အလုပ်က စိတ်ပင်ပန်းစရာတွေ၊ လူမှုရေး အရှုပ်အရှင်းတွေကြောင့် စိတ်ညစ်နေရပါသလား။ ဂိမ်းကစားခြင်းက ကွီးတို့ရဲ့ စိတ်ဖိစီးစရာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမဲ့ လောင်နေတာကိုမှ ထပ် အလောင် မခံချင်ဘူးဆိုရင်တော့ ဂိမ်း ရွေးချယ်တာကို သေချာ ရွေးချယ်ဖို့ လိုအပ်ပါလိမ့်မယ်။
ကွီးတို့ ရွေးချယ် ဆော့ကစားတဲ့ ဂိမ်းပေါ် မူတည်ပြီး ကွီးတို့က ပိုပြီး စိတ်ပြေလက်ပျောက် ဖြစ်သွားသလား ဒါမှမဟုတ် ပိုပြီး စိတ်ရှုပ်သွားလားဆိုတာကို အဆုံးအဖြတ်ပေးမှာပါ။
ကွီးတို့က ပေါ့ပေါ့ပါးပါး ဂိမ်းတွေပဲ ဆော့ရင်တော့ အလောင်ခံရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဖိုက်တင် ပလေးရတဲ့ ဂိမ်းတွေ ဆော့မယ်ဆိုရင်တော့ ရှုံးသွားတဲ့အချိန်မှာ အလောင် ခံရမှာဖြစ်ပြီး ဒီ ဂိမ်း တွေက ကွီးတို့ကို ပိုပြီး စိတ်ဖိစီးစေမှာပဲဖြစ်ပါတယ်။ နိုင်နိုင်ရှုံးရှုံး ကိစ္စ မရှိဘူးဆိုရင်တော့ ဒီဂိမ်းတွေက ကွီးတို့အတွက်ပါပဲ။
(၁) Dragon Ball Legends
ဒီဂိမ်းကတော့ ပေါ်ပူလာဖြစ်တဲ့ Anime ဂိမ်းထဲက ကာရိုက်တာတွေကို ယူထားပြီး ဆော့ထားတဲ့ ဂိမ်းပဲဖြစ်ပါတယ်။ ကွီးတို့က နိုင်ပွဲ ဆက်တိုက်တွေ သိမ်းကျုံးပစ်လိုက်မယ်ဆိုရင်တော့ ကွီးတို့ကာရိုက်တာက လယ်ဗယ် ပိုမြင့်လာပြီး ပါဝါလည်း ပိုကြီးလာမှာပါ။ ဒီလိုမှ မဟုတ်ဘဲနဲ့ တစ်ပွဲပြီး တစ်ပွဲ ရှုံးနေမယ်ဆိုရင်တော့ ကွီးတို့ ဘူသွားပါလိမ့်မယ်။
(၂) EA Sports UFC Mobile 2
ကြိုးဝိုင်းထက်က ဖိုက်တာတွေလိုမျိုး အကြီးအကျယ် ဖိုက်တင်ပလေးချင်တယ်ဆိုရင်တော့ ကွီးတို့အတွက် EA Sports UFC Mobile 2 က အသင့်တော်ဆုံးပါပဲ။ တကယ့် နာမည်ကြီး ဒိတ်ဒိတ်ကျဲ ကစားသမားတွေကို ဂိမ်းကာရိုက်တာအနေနဲ့ ထည့်ပေးထားတာကြောင့် ကွီးတို့ ကြိုက်နှစ်သက်တဲ့ ကာရိုက်တာကို ရွေးချယ်ကာ ဆော့ကစားနိုင်ပါတယ်။
(၃) Final Fighter: Fighting Game
ဒီဂိမ်းက Animation အပြင်အဆင်က ကြည့်လိုက်တာနဲ့ ကစားမယ့်သူကို ဆွဲဆောင်နေတာပါ။ အက်ရှင်ဂိမ်းတွေကို နှစ်သက်သူတွေအတွက် ဘဝင်ခိုက်စေမယ့် ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ချပ်ဝတ် ချပ်စား အပြည့်အစုံ၊ လက်နက် အပြည့်အစုံနဲ့ ဆော့ကစားရမှာဖြစ်တဲ့အတွက်ကြောင့် ကွီးတို့အတွက် တကယ့်ကို နှစ်ထောင်း အားရမှု အပြည့်ပေးမယ့် ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။
(၄) Injustice 2
ဘတ်မန်းနဲ့ DC က စူပါဟီးရိုးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဂိမ်းက ကွီးတို့အတွက်ပါပဲ။ စူပါမန်း၊ Wonder Woman စတဲ့ စူပါဟီးရိုး မျိုးစုံကို ရွေးချယ်လို့ ရသလို ဂျိုကာနဲ့ ဟာလေကွင်းတို့လို ခပ်မိုက်မိုက် ကာရိုက်တာမျိုးကိုလည်း ရွေးချယ်လို့ ရပါသေးတယ်။ ဒါ့အပြင် ဒီ Injustice 2 မှာ ကိုယ် ကြိုက်နှစ်သက်တဲ့အဖွဲ့ကိုလည်း ဖွဲ့စည်းပြီး ကိုယ့် ကိုယ်ပိုင်အဖွဲ့အဖြစ် ဖန်တီးလို့ ရပါသေးတယ်။
(၅) Marvel Contest of Champions
DC မကြိုက်ဘူး၊ DC ဖန် မဟုတ်ဘူးဆိုရင်တော့ ကွီးတို့အတွက် ရွေးချယ်စရာ နောက်တစ်ခုရှိပါသေးတယ်။ အဲ့တာကတော့ Marvel Contest of Champions ဆိုတဲ့ Marvel ဂိမ်းပဲဖြစ်ပါတယ်။ စပိုက်ဒါမန်၊ အိုင်းယွန်းမန်း၊ ဟော့ခ် အစ Venom အဆုံး ရွေးချယ်စရာ ကာရိုက်တာတွေက အများကြီးပဲမို့လို့ ကွီးတို့ ကြိုက်နှစ်သက်ရာတစ်ခုခုကို ရွေးချယ်ကာ ဆော့ကစားနိုင်ပါတယ်။
ရယ်ဒီဖြစ်ပြီဆိုရင်တော့ ဒီဂိမ်းတွေဆော့ကစားရင်း အားရပါးရ ပျော်ပါးလိုက်ရအောင်။
Source: Androidpolice
Featured Image: Freepik