Street Food အစားအစာများသည် ဈေးနှုန်းသင့်တင့်ပြီး အရသာရှိတဲ့အစားအစာတွေဖြစ်ပါတယ်။ နိုင်ငံအလိုက် မတူညီတဲ့ ယဉ်ကျေးမှုများ၊ အစားအစာများ ရှိကြသလိုပဲ Street Food များသည်လည်း နိုင်ငံအလိုက် ကွာခြားသွားတတ်ကြပါတယ်။
မြန်မာလူမျိုးတွေရဲ့ ပါးစပ်မှာတော့ အနောက်တိုင်းအစားအစာများထက် အရှေ့တိုင်းအစားအစာများကို ပိုမိုခံတွင်းတွေ့ကြတာပါ အမှန်ပါပဲ။ အရှေ့တိုင်းအစားအစာများထဲတွင်မှ အရှေ့တောင်အာရှရှိ အစားအစာများကို ပိုမိုကြိုက်နှစ်သက်ကြပါတယ်။
ကွီးတို့အနေနဲ့ အရှေ့တောင်အာရှနိုင်ငံများသို့ သွားရောက်လည်ပတ်ကြတဲ့အခါ ထိုနိုင်ငံရှိ နာမည်ကြီး Street Food အစားအစာများကို မမေ့မလျော့စားသုံးကြပါလို့ အကြံပေးလိုက်ရပါတယ်။
Pho
ဒီအစားအစာကတော့ ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကြီး Street Food တစ်မျိုးပဲဖြစ်ပါတယ်။ ခေါက်ဆွဲပြုတ်ပုံစံဖြစ်ပြီး ကြက်သားပြုတ်ရည် (သို့) အမဲသားပြုတ်ရည်တို့နဲ့ ထည့်ချက်ထားပြီး ပင်စိမ်းရွက်၊ သံပုရာသီး၊ ကြက်သွန်မြိတ်စတဲ့ ဆေးဖက်ဝင်အရွက်များကြောင့်လည်း သူ့ရနံ့က ပိုမိုထူးကဲမွှေးကြိုင်သွားပါတယ်။
Pad Thai
Pad Thai ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အစားအစာတ်စခုပါပဲ။ သူ့ရဲ့အရာသာက တစ်ခါစားပြီးတာနဲ့ နောက်တစ်ခါ ထပ်စားချင်အောင် ဆွဲဆောင်နေပါတယ်။ သူ့ကို အချိုအရသာနဲ့လည်း စားနိုင်သလို အစပ်အရသာနဲ့လည်း မြည်းစမ်းကြည့်နိုင်ပါတယ်။ ကြက်ဥကြော်၊ ဟင်းသီးဟင်းရွက်များအပြင် အသားအမျိုးမျိုး (သို့) ပုစွန်နဲ့ ချက်ပြုတ်ပြင်ဆင်ထားတာဖြစ်ပါတယ်။
Nasi Lemak
Nasi Lemak ကတော့ မလေးရှားရဲ့ နာမည်ကြီး Street Food ပဲဖြစ်ပါတယ်။ သူ့ကို ငှက်ပျောဖက်လေးထဲထည့်ကာ အလှဆင်ထားတာဖြစ်ပါတယ်။ ထမင်းကို အလယ်တည့်တည့်မှာ ပုံထားပြီး မြေပဲကြော်၊ ကြက်ဥ၊ ကြက်သားကြော်၊ ငါးခြောက်တို့ဖြင့် ဘေးနားမှာ ပုံထားတာကို တွေ့ရပါလိမ့်မယ်။
ကြက်သားဆာတေး
ဒီအကင်ကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ Street Food လေးပဲဖြစ်ပါတယ်။ ကြက်သားတုံးများကို သေသေချာချာနယ်ဖတ်ထားပြီးနောက် ဘာဘီကျူးကင်ထားတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အခြားသော နိုင်ငံများကပါ ထိုနည်းအတိုင်း လိုက်လုပ်စားလာကြတာဖြစ်ပါတယ်။ ကြက်သားအပြင် မိမိနှစ်သက်ရာ ငါး၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ သိုးသား စသည်ဖြင့်လည်း အမျိုးမျိုး ကင်စားကြပါသေးတယ်။
Lechon
ဒီဟင်းလျာကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ အရသာအရှိဆုံး ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ သူ့ကို Lechon လို့လည်း ခေါ်သလို Cebu လို့လည်း အမည်ပေးထားပါသေးတယ်။ ဝက်ဆီရွှဲရွှဲလေးနဲ့ ချက်ပြုတ်ထားတာဖြစ်ပြီး ဝက်ခေါက်ကလည်း ကြွပ်ရွနေကာ အင်မတန်စားကောင်းပါတယ်။ ဖိလစ်ပိုင်လူမျိုးများကတော့ ဒီအစားအစာကို ဘီယာနဲ့ တွဲဖက်ကာ စားသောက်လေ့ရှိကြပါတယ်။
အစားအစာချစ်သူ ကွီးတို့ရော အခုဖော်ပြသွားတဲ့ Street Food များထဲက ဘယ်အစားအစာကို အကြိုက်ဆုံးပါလဲ။
Source: Thinkingnomads.com
Featured Image: EVENTLAND