Relationship တစ်ခုဆိုတာ လူနှစ်ဦး ချစ်ခြင်းမေတ္တာကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်ပါတယ်။ Relationship တိုင်းကတော့ အကုန်လုံး လိုက်ဖက်ညီပြီး အဆင်ပြေနေတာမျိုး မဟုတ်ပါဘူး။ လူနှစ်ဦးဖြစ်တဲ့အတွက် မတူညီတဲ့အချက်တွေ၊ သဘောထားကွဲလွဲမှုတွေ၊ စရိုက်လက္ခဏာ ကွဲပြားမှုတွေ ရှိနေမှာပါ။ တစ်ကယ်လို့ ကွီးတို့နဲ့ အကြိုက်လည်းတူ၊ အကျင့်စရိုက်လည်းတူတဲ့ ချစ်သူမျိုး ရထားပြီး အတွဲညီညီ ဘဝကို ဖြတ်သန်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ရဲ့ မွေးဖွားရာ နက္ခတ်ဗေဒင်ရာသီခွင်များအလိုက် အကျင့်စရိုက်များကို သိရှိနိုင်ပြီး ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ လိုက်ဖက်မှုရှိမရှိဆိုတာ အကြမ်းဖျင်းလေ့လာလို့ ရနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နက္ခတ်ဗေဒင်ရာသီခွင်များအလိုက် အလိုက်ဖက်ဆုံး လို့ သတ်မှတ်နိုင်တဲ့ ထိပ်တန်း ရာသီခွင် များကို ဝေမျှပေးလိုက်ပါတယ်။

Cancer and Libra

အလိုက်ဖက်ဆုံး

Photo : Prakash Astrologer

ပထမဆုံးဖော်ပြပေးချင်တဲ့ ရာသီခွင်နှစ်ခုကတော့  Cancer နဲ့ Libra ပဲဖြစ်ပါတယ်။ ဒီ ရာသီခွင်နှစ်ခုက အလိုက်ဖက်ဆုံးသော စုံတွဲအဖြစ်သတ်မှတ်ပြီး Soulmates တွေ ဖြစ်တယ်လို့ဆိုပါတယ်။ Libra များက တည်ငြိမ်မှုနဲ့ စိတ်ကူးယဉ်ဆန်မှုကို ရောစပ်ထားပြီး Cancer တွေကတော့ Sensitive ဖြစ်ပြီး စိတ်ခံစားမှု ပြင်းထန်ပါတယ်။ ဒီလို မတူညီတဲ့ ရာသီခွင်နှစ်ခု ပေါင်းစပ်လိုက်တဲ့အခါ ခိုင်မာသော ဆက်ဆံရေး ဖြစ်လာနိုင်ပါတယ်။ သူ့တို့မှာ တူညီတဲ့ အချက်အချို့လည်းရှိတာကြောင့် ကောင်းစွာ ဟန်ချက်ညီညီ ဘဝကို ဖြတ်သန်းနိုင်တယ်လို့ ဆိုပါတယ်။

Aries and Gemini

အလိုက်ဖက်ဆုံး

Photo : Betterhalf.ai

ရာသီခွင်တွေထဲမှာ ပထမဆုံးရာသီခွင်ဖြစ်တဲ့ Aries နဲ့ တတိယမြောက် ရာသီခွင်ဖြစ်တဲ့ Gemini တို့ကလည်း အလိုက်ဖက်ဆုံး စုံတွဲထဲမှာ ပါဝင်ပါတယ်။ သူတို့မှာ တူညီတဲ့ စရိုက်လက္ခဏာတွေရှိသော်လည်း တချို့အရာတွေမှာတော့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဒီရာသီခွင် နှစ်ခုလုံးက အတွေ့အကြုံသစ်များကို နှိုက်နှိုက်ချွတ်ချွတ်ခံစားကြပြီး စိတ်လှုပ်ရှားဖွယ်ရာများကို အတူတကွလုပ်ဆောင်ခြင်းကို နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် အတွဲညီညီ လက်တွဲနိုင်တယ်လို့ဆိုပါတယ်။

Leo and Sagittarius

အလိုက်ဖက်ဆုံး

Photo : Betterhalf.ai

Leo နဲ့ Sagittarius စုံတွဲကတော့ တစ်ယောက်နဲ့ တစ်ယောက် အကောင်းဆုံးဗားရှင်းဖြစ်အောင် လှုံ့ဆော်မှုပေးနိုင်ပြီး လေးလေးနက်နက် ချစ်ကြတဲ့ လိုက်ဖက်တဲ့ ရာသီခွင်နှစ်ခုလို့ ပြောလို့ရပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ တစ်ခါတစ်ရံမှာ ထိပ်တိုက်တွေ့နိုင်တဲ့ ခိုင်မာတဲ့ကိုယ်ရည်ကိုယ်သွေးတွေရှိပေမယ့် အဲဒါက သူတို့ကို ပိုသန်မာစေပါတယ်။

Taurus and Virgo

Photo : Betterhalf.ai

ဒီ ရာသီခွင်နှစ်ခုစလုံးက သူတို့ရဲ့ဘဝမှာ ခိုင်မာတဲ့ ဦးတည်ချက်တွေ ရှိကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက် ပန်းတိုင်ကို သေသေချာချာသိကြပြီး ထိုပန်းတိုင်ရောက်ဖို့လည်း မဆုတ်မနစ်ကြိုးစားကြတဲ့ ရာသီခွင်တွေပဲ ဖြစ်ပါတယ်။ ဒီလို တူညီတဲ့ စရိုက်လက္ခဏာတွေ ရှိခြင်းက ၎င်းတို့အချင်းချင်း ပိုမိုနီးစပ် နားလည်စေပြီး လိုက်ဖက်ညီစေပါတယ်။

Aquarius and Capricorn

Photo : Betterhalf.ai

ဒီရာသီခွင်နှစ်ခုလုံးက လက်တွဲဖော်များအဖြစ် အချစ်ရေးတွင် သဟဇာတဖြစ်ကြပြီး စံပြမိတ်ဖက်များအဖြစ် သတ်မှတ်နိုင်ပါတယ်။ ၎င်းတို့ နှစ်ဦးစလုံးမှာ အံ့သြစရာကောင်းတဲ့ စိတ်ကူးစိတ်သန်းတွေရှိကြပြီး ဘယ်အရာကိုမဆို အတူတကွ အောင်မြင်‌အောင် လုပ်ကိုင်နိုင်ကြပါတယ်။ ၎င်းတို့သည် တူညီသောယုံကြည်ချက်များနှင့် တန်ဖိုးများကို မျှဝေကြပြီး ၎င်းတို့ရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေပါတယ်။

ဒီလို စုံတွဲတွေကို ရာသီခွင်အလိုက် အလိုက်ဖက်ဆုံးလို့ သတ်မှတ်ကြပါတယ်။ မည်သို့ပင် ဆိုစေကာမူ Relationship တစ်ခုမှာ အရေးအကြီးဆုံးက ချစ်ခြင်းမေတ္တာအပြင် အပြန်အလှန်နားလည်မှု ထားရှိရင် ခိုင်မြဲပျော်ရွှင်သော  Relationship ကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။

Source : E Times

Featured Photo : Viral Bake