Oral Sex တနည်းအားဖြင့် ပါးစပ်နဲ့ ချစ်တင်းနှောတယ်ဆိုတာဟာ ပါးစပ် ဒါမှမဟုတ် လျှာ တို့ကို အသုံးပြုပြီး ဆက်ဆံဖော် ပါတနာရဲ့ လိင်အင်္ဂါကို နှိုးဆွလှုံ့ဆော်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါ (STIs) တွေကို ကူးစက်ခံရစေနိုင်တဲ့ ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းအရင်းတွေထဲက တစ်ခုပါ။ အထူးသဖြင့် အကာကွယ်မဲ့ ပါးစပ်နဲ့ ချစ်တင်းနှေ ာတဲ့အခါ STIs ကူးစက် ခံစားရနိုင် များပါတယ်။ ဆက်ဆံဖော် ပါတနာတစ်ဦးတည်းရှိတဲ့ သူတွေမှာတောင် ရောဂါပိုး ကူးစက်ခံရနိုင်တာ ဖြစ်ပါတယ်။
Photo : Better2Know
အကာကွယ်မဲ့ ပါးစပ်နဲ့ ချစ်တင်းနှောခြင်းကနေ အများဆုံး ကူးစက်ခံရနိုင်တဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါ (STIs) တွေကတော့……….
- ဆီးပူညောင်းကျရောဂါ (Gonorrhoea)
- လိင်အင်္ဂါရေယုန် (Genital Herpes)
- ဆစ်ဖလစ် (Syphilis)
- Human Papillomavirus (HPV) တို့ပဲ ဖြစ်ပါတယ်။
ပါးစပ်နဲ့ ချစ်တင်းနှော ခြင်းကနေတဆင့် ကူးစက်ခံရမှုနည်းတဲ့ ရောဂါပိုးတွေကတော့………
- ကလက်မိုင်ဒီးယား (Chlamydia)
- HIV (Human Immunodeficiency Virus)
- အသည်းရောင်အသားဝါ A ရောဂါ ၊ အသည်းရောင်အသားဝါ B ရောဂါနဲ့ အသည်းရောင်အသားဝါ C ရောဂါ
- လိင်အင်္ဂါကြွက်နို့ (Genital Warts)
- ဆီးခုံသန်း (Pubic Lice) တို့ပဲ ဖြစ်ပါတယ်။
Photo : Men’s Journal
လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါ (STIs) တွေကို ကုသလို့ ရပါသလား ???
လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါ (STIs) တွေဟာ ရောဂါပိုးအမျိုးအစားအပေါ် မူတည်ပြီး ကနဦးအချက်ပြ လက္ခဏာတွေက အမျိုးမျိုး ကွဲပြားတက်ပါတယ်။ လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါ (STIs) တော်တော်များများက ရောဂါလက္ခဏာတွေကို စောစီးစွာသိရှိပြီး ကုသမှုခံယူမယ်ဆိုရင်တော့ သက်သာပျောက်ကင်း နိုင်ပါတယ်။ အကယ်၍ သင်ဟာ အကာအကွယ်မဲ့ ချစ်တင်းနှော ဖူးပါက ဒါမှမဟုတ် ရောဂါပိုးကူးစက်ခံရနိုင်တယ်လို့ သံသယရှိပါက နားလည်တက်ကျွမ်းတဲ့ ဆရာဝန် သို့မဟုတ် ကျန်းမာရေး စင်တာတွေမှာ သွားရောက်စစ်ဆေးကုသမှု ခံယူနိုင်ပါတယ်။ လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါ (STIs) တွေဟာ မကုသဘဲထားမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မသက်မသာဖြစ်စေရုံသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေးတွေအပေါ်မှာလည်း ဆိုးရွားစွာထိခိုက်မှု ရှိနိုင်ပါတယ်။
လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါ (STIs) တွေကို ဘယ်လိုကာကွယ်မလဲ ???
လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါ (STIs) တွေကို ကာကွယ်ဖို့ဆိုရင် ပါးစပ်နဲ့ ချစ်တင်းနှော တဲ့အခါ ကွန်ဒုံး ဒါမှမဟုတ် Dental Dam တို့လို အကာအကွယ် ပစ္စည်းတစ်ခုခုကို သေချာပေါက် အသုံးပြုဖို့ လိုပါတယ်။ ကွန်ဒုံး သို့မဟုတ် Dental Dam တွေဟာ လိင်တံ ၊ မိန်းမကိုယ်နဲ့ စအိုတို့ကနေ ထွက်ရှိတဲ့ လိင်အင်္ဂါအရည်တွေ တိုက်ရိုက်ထိတွေ့ခြင်းကနေ တားဆီးကာကွယ်ပေးပြီး လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါ (STIs) တွေ လူတစ်ဦးမှ အခြားတစ်ဦးသို့ ကူးစက်မှုမရှိစေဖို့ အကာအကွယ် အတားအဆီးတစ်ခုအနေနဲ့ လုပ်ဆောင်ပေးပါတယ်။
Source : NHS
Featured Photo : Giddy