တချို့လူတွေအတွက်တော့ ရာထူးတိုးခြင်းက လွယ်သလောက် တချို့အတွက်တော့ ခက်ခဲလှပါတယ်။ ဒါသည်လည်း အလုပ်ကံကောင်းခြင်းနဲ့ သက်ဆိုင်ပါလိမ့်မယ်။ အချို့က ဘာရယ်ကြောင့်မှန်းမသိ အလုပ်နဲ့ပတ်သက်လာရင် ကံကောင်းသလောက် အချို့ကလည်း အလုပ်ကံခေတတ်ပါတယ်။ မိမိ အလုပ် မှာ ရာထူးတိုး အောင် ကြိုးစားချင်တဲ့ ကွီး တို့အတွက် နည်းလမ်းကောင်းအချို့ရှိပါတယ်။

အလုပ် ရာထူးတိုး အောင် ကွီး တို့ ကြိုးစားရမယ့် နည်းလမ်းက (၅) ချက်ပါပဲ။ အချို့အရာတွေကိုလည်း ကွီးတို့အားလုံး သိပြီးသားဖြစ်မှာပါ။ (၅) ချက်စလုံးက အရေးကြီးတာကြောင့် လိုက်နာကျင့်သုံးကာ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ပြည့်ဝအောင် ကြိုးစားလိုက်ပါ။

ကိုယ့်မှာ လိုအပ်တဲ့အရည်အချင်းများကို ဖြည့်ပါ

promotion for kwee

စောစောထတဲ့ငှက်က စောစောအစာပိုဝတယ်ဆိုသလိုပဲ စီးပွားရေးလုပ်ငန်း (သို့) ပရော်ဖက်ရှင်နယ် အလုပ်တစ်ခုလုပ်တဲ့အခါမှာလည်း ထိုနည်းအတိုင်းပါပဲ။ သင့်ရဲ့သူဌေးက ဘယ်လိုအရည်အချင်းမျိုးကို လိုက်ရှာနေသလဲဆိုတာကို အရင်လေ့လာပါ။ ကိုယ့်မှာ လိုအပ်တဲ့အားနည်းချက်များ ရှိပါလိမ့်မယ်။ ကိုယ့်ရဲ့အားနည်းချက်များ လိုအပ်တဲ့အရည်အချင်းများကို ဖြည့်တင်းပါ။

တကယ်ဆိုရင် သင် လုပ်ငန်းခွင် မဝင်ခင်၊ အင်တာဗျူး မဖြေခင်ကတည်းက အရင်ကြိုးစားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင် ဝင်ပြီးမှ ရာထူးတိုးစာမေးပွဲထပ်ဖြေရမယ်ဆိုလည်း ရပါသေးတယ်။ သင့်အပေါ်မှာသာ မူတည်တာပါ။

တာဝန်အသစ်များကို ကိုယ့်ကို မခိုင်းခင်ကတည်းက Volunteer အဖြစ် ဝိုင်းကူလုပ်ပါ

promotion for kwee

ဘယ်သူမှ မလုပ်ချင်တဲ့အလုပ်မျိုး ရှိနိုင်ပါတယ်။ ထိုကဲ့သို့ အလုပ်မျိုးကို ကိုယ့်ဘက်က မခိုင်းခင်ကတည်းက Volunteer အဖြစ် လုပ်ဆောင်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့အထက်လူကြီးများ၊ လုပ်ငန်းရှင်က သတိထားမိလာပြီး ကိုယ့်ကို ထိုအလုပ်တာဝန်အသစ်ပေးအပ်လာပါလိမ့်မယ်။ နောက်ဆို လုပ်ငန်းအသစ် တိုးချဲ့မယ်၊ တာဝန်အသစ်ပေးအပ်မယ်ဆိုရင် သင့်ကိုပဲ မြင်ယောင်လာပါလိမ့်မယ်။

ကိုယ့်ရဲ့အလုပ်အပေါ်မှာ စိတ်အားထက်သန်စွာ လုပ်ဆောင်နေမှုကို ပြသတဲ့အခါ ရာထူးတိုးဖို့လည်း လွယ်ကူလာပြီး သင့်ရဲ့အထက်လူကြီးများရဲ့ သတိထားခြင်းကို ခံရလာပါလိမ့်မယ်။ ဒါဆိုရင်တော့ အလုပ်ခွင် မှာ ရာထူးတိုး ချင်တဲ့ ကွီး တို့အတွက် ပိုမိုလွယ်ကူလာပါလိမ့်မယ်။

အသင်းအဖွဲ့စိတ်ဓာတ်ရှိရပါမယ်

promotion for kwee

ကိုယ်သည် ကိုယ့်အသင်းသားများ၊ အဖွဲ့သားများနဲ့ အတူတူတွဲဖက်ကာ အလုပ်ဘယ်လေလာက်ကောင်းကောင်းလုပ်နိုင်သလဲဆိုတဲ့အချက်တွေပေါ် မူတည်ပါတယ်။ ကိုယ်သည် အခြားသောသူများနှင့်အတူတူ တွဲဖက်ကာ အလုပ်ကောင်းကောင်းလုပ်နိုင်မှသာလျှင် ကိုယ့်ကိုပေးအပ်လာတဲ့ တာဝန်များကို အသင်းအဖွဲ့အလိုက် အတူတူလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ယနေ့ခေတ်တွင်လည်း ကုမ္ပဏီတော်တော်များများက အသင်းအဖွဲ့နှင့် အလုပ်လုပ်ဆောင်တတ်သူများကိုသာ လုပ်ငန်းခွင်ထဲမှာ အလုပ်ခန့််ချင်ကြတာပါ။ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းကြသူများနဲ့လည်း ဘယ်သူမှအလုပ်လုပ်ချင်ကြမှာမဟုတ်ပါဘူး။ သင့်ရဲ့လုပ်ငန်းရှင်များသည်လည်း သူ့ရဲ့လုပ်ငန်း ရေရှည်တည်တံ့ရေးအတွက် ပေါင်းသင်းဆက်ဆံရေး မကောင်းသောသူများ၊ အသင်းအဖွဲ့စိတ်ဓာတ်မရှိသောသူများကို ရေရှည်မှာ အလုပ်ခန့်ထားဖို့ကို တော်တော်လေး စဉ်းစားလာကြမှာဖြစ်ပါတယ်။

အသင်းအဖွဲ့စိတ်ဓာတ် ရှိဖို့ရန်အတွက် ဘယ်လိုကြိုးစားရမလဲ။

promotion for kwee

အခြားသောသူများရဲ့ အကြံဉာဏ်ကို လေးစားပါ။ ကိုယ် တစ်ယောက်တည်းက တော်ချင်တတ်ချင် ကောင်းချင်နေလို့မရပါဘူး။ ကိုယ့်ရဲ့အဖွဲ့သားများနှင့်အတူတူ ပူးတွဲလုပ်ဆောင်ပြီး သူတို့ရဲ့ဝေဖန်အကြံပြုချက်များ၊ ဆွေးနွေးချက်များကို လေးစားလိုက်နာပေးရမှာဖြစ်ပါတယ်။

ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ ပြောင်းလဲဆက်ဆံတတ်ဖို့ ကြိုးစားပါ

promotion for kwee

ကိုယ်သည် လူ့ဂွစာတစ်ယောက်လို နေထိုင်ပြုမူနေလို့မရပါဘူး။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ နေနိုင်ရပါမယ်။ သို့မှသာလျှင် ကိုယ့်လုပ်ငန်းခွင်မှာ မိတ်အသစ်တွေ တိုးလာမှာဖြစ်ပြီး ကိုယ့်ပရော်ဖက်ရှင်နယ်အလုပ်အတွက် အကျိုးဖြစ်ထွန်းစေမှာပါ။

ကိုယ့်လုပ်ငန်းရှင်နဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားပါ

အလုပ် ရာထူးတိုး ကွီး

Photo: livecareer

ဒီအချက်ကတော့ အရေးအကြီးဆုံးပါပဲ။ ကိုယ့်ရဲ့လုပ်ငန်းရှင်နဲ့ ဆက်ဆံရေးမကောင်းရင် ဘယ်လိုမှ ရာထူးတိုးနိုင်ချေရှိမှာမဟုတ်ပါဘူး။ ဒီလိုပြောလို့ ကိုယ့်သူဌေးကို ဖားရမယ်လို့မဆိုလိုပါဘူး။ ပြီးတော့ ကိုယ့်သူဌေး ခိုင်းသမျှတွေကို ခေါင်းတငြိမ့်ငြိမ့်နဲ့ ပုတ်သင်ညိုလို ပြုနေမူစရာမလိုပါဘူး။

ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းက ဘယ်လောက်ထိရှိသလဲ။ ဘယ်အထိကတော့ဖြင့် လုပ်ဆောင်နိုင်တယ်။ ဘယ်နေရာကိုတော့ မလုပ်တတ်ဘူး။ ဒါပေမဲ့ သင်ပေးမယ်ဆိုရင်တော့ အလွယ်တကူတတ်မြောက်လွယ်တာကြောင့် သင်ပြပေးဖို့တော့ လိုအပ်ကြောင်း စကားအရာ အလိမ္မာသုံးပြီး ပြောဆိုတတ်ရပါမယ်။

လုံးဝကြီး မလုပ်တတ်ဘူးလို့ ငြင်းလိုက်တဲ့အခါ သူသည် သင့်ကို နောက်ထပ်အလုပ်သစ်တွေ ပေါ်လာပါက ထပ်ခိုင်းတော့မှာမဟုတ်ပါဘူး။ ဒါဆိုရင်တော့ သင့်အတွက် ရာထူးတိုးဖို့အခွင့်အလှမ်းသည် မှေးမှိန်သွားမှာပဲဖြစ်ပါတယ်။

စိတ်ရှည်သည်းခံတတ်ပါစေ

အလုပ် ရာထူးတိုး ကွီး

Source: hotelium

ဘယ်နေရာမှာမဆို စိတ်ရှည်သည်းခံတတ်ဖို့လိုအပ်ပါတယ်။ သူဌေးကလည်း ငါ့ကို ရာထူးမတိုးပေးသေးပါလားဆိုပြီး ငြိုငြင်နေမယ့်အစား အချိန်တစ်ခုကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းတတ်ဖို့လိုအပ်ပါတယ်။

ဒါ့အပြင် အလုပ်တစ်ခု လုပ်ကိုင်တဲ့အခါမှာလည်း စိတ်ရှည်ရှည်နဲ့ လုပ်ဆောင်ခြင်းကသာလျှင် အမှားကင်းအောင် ကူညီပေးမှာပါ။ သင့်အနေနဲ့ စိတ်မြန်လက်မြန်နဲ့ လုပ်ဆောင်မယ်ဆိုရင် အလုပ်က မကြာသင့်ဘဲနဲ့ ကြာသွားတာမျိုး၊ အမှားအယွင်းတစ်စုံတစ်ရာ ပါသွားတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အလုပ်ခွင် မှာ ရာထူးတိုး ဖို့ စောင့်ဆိုင်းနေတဲ့ ကွီး တစ်ယောက်ဆိုရင်တော့ စိတ်ရှည်တတ်ဖို့လည်း လိုအပ်သလို ကိုယ့်အလုပ်နဲ့ ပတ်သက်လာရင်လည်း စိတ်ရှည်ရှည်နဲ့ လုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်။

အလုပ်ခွင်မှာ ရာထူးမြန်မြန်တိုးစေမယ့် နည်းလမ်းကောင်း

အလုပ် ရာထူးတိုး ကွီး

Photo: Indianexpress

ပေါင်းသင်းဆက်ဆံရေး၊ ခေါင်းဆောင်မှုပိုင်း၊ အတွေ့အကြုံ၊ နည်းပညာကျွမ်းကျင်နိုင်မှု အစရှိတဲ့ အရည်အချင်းများ လိုအပ်တဲ့အပြင် အရည်အချင်းတစ်ခုစီတိုင်းမှာ အဆုံးစွန်အထိ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်ဖို့လိုအပ်ပါတယ်။ သို့မှသာလျှင် ကိုယ် လိုချင်တဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Source: Lifehack

Featured Image Source: Sarcasm.co