နည်းပညာ ပစ္စည်းမိုက်မိုက်လေးတွေ စိတ်ဝင်စားတဲ့ ကွီးတို့အတွက်ပါ။ အခုလက်ရှိ စမတ်ဖုန်းတွေနဲ့ တွဲသုံးရတဲ့ အလန်းစား အမိုက်စား နည်းပညာ Gadgets အသစ်အသစ်တွေက တစ်ရက်ထက်တစ်ရက် ပိုထွက်လာနေပါတယ်။ နည်းပညာ Gadgets လေးတွေက ကွီးတို့ရဲ့ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေသလို အထာကျကျနဲ့ သုံးလို့ရမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ စမတ်ဖုန်းတွေနဲ့ တွဲသုံးရတဲ့ အလန်းတကာ့ အလန်းဆုံး Gadgets မိုက်မိုက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) inCharge 6

inCharge 6

Photo : G for Gadgets

inCharge 6 ဆိုတာတော့ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်အသုံးပြုရတဲ့ တော်တော်လေးကို အထာကျတဲ့ Cable ကြိုးတစ်ခုပါ။ USB အမျိုးအစား အမျိုးမျိုးကို ချိတ်ဆက်နိုင်တဲ့ 6 in 1 ကြိုးတစ်ခု ဖြစ်ပါတယ်။ အတိအကျ ပြောရမယ်ဆိုရင် inCharge 6 ဟာ USB ၊ Type C ၊ Lightning နဲ့ Micro USB ချိတ်ဆက်မှုတွေကို Support ပေးပါတယ်။ ကြိုးတစ်ချောင်းတည်းနဲ့ မတူညီတဲ့ Devices အများကြီးကို ချိတ်ဆက် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

(၂) Adonit Snap 2 Stylus

Adonit Snap 2 Stylus

Photo : G for Gadgets

ဒီကောင်လေးကတော့ iPhone Users တွေအတွက် အထာကျပြီး တော်တော်လေး လန်းတဲ့ Gadget တစ်ခုပါ။ ပြောရရင် iPhone ကင်မရာတွေကို ပိုမိုလွယ်ကူစွာ ထိန်းချုပ်စေခိုင်းနိုင်မယ့် Shutter Remote ဖြစ်ပါတယ်။ Bluetooth နဲ့ ချိတ်ဆက် အသုံးပြုရမှာ ဖြစ်ပါတယ်။ Triple Burst Mode မှာ ခလုတ် ၃ ချက် ဆက်တိုက်နှိပ်ရုံနဲ့ ဓာတ်ပုံတွေကို အလွယ်တကူရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဆယ်လ်ဖီရိုက်တဲ့အခါ ဒါမှမဟုတ် ဓာတ်ပုံရိုက်ပေးမယ့်သူမလိုပဲ ဘော်ဒါတွေနဲ့ အဖွဲ့လိုက်ဓာတ်ပုံ ရိုက်ကူးတဲ့အခါတွေမှာ Adonit Snap 2 Stylus လေးကို ခလုတ်နှိပ်လိုက်ရုံနဲ့ အမိုက်စားပုံတွေ အလွယ်တကူရိုက်နိုင်မှာ ဖြစ်ပါတယ်။ iPhone တစ်ခုတည်းတင်မဟုတ်ပဲ ဒီ Stylus ဟာ Android ဖုန်းတွေနဲ့လည်း အလုပ်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဓာတ်ပုံရိုက်ကူးတာတွေတင် မကပါဘူး ပုံဆွဲတာ ၊ Doodle ဆွဲတာနဲ့ ဖုန်းပေါ်မှာ စာရေးတာတွေအထိ လုပ်နိုင်ပါတယ်။

(၃) Fingertip 800x Zoom Microscope

Fingertip 800x Zoom Microscope Photo : G for Gadgets

Fingertip Microscope ကတော့ စမတ်ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် ကမ္ဘာ့အသေးဆုံး အဏုကြည့် ကိရိယာတွေထဲကတစ်ခု ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ Smartphone Lens လို့ထင်ရပေမယ့် ဒီကောင်လေးရဲ့ အဓိက Feature က အဆ 800 Zoom Microscope ဖြစ်ပါတယ်။

Portable Microscope အနေနဲ့ အသုံးပြုနိုင်ပြီး သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့အမှုန်အမွှားလေးတွေကိုပင် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Science စိတ်ဝင်စားတဲ့ ကွီးတို့ကတော့ Fingertip 800x Zoom Microscope နဲ့ လျှောက်ကလိနိုင်မှာ ဖြစ်ပါတယ်။

(၄) Prima 1080P Pocket Projector

Prima 1080P Pocket Projector

Photo : G for Gadgets

အရွယ်အစား ခပ်သေးသေးကျစ်ကျစ်နဲ့ နေရာမရွေး အလွယ်တကူ သယ်ဆောင်သွားလို့ရတဲ့ အိတ်ဆောင် Projector လေးတစ်လုံး ဖြစ်ပါတယ်။ ဒီကောင်လေးက လက်မ ၂၀၀ အထိ မျက်နှာပြင်ကို ပုံဖော်ပေးနိုင်ပြီး HD ရုပ်ထွက် ကွာလတီကို ပေးပါတယ်။

DLP နည်းပညာကို အသုံးပြုထားတဲ့အတွက် အလင်းရောင်နည်းတဲ့ အချိန်တွေမှာပင် ကြည်လင်ပြတ်သားတဲ့ ရုပ်ပုံတွေကို ပုံဖော်ပေးနိုင်ပြီး ရုပ်ရှင်တစ်ကားစာ ၃ နာရီခန့် ဘက်ထရီသက်တမ်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၅) Ampulla MiniS Bluetooth Speaker

Ampulla MiniS Bluetooth Speakers

Photo : G for Gadgets

ဒီကောင်လေးက သေးသေးလေးနဲ့ အထာကျတဲ့ Bluetooth Speaker တစ်လုံးပါ။ စက်ဘီးမှာတပ်ပြီး သုံးလို့ရသလို ပြေးတဲ့အခါမှာလည်း အသုံးပြုလို့ရအောင် သူတို့မှာ လက်ပတ်တွေ ပါပါတယ်။ ဆိုတော့ အားကစားသမားတွေ အကြိုက်ပါပဲ။ နောက်ပြီး သံလိုက်ပါတဲ့အတွက် ရေခဲသေတ္တာ ဒါမှမဟုတ် သံထည်တွေမှာလည်း ကပ်ထားနိုင်ပါတယ်။

အရွယ်အစားသေးငယ်လို့ ဘယ်နေရာမဆို အလွယ်တကူ သယ်ဆောင်သွားလို့ရပြီး ဆိုဒ်သေးလို့ ဘက်ထရီပိုင်းကိုလည်း အထင်တော့ မသေးစေချင်ပါဘူး။ Ampulla MiniS Bluetooth Speaker လေးက ၈ နာရီဝန်းကျင်အထိ သီချင်းဆက်တိုက် ဖွင့်ထားနိုင်မှာ ဖြစ်ပါတယ်။ အားပြန်သွင်းဖို့ကြာချိန်ကလည်း မိနစ် ၅၀ ဝန်းကျင်ပဲ ကြာပါတယ်။ အသံထွက် ကွာလတီပိုင်းကလည်း တော်တော်လေးမိုက်သလို Built-in Microphone လည်းပါပါတယ်။

Featured Photo : G for Gadgets