ကွီးတို့ အလုပ်စားပွဲက ရှုပ်ယှက်ခတ်နေလို့ စိတ်ညစ်နေပါသလား။ ကွီးတို့ အလုပ်စားပွဲက ရှုပ်ယှက်ခတ်နေရင် အလုပ်လုပ်ရတာလည်း စိတ်မပျော်မရွှင် ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ အလုပ် စားပွဲ ကို သပ် သပ် ရပ်ရပ် ဖြစ်သွားဖို့အတွက် အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။​

အလုပ်စားပွဲပေါ်မှာ ဝါယာကြိုးများက ရှုပ်ယှက်ခတ်နေတဲ့အခါ

DIY desk

ဝါယာကြိုးတွေက ကြမ်းပြင်ပေါ်မှာ ကျသွားလို့ တက်နင်းမိပြန်ရင်လည်း အသစ်တစ်ခုက ထပ်ဝယ်ရပါဦးမယ်။ ပိုက်ဆံလည်း မကုန်ချင်ဘူး။ ကွီးတို့ရဲ့ အလုပ်စားပွဲကလည်း ဝါယာကြိုးတွေနဲ့ ရှုပ်ယှက်ခတ် မနေစေချင်ဘူး ဆိုရင်တော့ အခုလိုမျိုး စာရွက်ညှပ်တဲ့ ကလစ်များကို အသုံးပြုလိုက်ပါ။ စာရွက် ညှပ်တဲ့ ကလစ်လေးတွေကို စားပွဲပေါ်မှာ ညှပ်တင်ထားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အားသွင်းကြိုးတွေကိုလည်း တစ်စုတစ်စည်းတည်း စုစည်းထားနိုင်ပါပြီ။​

ဘောပင်နဲ့ ဖုန်းတွေကို ထားစရာ နေရာမရှိရင်

DIY desk

တစ်ခါတစ်လေမှာ ဘောပင်တွေ၊ ဖုန်းတွေကလည်း ကွီးတို့ရဲ့ အလုပ်စားပွဲမှာ မလိုအပ်ဘဲ နေရာယူနေတတ်ကြပါတယ်။ ဒါဆိုရင်တော့ ဘောပင်နဲ့ ဖုန်းထည့်တဲ့ Cup Holder လေးကို အခုလိုလေး ပြင်ထားလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ အလုပ် စားပွဲ က သပ် သပ် ရပ်ရပ်နဲ့ ကြည့်ကောင်းသွားမှာ အသေအချာပါပဲ။​

ခိုင်ခံ့တဲ့ ကတ္ထူပုံးကို အသုံးပြုပါ

အလုပ် စားပွဲ သပ်

ကတ္ထူပုံးတွေကို အသုံးမလိုဘူးဆိုပြီး မလွှင့်ပစ်လိုက်ပါနဲ့။ အခုလိုမျိုး ကွီးတို့ရဲ့ အလုပ်စားပွဲမှာ ပြန်လည် အသုံးတည့်အောင် အသုံးပြုနိုင်ပါတယ်။ ကွီးတို့ရဲ့ ကွန်ပျူတာများ၊ လက်ပ်တော့များကို တင်တဲ့ Stand အဖြစ် အသုံးပြုနိုင်ပါတယ်။

နံရံတွေကို သေချာ အသုံးချပါ

အလုပ် စားပွဲ သပ်

နံရံကပ် စင်တွေကို နံရံပေါ်မှာ ကပ်ထားပြီး မလိုအပ်တဲ့ ပစ္စည်းတွေကို ထိုစင်ပေါ်မှာ တင်ထားလိုက်ပါ။ တစ်ခု သတိထားရမှာကတော့ ထိုနံရံကပ်စင်သည် ကွီးတို့ လက်ပ်တော့ ထားတဲ့ နေရာနဲ့ တည့်တည့် ကျမနေစေဖို့ လိုအပ်ပါတယ်။ မတော်လို့ စင် ပြုတ်ကျသွားတဲ့အခါ ကွီးတို့ရဲ့ လက်ပ်တော့က ပျက်စီးသွားနိုင်လို့ပါပဲ။​

စားပွဲနဲ့ စင်တို့ တွဲထားတဲ့ အလုပ်စားပွဲမျိုး ကိုယ်တိုင် ဖန်တီးလိုက်ပါ

အလုပ် စားပွဲ သပ်

ဒီအလုပ်စားပွဲကကျတော့ 2-in-1 အလုပ်စားပွဲလေးပဲဖြစ်ပါတယ်။ နံရံကပ်စင် နှစ်ဆင့်နဲ့ အလုပ်စားပွဲကို ပေါင်းစပ်ထားတဲ့ အမျိုးအစားလေးပဲဖြစ်ပါတယ်။ စားပွဲမှာ အံဆွဲလေးပါ ထည့်လိုက်မယ်ဆိုရင်တော့ ကွိးတို့ အလုပ်စားပွဲက သပ်သပ်ရပ်ရပ်နဲ့ ရှုပ်ပွနေမှာကို ပူစရာမလိုတော့ပါဘူး။

ကွီးတို့ အလုပ်စားပွဲကိုရော ဘယ်လိုမျိုး နည်းလမ်းများနဲ့ စီစီရီရီ သပ်သပ် ရပ်ရပ် ဖြစ်အောင် ပြုလုပ်နေပါသလဲ။

Source: Snacknation

Featured Image: Pinterest