အလုပ် ကိစ္စနဲ့ ခရီးသွား ရတဲ့အခါ ကိုယ့်ရဲ့ ခရီးဆောင်အိတ် ကို သေသေချာချာ ထုပ်ပိုးပြင်ဆင်ကာ ယူဆောင်သွားသင့်ပါတယ်။ မလိုအပ်တဲ့ ပစ္စည်းများ ထည့်ကာ အလေးခံပြီးလည်း သယ်သွားစရာမလိုပါဘူး။ ကိုယ့်ရဲ့ ခရီးဆောင်အိတ်သည် လိုအပ်တဲ့ပစ္စည်းများနှင့်သာ ကျစ်ကျစ်လှစ်လှစ်လေး ဖြစ်နေသင့်ပါတယ်။

အခုမှ ပထမဦးဆုံးအကြိမ် အလုပ် ကိစ္စနဲ့ ခရီးသွား ရမယ့် ကွီးတို့အတွက် ကိုယ့်ရဲ့ ခရီးဆောင်အိတ် ထဲမှာ ဘယ်လိုပစ္စည်းတွေကို ဘယ်လိုပြင်ဆင်ထုပ်ပိုးသင့်သလဲဆိုတာ ဝေမျှပေးသွားချင်ပါတယ်။

Laptop နှင့် အားသွင်းကြိုးများ သေချာစစ်ပါ

အလုပ် ခရီးသွား ခရီးဆောင်အိတ်

အလုပ်ကိစ္စလို့ပြောကတည်းက Laptop ဆိုတာကတော့ မပါမဖြစ်ပါဘဲ။ Laptop ချည်းပဲ ပါသွားပြီး အားသွင်းကြိုး မပါသွားတဲ့အခါမှာလည်း ပြဿနာတက်သွားနိုင်ပါတယ်။ ကိုယ့်အားသွင်းကြိုးက ထိုနေရာမှာ အလွယ်တကူ ဝယ်ယူနိုင်ရင်တော့ ကိစ္စမရှိပေမယ့် အလွယ်တကူမဝယ်နိုင်တဲ့ နေရာမျိုး (သို့) ဈေးကြီးလွန်းတဲ့ အားသွင်းကြိုးမျိုးဆိုရင်တော့ အိမ်ကမထွက်ခင်မှာ သေသေချာချာစစ်သွားဖို့တော့ လိုပါလိမ့်မယ်။

အဝတ်အစားများကို လိပ်ပြီး ထည့်ပါ

အလုပ် ခရီးသွား ခရီးဆောင်အိတ်

Photo: Insider

အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့အခါ ကိုယ့်ရဲ့ ခရီးဆောင်အိတ်ထဲသို့ အဝတ်အစားများများစားစား ထည့်ချင်တယ်ဆိုရင်တော့ ကိုယ် ထည့်မယ့် အဝတ်အစားများကို လိပ်ပြီး ထည့်လိုက်ပါ။ လိပ်ပြီးထည့်တဲ့အခါ နေရာသိပ်မယူတော့ဘဲ အဝတ်အစားအများအပြား ဆံ့ပါတယ်။

စာရွက်စာတမ်းများ မမေ့ပါစေနဲ့

အလုပ် ခရီးသွား ခရီးဆောင်အိတ်

ကိုယ့်နိုင်ငံတွင်းမှာပဲ တစ်မြို့ကနေ အခြားတစ်မြို့သို့ သွားရမှာလား (သို့) နိုင်ငံခြား အလုပ်ခရီးစဉ်လား။ ဘယ်ခရီးစဉ်ပဲဖြစ်ဖြစ် လိုအပ်တဲ့ စာရွက်စာတမ်းများကိုတော့ မပါမဖြစ် ထည့်သွားရမှာဖြစ်ပါတယ်။ ထိုစာရွက်စာတမ်းများလည်း မကျန်ခဲ့အောင် သေချာစစ်ပါ။

မိမိသွားလာရမယ့် နေရာ၊ ပွဲအခမ်းအနားများနှင့် လိုက်ဖက်အောင် အဝတ်အစားများ သေချာရွေးချယ်သွားပါ

business trip for kwee

ကြီးကျယ်ခမ်းနားတဲ့ အစည်းအဝေးမျိုး တက်ရမှာလား (သို့) ပါတီအခမ်းအနားတွေ တက်ရမှာလား။ ကိုယ့်ရဲ့ Agenda ကို သေချာသိထားဖို့လိုပါလိမ့်မယ်။ ကိုယ်သွားမယ့်နေရာနဲ့ လိုက်ဖက်တဲ့ အဝတ်အစားများကို အိမ်မှာ သေသေချာချာရွေးချယ်ကြည့်သွားပါ။

ဖိနပ်အပိုတစ်ရံဆောင်သွားပါ

business trip for kwee

သင့်ရဲ့ဖိနပ်သည် ဘယ်အချိန်မှာ ပြတ်မလဲဆိုတာ မသိနိုင်ပါဘူး။ ဖိနပ်အသစ်တစ်ရံ ထပ်ဝယ်ဖို့ အချိန်မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ခရီးသွားတိုင်းမှာ ဖိနပ်အပိုတစ်ရံဆောင်သွားလိုက်ပါ။

အောက်ခံဘောင်းဘီ ၃ စုံ၊ ခြေအိတ် ၃ စုံ ထည့်သွားပါ

business trip for kwee

ဒီအဝတ်အထည်တွေကတော့ အရေးအကြီးဆုံးလို့ ပြောလို့ရပါတယ်။ သင့်ရဲ့ Private Area ရဲ့ ကျန်းမာရေးသည် အရေးကြီးတဲ့အတွက်ကြောင့် ကိုယ် ထိုခရီးစဉ်မှာ နေရမယ့်ရက်အလိုက် ထည့်သွားရင်တော့ အကောင်းဆုံးပါပဲ။

သွားတိုက်ဆေး၊ သွားပွတ်တံနှင့် အခြားတစ်ကိုယ်ရည်သုံးပစ္စည်းများ ထည့်သွားပါ

အလုပ် ခရီးသွား ခရီးဆောင်အိတ်

Photo: CNN

သွားတိုက်တံ အသစ် ယူသွားတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ သုံးနေကျ သွားတိုက်တံအဟောင်းကိုပဲ သေချာထုပ်ပိုးကာ ထည့်သွားတာပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။ အခြားသော တစ်ကိုယ်ရည်သုံးပစ္စည်းတွေဖြစ်တဲ့ မျက်နှာသစ်ဆေး၊ ခရီးဆောင် ရေချိုးဆပ်ပြာ စသည်တို့ကိုလည်း အနည်းငယ် ထည့်သွားသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကွီးတို့လည်း အလုပ် ကိစ္စနဲ့ ခရီးသွား ရတဲ့အခါ ကိုယ့်ရဲ့ ခရီးဆောင်အိတ် ကို အထာကျကျ ထည့်သွားနိုင်ပြီပဲဖြစ်ပါတယ်။

Source: Blog.tortugabackpacks

Featured Image: Travel.earth