သပ်သပ်ရပ်ရပ်နဲ့ အစီအစဉ်တကျရှိတဲ့ ရုံးခန်း စားပွဲ က ကွီးတို့ကို အလုပ် တွေပိုပြီးစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အလုပ် စားပွဲ မှာထားတဲ့ ပစ္စည်းလေးတွေကလည်း ကိုယ့်ရဲ့ ပုံစံနဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ညွှန်းပြသနေတာ ဖြစ်ပါတယ်။  ရုံးခန်း ဒါမှမဟုတ် အလုပ်စားပွဲ ပေါ်မှာ မှန်ကန်တဲ့ ပစ္စည်း လေးတွေ ထားတာကနေ ကွီးတို့အတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ကဲဒါဆို ကိုယ့်ရဲ့အလုပ် စားပွဲ ပေါ်မှာ ဘယ်လို ပစ္စည်း လေးတွေ ထားသင့်တယ်ဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) Note စာရွက်


Photo : PxHere

မှတ်စုနဲ့ လုပ်စရာစာရင်းတွေကို ရေးမှတ်နိုင်ဖို့ဆိုရင် မှတ်စုစာအုပ် ဒါမှမဟုတ် Note စာရွက်လေးတွေ ဆောင်ထားသင့်ပါတယ်။ ဒီနေ့ခေတ်မှာ မှတ်စုနဲ့ အချို့အချက်အလက်တွေ မှတ်ဖို့အတွက် ဖုန်း၊ ကွန်ပြူတာတွေ သုံးလာကြပေမယ့် လိုရင်းတိုရှင်း ခပ်မြန်မြန်လိုက်မှတ်ဖို့ဆိုရင် Note စာရွက်မှာချရေးတာက ပိုအဆင်ပြေပါတယ်။ Note Pad စာရွက်လေးတွေအသုံးပြုတဲ့အခါ သယ်ဆောင်ရ ပိုလွယ်ကူစေပြီးတော့ စာရိုက်ရတာထက်လည်း အာရုံထွေပြားမှု နည်းစေပါတယ်။

(၂) Headphone (သို့) Earphone တစ်စုံ


Photo : Headphonesty

အလုပ် လုပ်ရင်း သီချင်းနားထောင်တာ ၊ You Tube ကြည့်တာ ဒါမှမဟုတ် Video Call နဲ့ အစည်းအဝေးလုပ်တာတွေ လုပ်ဖို့ဆိုရင် အရည် အသွေးကောင်း နားကြပ်တစုံလည်း လိုအပ်ပါတယ်။ အလုပ်မှာ နားကျပ်တွေကို အသုံးပြုတာက ဘေးကဆူညံသံတွေကို လျော့သွားစေသလို တပ်ထားတဲ့အချိန် အလုပ်အပေါ် အာရုံစိုက်နိုင်ပြီး Zoom Meeting နဲ့ Online Seminar တွေမှာဆိုရင် သီးသန့်နားထောင်လို့လည်း အဆင်ပြေပါတယ်။ ဒါ့ကြောင့် အလုပ်ပိုတွင်ဖို့ အလုပ်စားပွဲမှာ နားကျပ်ကောင်းကောင်းတစ်စုံလည်း ဆောင်ထားသင့်ပါတယ်။

(၃) ကော်ဖီခွက်

Photo : The Tarna Align Resort

အလုပ်မှာ လန်းဆန်းစေဖို့ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်သောက်ဖို့ဆိုရင် ကိုယ်ပိုင်ဖန်ခွက်လေးတစ်ခွက် အလုပ်စားပွဲပေါ်မှာ ထားဖို့ လိုအပ်ပါတယ်။ ကိုယ်ကြိုက်တဲ့ ခွက်လေးမှာ ကိုယ့်အလုပ်အတွက် Motivation ရစေတဲ့ ဒါမှမဟုတ် ဟာသဖြစ်စေတဲ့ စကားစုလေးဖြစ်ဖြစ်၊ သဘောကျတဲ့ တိရစ္ဆာန်ပုံလေးဖြစ်ဖြစ် ထားလို့ ရပါတယ်။ ဒါမှမဟုတ် ကိုယ့်နာမည် အတိုကောက်ရေးတာ၊ မိသားစု ၊ ချစ်သူ ဓာတ်ပုံလေးနဲ့ Customized လုပ်ထားတဲ့ ထူးခြားတဲ့ ကော်ဖီခွက်လေးတစ်ခွက် ဖန်တီးတာကလည်း အလုပ်စားပွဲကို ပရော်ဖက်ရှင်နယ် ကျစေမှာပါ။

(၄) Indoor အပင်လေးတပင်


Photo : CyberCoders

အပင်လေးတွေဟာ အလုပ်စားပွဲပေါ်မှာ စတိုင်ကျစေရုံသာမက လေထုအောက်ဆီဂျင်ဓါတ်ကို မြှင့်တင်ပေးနိုင်သလို ညစ်ညမ်းမှုနဲ့ အမှုန်အမွှားများကို ဖယ်ရှားပေးနိုင်ပါတယ်။ လေအရည်အသွေးကို ကောင်းမွန်စေတဲ့ ရုံးတွင်းစိုက် အပင်တွေထဲမှာဆိုရင် Chinese Evergreens နဲ့ Peace Lily Lily လို ထိန်းသိမ်းရလွယ်ကူပြီး ကောင်းစွာကြီးထွားနိုင်တဲ့ အပင်အမျိုးအစားတွေကို ရွေးချယ်လို့ ရပါတယ်။ ကိုယ့်ရဲ့ အလုပ်စားပွဲပေါ်မှာ အပင်လေးတွေရှိတာက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး တီထွင်ဖန်တီးနိုင်စွမ်းလည်း တိုးစေပါတယ်။

(၅) Recycle ရေဘူး ၁ ဘူး


Photo : HuffPost UK

လုပ်ငန်းခွင်ဝင်ရတဲ့နေ့ရက်တွေမှာ ရေဓာတ်ပြည့်ဝပြီး လန်းဆန်းနေဖို့ဆိုရင် မကြာခဏ ရေသောက်ပေးဖို့ သတိရအောင် အလုပ်စားပွဲပေါ်မှာ ရေဘူး ၁ ဘူးလောက် ထားသင့်ပါတယ်။  ထပ်ခါထပ်ခါ ပြန်အသုံးပြုနိုင်တဲ့ Recycle ရေဘူးမျိုး အသုံးပြုမယ်ဆိုရင် တစ်ခါသုံး ရေသန့်ဘူးအသုံးပြုမှုကို လျှော့စေနိုင်တဲ့အတွက် အမှိုက်ပမာဏကိုလည်း လျှော့ချပေးနိုင်မှာပါ။ အနည်းဆုံး ရေ ပမာဏ ၁၆ အောင်စလောက်ဆန့်တဲ့ ပုလင်းမျိုးသုံးမယ်ဆိုရင်တော့ မကြာခဏပြန်ဖြည့်ရတာမျိုး လုပ်စရာမလိုတော့ပဲ အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။