အရွယ်ရောက်ပြီး သူတိုင်း လိင်ကိစ္စအပေါ် စူးစမ်းလိုစိတ် ရှိကြတာ သဘာဝပါ။ သေချာတာတစ်ခုကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းကို လူပျိုဖော် ဝင်ချိန်ကစလို့ စတင်ထိတွေ့စမ်းသပ် ကြပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ကျန်းမာတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်ပေမယ့် တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ပတ်သတ်လို့ အရွယ်ရောက် ပြီးသူတိုင်း သိထားသင့်တဲ့ အချက်တွေလည်း ရှိနေပါတယ်။
(၁) တစ်နေ့ ဘယ်နှစ်ခါ အာသာဖြေသင့်လဲ
Photo : Mensxp
တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ပတ်သတ်ပြီး မှန်ကန်တဲ့ အချက်အလက်တွေ ရှိသလို ဒဏ္ဍာရီလာ ယုံတမ်းစကားတွေလည်း အများကြီးပါ။ တစ်နေ့မှာ ဘယ်နှစ်ကြိမ်လောက် အာသာဖြေသင့်လဲဆိုတဲ့ မေးခွန်းမှာ တိကျတဲ့ ကန့်သတ်ချက်မျိုး မရှိပေမယ့် အရွယ်ရောက် ပြီးသား ကျား/မ မရွေး ၊ လူတစ်ယောက် ချင်းစီအပေါ်မှာပဲ မူတည်ပြီး အကြိမ်အရေဟာ ကွဲပြားနိုင်ပါတယ်။ အလွန်အကျွံ လုပ်မိရင်တော့ သေချာတာတစ်ခုက ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ နေ့စဉ်ဘဝ / လက်တွေ့ဘဝက ဆက်ဆံရေးအပေါ်မှာပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
(၂) အလွန်အကျွံ လုပ်ရင် ဖွားဖက်တော် အာရုံခံစားနိုင်စွမ်းကို ကျစေသလား
Photo : Mensxp
တစ်ကိုယ်ရည် အာသာဖြေခြင်းကို အလွန်အကျွံ လုပ်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေထဲက တစ်ခုကတော့ ဖွားဖက်တော်ရဲ့ အာရုံခံစားနိုင်စွမ်းကို ကျဆင်းစေတာပါ။ ညစ်ညမ်းရုပ်ရှင်အကြည့်များတာ ၊ အလွန်အကျွံ တစ်ကိုယ်ရည် အာသာဖြေတာဟာ ဖွားဖက်တော်ရဲ့ Sensitivity ကို ကျစေပြီး လိင်ဆက်ဆံချိန်မှာ ခံစားမှု ကောင်းကောင်းမရနိုင်ပါဘူး။ နောက်ဆက်တွဲအနေနဲ့ တိုက်ရိုက်ဆက်စပ် မနေပေမယ့်လည်း လိင်တံထောင်မတ်မှု လျှော့ကျတာ ၊ လိင်အင်္ဂါချို့ယွင်းမှု ဖြစ်ပေါ်တာတွေ ကြုံရနိုင်ပါတယ်။
(၃) တစ်ကိုယ်ရည် အာသာဖြေရင် ချောဆီသုံးလို့ရလား
Photo : Mensxp
ချောဆီကို လိင်ဆက်ဆံ စဉ်မှာပဲ အသုံးပြုလို့ရတာ မဟုတ်ပါဘူး။ တစ်ကိုယ်ရည် အာသာဖြေခြင်းကဲ့သို့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအတွက်လည်း သုံးနိုင်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေချိန်မှာ ချောဆီသုံးတာဟာ ချောမွေ့မှုကို ပိုဖြစ်စေပြီး ပွတ်တိုက်မှုကြောင့် လိင်တံအရေးပြား ပွန်းပဲ့တာ ၊ နီးမြန်းယားယံတာတွေကို သက်သာစေနိုင်ပါတယ်။
(၄) အတူနေချိန်မှာ စွမ်းဆောင်ရည် ပိုကောင်းစေသလား
Photo : Mensxp
အနေမတူခင် ကြိုတင်ပြီး တစ်ကိုယ်ရည် အာသာဖြေထားမယ်ဆိုရင် အတူနေချိန်မှာ လိင်တံထောင်မတ်မှု ပိုအားကောင်းတာ ၊ သုတ်လွှတ်ချိန်ကို ဆွဲဆန့်ပေးတာ အပြင် အထွတ်အထိပ် ခံစားမှု အော်ဂဇင်ကို ကောင်းကောင်းရစေနိုင်ပါတယ်။
Source : Mensxp
Featured Photo : Formen Health