အမိုက်စား တက်တူးဒီဇိုင်းတွေကို ရွေးချယ် ရေးထိုးချင်တယ်ဆိုရင်တော့ အရိုးခေါင်း တက်တူးတွေက အထာအကျဆုံးပါပဲ။ အရိုးခေါင်း တက်တူး များလောက် အထာကျတာ ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ တက်တူးချစ်သူများအကြားလည်း ရေပန်းစားပြီး လူကြိုက်များတဲ့ တက်တူးအမျိုးအစားတစ်ခုဖြစ်ပါတယ်။

မှင်အမျိုးအစား ရွေးချယ်တဲ့နေရာမှာလည်း အရိုးခေါင်း တက်တူး များသည် မည်သည့်မှင်အရောင်နှင့်မဆို လိုက်ဖက်ပါတယ်။ ဒါ့အပြင် ပုခုံးမှာပဲ ထိုးချင်သလား။ ရင်အုပ်မှာပဲ ထိုးချင်သလား။ မိမိကြိုက်နှစ်သက်တဲ့နေရာမှာ ရေးထိုးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ မည်သည့်နေရာပေါ်မှာမဆို လိုက်ဖက်တာကလည်း အရိုးခေါင်းပုံ တက်တူးများပဲဖြစ်ပါတယ်။ ဒီဇိုင်းသေးသေးလေးပဲ ရေးထိုးချင်သလား (သို့) ဒီဇိုင်းအကြီးစားမျိုး ရေးထိုးချင်သလား။ ကွီးတို့စိတ်ကြိုက် ရေးထိုးနိုင်ဖို့ရန်အတွက် အရိုးခေါင်းပုံ တက်တူးဒီဇိုင်းများကို ဝေမျှပေးလိုက်ရပါတယ်။

သကြားအရိုးခေါင်းပုံတက်တူး

အရိုးခေါင်း တက်တူး

မက်ဆီကန်ရိုးရာအရ ဒီတက်တူးကို Dia De Los Muertos သေဆုံးတဲ့နေ့လို့ အဓိပ္ပါယ်ရပါတယ်။ ထိုနေ့မှာ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို ခွဲခွာသွားတာကို သတိရအောက်မေ့တဲ့အနေနဲ့ တေးဂီတများ၊ အစားအသောက်များ၊ ဖျော်ရည်များဖြင့် သေဆုံးသူကို ပြန်လည်အောက်မေ့ကြလေ့ရှိပါတယ်။

ကျွဲအရိုးခေါင်းပုံ တက်တူးဒီဇိုင်း

အရိုးခေါင်း တက်တူး

ဒီတက်တူးကတော့ သန်မာြခင်း၊ သဘာဝစွမ်းအင်များ ပိုင်ဆိုင်ထားခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ရင်အုပ်ပေါ်မှာ ရေးထိုးတဲ့အခါ လှပခံ့ညားနေမယ့် တက်တူးဒီဇိုင်းတစ်မျိုးပဲဖြစ်ပါတယ်။

အရိုးခေါင်းနှင့် နှင်းဆီပန်းပွင့်ပုံတက်တူး

အရိုးခေါင်း တက်တူး

ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၊ လှပမှုနှင့် ဇရာကြောင့် အိုမင်းလာမှုတို့ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်တဲ့ တက်တူးတစ်မျိုးပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဘဝအကြောင်း နားလည်ပြီဆိုတာကို ဖော်ထုတ်ပြသချင်တယ်ဆိုရင်တော့ ဒီတက်တူးဒီဇိုင်းမျိုးကို ရွေးချယ်နိုင်ပါတယ်။

ကျောပြင်တစ်ဝိုက်မှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်းတစ်မျိုး

အရိုးခေါင်း တက်တူး

ဒီတက်တူးကတော့ သမင်တစ်ကောင်ရဲ့ ဦးချိုနဲ့ အရိုးခေါင်းပုံ တက်တူးဒီဇိုင်းတစ်မျိုးပဲဖြစ်ပါတယ်။ သမင်သည် ဘယ်လောက်ပဲ အားနည်းတဲ့ သတ္တဝါတစ်ကောင်ဖြစ်ပေမယ့် အရိုးခေါင်းနဲ့ တွဲလိုက်တဲ့အခါမှာတော့ ခွန်အားကြီးမားကြောင်းကို ရည်ညွှန်းပြသတာပဲ ဖြစ်ပါတယ်။

ဝံပုလွေအရိုးခေါင်းပုံတက်တူး

skull tattoo

ဝံပုလွေများကို နှစ်သက်တဲ့ ကွီးတို့အတွက် ထိုးသင့်တဲ့ အရိုးခေါင်းပုံတက်တူးတစ်ခုဖြစ်ပါတယ်။ ဒီတက်တူးရဲ့ အဓိပ္ပါယ်ကတော့ သစ္စာရှိခြင်းနှင့် ရဲရင့်ခြင်းတို့ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။

ကြောင်အရိုးခေါင်းပုံတက်တူး

skull tattoo

ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင်တော့ ကြောင်အရိုးခေါင်းပုံတက်တူးများသည် အနည်းငယ် ကျောချမ်းစရာကောင်းပါတယ်။ သို့သော် အထာကျပြီး မိမိုက်နေတာကတော့ ငြင်းခုံစရာမလိုအောင်ကို မှန်ပါတယ်။ ထိုတက်တူးကို အနက်ရောင်နဲ့ မီးခိုးရောင်နှစ်မျိုး ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ လှပဝင့်ထည်နေမှာ အမှန်ပါပဲ။

တောင်ပံနှင့် အရိုးခေါင်းပုံတက်တူး

skull tattoo

ဒီအရိုးခေါင်းမှာ သရဖူ ဆောင်းထားတာကို သတိထားမိကြမှာပါ။ ဖြစ်နိုင်တာကတော့ တော်ဝင်မျိုးနွယ်ကို ကိုယ်စားပြုတဲ့ အရိုးခေါင်းတက်တူးပဲဖြစ်ပါတယ်။ ဒီတက်တူးရဲ့ အဓိပ္ပါယ်ကတော့ လူသာ သေသွားမယ် မြင့်မြတ်ခြင်းနှင့် နာမည်ကျော်ကြားမှုတို့က ကျန်ရစ်နေမှာဖြစ်ကြောင်း သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ တက်တူးဒီဇိုင်းများကို သဘောကျနှစ်ခြိုက်ပါရဲ့လား။

Source: Fashionbeans

Featured Image: Inkedmag