ကိုယ့်ရဲ့ အလုပ်ခန်းသည် သက်သောင့်သက်သာရှိပြီး တစ်ချိန်တည်းမှာပဲ စမတ်ကျကျ ဒီဇိုင်းလေးဖြစ်ဖို့ လိုပါတယ်။ သက်သောင့်သက်သာရှိမှသာလျှင် အလုပ်လုပ်ရတာ အဆင်ပြေမှာဖြစ်ပြီး စမတ်ကျတဲ့အသွင်အပြင်ကတော့ အွန်လိုင်းမီတင်တွေ ပြုလုပ်ရတဲ့အခါ အထာကျစေမှာပဲဖြစ်ပါတယ်။ ဒါဆိုရင် ကွီး တို့ရဲ့ အလုပ်ခန်း ကို ပိုမိုအသက်ဝင်လာပြီး အလုပ်လုပ်ချင်စိတ် တဖွားဖွားပေါ်လာအောင် ကူညီပေးမယ့် DIY နည်းလမ်းကောင်းလေးတွေရှိပါတယ်။
ကွီးတို့ရဲ့ အလုပ်ခန်း ကို အမိုက်စားဒီဇိုင်းလေးဖြစ်သွားအောင် ကူညီပေးမယ့် DIY နည်းလမ်းကောင်းများကတော့ …
သဘာဝအလှအပကို မြတ်နိုးသူများအတွက်
Indoor အပင်ငယ်များကို နံရံပေါ်မှာ ချိတ်ဆွဲထားတာပဲဖြစ်ဖြစ် (သို့မဟုတ်) အပင်ငယ်လေးတွေကို အလုပ်စားပွဲ ထောင့်တစ်နေရာမှာ တင်ထားခြင်းအားဖြင့် အလှဆင်ထားနိုင်ပါတယ်။ ဒီလိုအလှဆင်ထားခြင်းအားဖြင့် ကွန်ပျူတာကြည့်ပြီး မျက်စိညောင်းနေချိန်မှာ စိမ်းစိမ်းစိုစိုအပင်ငယ်လေးတွေ ကြည့်ရင်း မျက်စိအပန်းဖြေနိုင်ပါတယ်။
နံရံကပ်စာအုပ်စင်များဖြင့် အလှဆင်ပါ
နံရံကပ်စာအုပ်စင်လေးတွေနဲ့ အခုလိုမျိုး ပြင်ဆင်ထားမယ်ဆိုရင် သင့်ရဲ့ အလုပ်ခန်း က ရှင်းရှင်းလင်းလင်းလေးနဲ့ ကြည့်ကောင်းနေမှာဖြစ်ပြီး အသုံးအဝင်ဆုံး DIY နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ နံရံကပ်စင်လေးတွေကို ကွီးတို့ကိုယ်တိုင်ကိုယ်ကျ ဖန်တီးနိုင်သလို အသင့်ပြင်ထားပြီးသား နံရံကပ်စင်လေးတွေကို အသုံးပြုနိုင်ပါတယ်။
သင်ရော သင့်ရဲ့အမျိုးသမီးကပါ အလုပ်လုပ်ရတယ်ဆိုရင် ဒီလိုပြင်ဆင်ပါ
သင် အလုပ်လုပ်တဲ့အချိန်မှာ သင့်ရဲ့ ကလေးတွေကလည်း သင့်ရဲ့ဂရုစိုက်မှုကို လိုချင်တော့ ဘေးနားမှာ တဝဲလည်လည်လာလုပ်ကြမှာပါပဲ။ ဒါဆိုရင်တော့ အခုလိုလေး ပြင်ဆင်ထားပေးလိုက်ပါ။ သင့်ရဲ့ အိမ်နေရာပေါ်လိုက်ပြီး နှစ်ယောက်သားရဲ့အလုပ်ခန်းကို ပြင်ဆင်ရမယ်ဆိုရင်လည်း အခုလို ပြင်ဆင်ထားနိုင်ပါတယ်။
သဘာဝအလင်းရောင်ရရှိအောင် ဖန်တီးပါ
သဘာဝအလင်းရောင်သည် အလုပ်လုပ်လို့အကောင်းဆုံးဖြစ်အောင် ကူညီပေးမယ့်အရာတစ်ခုပါ။ သင့်အနေနဲ့ သင့်အခန်းရဲ့ ပြတင်းပေါက်တည့်တည့်ကနေ အလင်းတိုက်ရိုက်ဝင်မယ့်နေရာမျိုးမှာ သင့် အလုပ်စားပွဲ ကို DIY နည်းလမ်းပေါင်းစုံနဲ့ အလှဆင်နိုင်ပါတယ်။ အခုဖော်ပြပေးထားတဲ့ ဒီဇိုင်းလေးသည်လည်း သင့်ရဲ့အလုပ်ခန်းကို အသက်ဝင်လာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။
Classic ဆန်တဲ့ အလုပ်စားပွဲ
သင့်ရဲ့အလုပ်ခန်းသည် လူငယ်ဆန်တဲ့ ပေါ့ပေ့ါပါးပါး ဒီဇိုင်းမျိုးလား။ ဒါမှမဟုတ် Classic ဆန်တဲ့ ဒီဇိုင်းလေးလားဆိုတာသည် သင့်အခန်းနံရံရဲ့ အရောင်တွေပေါ် ကွဲပြားပြောင်းလဲသွားနိုင်ပါတယ်။ Classic ဆန်တဲ့ ဒီဇိုင်းလေးကို ကြိုက်နှစ်သက်သူများအနေနဲ့ အခုလိုဒီဇိုင်းမျိုးကို ရွေးချယ်နိုင်ပါတယ်။
မော်ဒန်ဆန်ဆန် အလုပ်စားပွဲအပြင်အဆင်
အလုပ်စားပွဲလေးကို မှန်နံရံဖြင့် အခုလိုအလှဆင်ထားပေးနိုင်ပါတယ်။ ဒီလိုအပြင်အဆင်လေးကတော့ မော်ဒယ်ဆန်ဆန်နဲ့ ကြည့်ကောင်းနေစေမှာ အမှန်ပါပဲ။
အခန်းနေရာကျဉ်းတဲ့သူတွေအတွက် အလုပ်စားပွဲ
အိမ်နေရာ ကျဉ်းတဲ့သူတွေအတွက်ကတော့ အခုလိုဒီဇိုင်းလေးနဲ့ ပြင်ဆင်ကာ ကိုယ့်ရဲ့အလုပ်ခန်းကို သက်သောင့်သက်သာနဲ့ စမတ်ကျအောင် ပြင်ဆင်နိုင်ပါတယ်။
Vintage ဆန်ဆန် ပြင်ဆင်မှုပုံစံ
နောက်ဆုံးပေါ် ခုံတွေ မသုံးချင်ဘူး။ ကိုယ့်အိမ်မှာ ရှိပြီးသားပစ္စည်းတွေပဲ ပြန်ပြီး Recycle ပြုလုပ်ကာ အသုံးပြုချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို အသုံးပြုနိုင်ပါတယ်။
Source: Snacknation
Featured Image: Resources.owllabs