သီချင်းလေး တအေးအေး အလုပ်လုပ်ရတာ ကြိုက်တဲ့ ကွီးတွေ ရှိပါသလား ? အလုပ်လုပ်နေရင်း သီချင်းလေးတွေ ဖွင့်ထားရတာဟာ စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပြီး အလုပ်အပေါ် အာရုံစူးစိုက်မှု ပိုရှိစေတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။ မှန်ပါတယ် သာယာငြိမ့်ငြောင်းတဲ့ တေးသီချင်းတွေက ကွီးတို့ရဲ့ စိတ်ကို အေးချမ်းတည်ငြိမ်စေပြီး ပျော်ရွှင်စေတဲ့ စိတ်ခံစားချက်တွေကို တွန်းအားဖြစ်စေသလို တက် တက်ကြွကြွနဲ့ အလုပ်လုပ်ရာမှာ Productive ပိုဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အလုပ်လုပ်နေချိန်မှာ နားထောင်လို့ကောင်းတဲ့ သီချင်း ခပ်မိုက်မိုက်လေးတွေကို ဝေမျှပေးသွားချင်ပါတယ်။

Levitating – Dua Lipa Featuring DaBaby

Source : Dua Lipa

Dua Lipa ရဲ့ မြူးမြူးကြွကြွ သီချင်းလေးနဲ့ပဲ စလိုက်ရအောင်ပါ။ Levitating သီချင်း လေးကတော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုပဲ အားလုံးလည်း နားထောင်ဖူးပြီးသား ၊ နှစ်ခြိုက်ပြီးသား သီချင်းကောင်းတစ်ပုဒ် ဖြစ်မယ်ထင်ပါတယ်။ ကွီးတို့ ပြန်လည်ခံစားနားဆင် ကြည့်လိုက်ပါဦး။

Sweater Weather – The Neighbourhood

Source : The Neighbourhood

အမေရိကန် နာမည်ကြီး Alternative Rock Band တွေထဲက တစ်ခုဖြစ်တဲ့ The Neighbourhood ရဲ့ သီချင်းကောင်းလေးပါ။ Sweater Weather သီချင်းလေး ထွက်ရှိခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ကြာသွားပြီ ဖြစ်ပေမယ့် ဒီနေ့အချိန်အထိတော့ လူကြိုက်များနေဆဲပါ။ ကွီးတို့ အလုပ်လုပ်နေချိန်မှာ ဖွင့်ထားမယ်ဆိုရင် လုံးဝရှယ်ပါပဲ။

Vampire – Olivia Rodrigo

Source : Olivia Rodrigo

လန်ဒန်သားနောက်ပါသွားပြီး ယောကျာ်းထုကြီးကို အသည်းခွဲခဲ့တဲ့ အိုလစ်ဗျာရဲ့ သီချင်း လေးတစ်ပုဒ်ကိုလည်း ရင်နာနာနဲ့ ထည့်ပေးလိုက်ပါတယ်။ Vampire သီချင်းလေးကတော့ Olivia Rodrigo ရဲ့ နာမည်ကြီး လူကြိုက်အများဆုံး သီချင်းကောင်းတွေထဲက တစ်ပုဒ်ပါပဲ။ အလုပ်လုပ်ရင်း အဖီးမုအွန် ချင်သူတွေ ဒီသီချင်းလေးသာ နားဆင်လိုက်ပါ။

I Ain’t Worried – OneRepublic

Source : OneRepublic

OneRepublic ရဲ့ I Ain’t Worried သီချင်းလေးကလည်း ကွီးတို့ အလုပ်လုပ်နေရင်း နားထောင်လို့ လုံးဝကောင်းမယ့် သီချင်း ကောင်းလေးတစ်ပုဒ်ပါပဲ။ ဖြစ်လာမယ့်အရာတွေအတွက် လက်ရှိမှာ ဘာကိုမှ စိုးရိမ်မနေတော့ပါဘူးဆိုတဲ့ အကြောင်းလေးကို ပေါ့ပေါ့ပါးပါး သီဆိုထားတာပါ။ ခံစားနားဆင် ကြည့်လိုက်ပါဦး။

Light Switch – Charlie Puth

Source : Charlie Puth

Charlie Puth ရဲ့ ခပ်မြူးမြူး သီချင်း လေးတစ်ပုဒ်ဖြစ်တဲ့ Light Switch ကိုလည်း ဒီ Playlist ထဲမှာထည့်ပေးလိုက်ပါတယ်။ ရှော်တီလေးရဲ့ ခါးသပ်သပ် အချစ်နွံထဲကနေ ရုန်းထွက်ရခက်နေတဲ့ ကောင်းလေးတစ်ယောက်အကြောင်း သီဆိုထားတာပါ။ ပေါ့ပေါ့ပါးပါးနဲ့ မြူးမြူးလေး နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

New Romantics – Taylor Swift

Source : Taylor Swift

Taylor Swift ရဲ့ New Romantics သီချင်းလေးကတော့ ကွီးတို့ကို စိတ်ခွန်အားတွေလည်း အများကြီး ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ သီချင်းထဲမှာပါတဲ့ ” Honey, Life Is Just A Classroom ” ဆိုတဲ့ စာသားလေး အတိုင်းပါပဲ။ လူတိုင်းလူတိုင်း အားလုံးဘဝမှာ သင်ခန်းစာတွေ အများကြီး ရကြရမှာပါ။ ဒါပေမယ့် ထိုင်ကြေကွဲနေလို့ မပြီးပါဘူး။ ရှေ့ဆက်သင့်တာရှေ့ဆက်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်နေလိုက်ရုံပဲ မဟုတ်လား ???

Night Changes – One Direction

Source : One Direction

Night Changes ကတော့ One Direction အဖွဲ့ရဲ့ သီချင်းဟောင်းလေးတစ်ပုဒ်ပါ။ ဒီနေ့အထိကို လူကြိုက်များနေဆဲ ဖြစ်ပါတယ်။ ကွီးတို့ အလုပ်လုပ်နေတဲ့အချိန်တွေမှာ ခံစားနားဆင်လို့ကောင်းတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ဆိုလည်း မမှားနိုင်ပါဘူး။

Pump It – The Black Eyed Peas

Source : Black Eyed Peas

Black Eyed Peas ရဲ့ ရှယ်မိုက်တဲ့ Pump It သီချင်းလေးကတော့ ထွက်ခဲ့တာ ၁၅ နှစ်ဝန်းကျင် ရှိသွားပြီဖြစ်တာကြောင့် သိတဲ့သူတွေလည်း သိသလို ၊ မသိသေးတဲ့သူတွေလည်း ခံစားနားဆင်လို့ ရအောင် ဒီ Playlist ထဲမှာ ထည့်ပေးလိုက်ပါတယ်။

Say Yes to Heaven – Lana Del Rey

Source : Lana Del Rey

Lana Del Rey ရဲ့ Say Yes to Heaven သီချင်း လေးကိုလည်း ကွီးတို့ သေချာပေါက် အကြိုက်တွေ့စေမယ်လို့ မျှော်လင့်ပါတယ်။ Lana Del Rey ရဲ့ ညို့ငင်အားပြင်းတဲ့ အသံပါဝါနဲ့ ဒီသီချင်လေးကတော့ ကွီးတို့ရဲ့ စိတ်အာရုံတွေ အားလုံးကို ဆွဲငင်ဖမ်းစားသွားမှာ အသေအချာပါပဲ။

Set Fire To The Rain – Adele

Source : Adele

နောက်ဆုံးတစ်ပုဒ်ကိုတော့ Adele ရဲ့ Set Fire To The Rain သီချင်းနဲ့ ပိတ်လိုက်ပါမယ်။ ဒီသီချင်းက အများကြီး ပြောစရာမလိုအောင် ကွီးတို့ သေချာပေါက် နားရည်ဝနေမယ့် သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

ကွီးတို့ရော အလုပ်လုပ် နေတဲ့အချိန် ဘယ် သီချင်း တွေ နားထောင်ဖြစ်ပါသလဲ ???

Source : Inc. Magazine

Featured Photo : Medium