို ဆက်လက်ပြီး အရက်နဲ့ တက်စတိုစတီရုန်း (Testosterone) ဆက်စပ်နေပုံကို ဆက်လေ့လာကြည့်ရအောင်…………
အဓိကအားဖြင့် အရက်သောက်တဲ့အခါမှာ ခန္ဓာကိုယ်က ကျားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) ထုတ်လုပ်မှုကို နှေးကွေးစေပါတယ်။ အရက်သောက်ခြင်းက တက်စတိုစတီရုန်း (Testosterone) ပမဏကို မည်သို့မည်ပုံ ကျဆင်းစေသလဲဆိုတာကို ဆက်လက်ရှင်းပြပေးပါမယ်။
အယ်လ်ကိုဟော / အရက်ကို အလွန်အကျွံသောက်သုံးမိတဲ့အခါမှာ ပထမဆုံး ကြုံတွေ့ရမှာကတော့ အိပ်စက်မှု အရည်အသွေးကို ကျဆင်းလာစေတာပါ။ ဒါက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေပြီး ကျားဟော်မုန်း အပါအဝင် အခြား ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းတွေရဲ့ ဟန်ချက်ညီမျှမှုကို အနှောင့်အယှက် ဖြစ်လာစေနိုင်တာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် အရက်သောက်တဲ့အခါမှာ သင့်တင့်မျှတတဲ့ ပမဏတစ်ခုကို ချိန်ဆပြီး သောက်တာ အကောင်းဆုံးပါပဲ။ အလွန်အကျွံသောက်သုံးမိရင်တော့ ခန္ဓာကိုယ်မှာရှိတဲ့ တက်စတိုစတီရုန်း (Testosterone) ပမဏကို လျော့နည်းစေရုံသာမက အခြားသော ပြင်းထန်တဲ့ ကျန်းမာရေး နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံတွေ့ခံစားရနိုင်ခြေ များပါတယ်။
Photo : DTAP Clinic
ယေဘူယျအားဖြင့် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ကျားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) ဟာ ရှိသင့်ရှိထိုက်တဲ့ ပမဏမှာမရှိပဲ လျော့နည်းနေမယ်ဆိုပါက ကြွက်သားများ ကြံ့ခိုင်မှု လျော့ကျခြင်း ၊ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ပမဏ လျော့ကျခြင်း ၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ စိတ်ခံစားချက် ပြောင်းလဲအတက်အကျ မြန်ဆန်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။
အကယ်၍ ကွီးတို့က အရက်ပုံမှန်သောက်ဖြစ်တယ် တစ်ဆက်တည်းမှာပဲ အရက်နဲ့ ပတ်သတ်ပြီး တက်စတိုစတီရုန်း (Testosterone) ပမဏ ကျဆင်းတယ်လို့ သင်သံသယရှိပါက ဆရာဝန် သို့မဟုတ် အခြား နားလည်တက်ကျွမ်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။
Source : My Fit Brain
Featured Photo : Pristyn Care