Realme ကနေ C-series ရဲ့နောက်ဆုံးထွက် မျိုးဆက်သစ် စမတ်ဖုန်း Realme C67 5G ကို ကြေညာလိုက်ပါတယ်။ အဆိုပါ ဈေးနှုန်းသင့်တင့် စွမ်းဆောင်ရည်မြင့်တဲ့ အလယ်လတ်တန်းစားဖုန်းမှာ MediaTek ရဲ့ Dimensity 6100+ Chipset မောင်းနှင်ထားပြီး 50MP Main ကင်မရာ ၊ 33W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီ ပါဝင်ပါတယ်။

Realme C67 5G

Photo : GSMArena.com

Realme C67 5G ဖုန်းမှာ ၆.၇၂ လက်မ IPS LCD တပ်ဆင်ပေးထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက်မှာ 8MP ဆယ်လ်ဖီ ကင်မရာ ထည့်သွင်းထားတဲ့ Punch Hole Cutout တစ်ခုပါဝင်ပြီး Displays System အချက်အလက်တွေနဲ့ Notifications တွေကို ဖော်ပြပေးမယ့် Realme ရဲ့ Mini Capsule 2.0 လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။

ကျောဘက်မှာတော့ f/1.8 Aperture နဲ့ 4-in-1 Pixel Binning ပါရှိတဲ့ 50MP Main ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ 50MP Main ကင်မရာနဲ့အတူ 2MP Portrait Module ကင်မရာ ၁ လုံးကိုပါ တွဲဖက်တပ်ဆင်ထားပါတယ်။ Realme C67 5G မှာ Android 13 အခြေပြု Realme UI 4.0 ကို အသုံးပြုထားပြီး ဖုန်ဒဏ်ရေဒဏ်ခံ IP54 လုပ်ဆောင်ချက် ၊ Power Button ထဲမြုပ်နှံထားတဲ့ Side-Mounted Fingerprint Scanner နဲ့ 3.5mm နားကြပ်ပေါက် စတာတွေလည်း ပါရှိပါတယ်။

Realme C67 5G

Photo : Times Now

Realme C67 5G ကို Sunny Oasis နဲ့ Dark Purple ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်စရာ ပေးထားပြီး ဈေးနှုန်းတွေ အနေနဲ့ 4/128GB ဗားရှင်းကတော့ ရူပီး ၁၃,၉၉၉ (ဒေါ်လာ ၁၆၉) ခန့် ကျသင့်မှာဖြစ်ပြီး 6/128GB ဗားရှင်းကတော့ ရူပီး ၁၄,၉၉၉ (ဒေါ်လာ ၁၈၀) ခန့်ကျသင့်မှာ ဖြစ်ပါတယ်။ Realme C67 5G ဖုန်းကို လာမယ့် ဒီဇင်ဘာ ၂၀ ရက် နေ့ကနေစတင်ပြီး အိန္ဒိယနိုင်ငံမှာ တရားဝင်ဖြန့်ချီသွားမှာဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့မှာတော့ အစောပိုင်းရောင်းချမှုအနေနဲ့ ရူပီး ၂၀၀၀ အထိ လျော့ဈေးရရှိမှာ ဖြစ်ပါတယ်။

Featured Photo : GSMArena.com