အလွှာပါးလေးက ကမ္ဘာ ခြားစေတယ်လို့ ခံစားနေရတယ်ဆိုရင် ကွီးတို့ အခုပြောပြမယ့် အချက်တွေ မသိသေးလို့ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ကွန်ဒုံး သုံးရင်တောင် ထိတွေ့ခံစားမှုအာရုံ ရှယ်ကောင်းစေဖို့ ကွီးတို့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲ လေ့လာကြည့်လိုက်ပါဦး။

(၁) Textures မတူညီတဲ့ ကွန်ဒုံး အမျိုးအစားတွေ ပြောင်းသုံးပါ

Condoms

Photo : Verywell Health

ကွန်ဒုံး အမျိုးအစားတွေကတော့ အများကြီးပါပဲ။ အတူနေချိန်မှာ ခံစားမှု အာရုံကို ပိုကောင်းစေဖို့အတွက် ထုတ်ထားတဲ့ သာမန်ထက် ပိုမိုပါးလွှာတဲ့ ကွန်ဒုံး အမျိုးအစား ၊ မျက်နှာပြင် အဖုအထစ်တွေနဲ့ လိင်အင်္ဂါကို နှိုးဆွမှု ကောင်းကောင်းပေးနိုင်မယ့် Ribbed / Dotted ကွန်ဒုံး အမျိုးအစား ၊ G-spot လို မိန်းမကိုယ်အတွင်းဘက် အစိတ်အပိုင်းနေရာကို လှုံ့ဆော်နှိုးဆွပေးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ကွန်ဒုံး အမျိုးအစား စသည်ဖြင့် Textures အမျိုးမျိုးနဲ့ မတူညီတဲ့ ကွန်ဒုံး အမျိုးအစားတွေကို ပြောင်းလဲ အသုံးပြုခြင်းဖြင့် ကမ္ဘာ မခြားတဲ့ ခံစားချက်ကို ရရှိနိုင်ပါတယ်။

(၂) ချောဆီ အသင့်အတင့် အသုံးပြုပါ

Lube

Photo : Hello Cake

ချစ်တင်းနှော တဲ့အခါ ချောချောမွေ့မွေ့နဲ့ အထိအတွေ့ ခံစားမှုပိုကောင်းစေဖို့ ချောဆီ သုံးရပါတယ်။ ကျွမ်းကျင်သူတွေကတော့ ချောဆီသုံးတဲ့အခါ သင့်တင့်မျှတတဲ့ ပမာဏကို အသုံးပြုဖို့ အကြံပေးထားပါတယ်။ နည်းလွန်းရင်လည်း ခြောက်သွေ့မှုဟာ မြန်မြန်ဆန်ဆန်ဖြစ်နိုင်သလို များလွန်းရင်လည်း ကွန်ဒုံး ချော်ထွက်/ ကျွတ်ထွက်တာတွေ ဖြစ်နိုင်တာကြောင့်ပါ။ ကွန်ဒုံးပေါက်ပြဲသွားစေနိုင်တဲ့ ဆီအခြေခံ Oil-based ချောဆီတွေကိုတော့ ရှောင်ဖို့ သတိရပါ။

(၃) ဖွားဖက်တော်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ဆိုဒ်ကို သုံးပါ

Condoms

Photo : Health

ကွီးတို့ရဲ့ ဖွားဖက်တော် အရွယ်အစားနဲ့ ကွက်တိဖြစ်မယ့် ကွန်ဒုံး ဆိုဒ်ကို သေချာလေး ရွေးချယ်အသုံးပြု သင့်ပါတယ်။ ကွန်ဒုံး ဝတ်တဲ့အခါ ကျပ်လွန်းရင်လည်း မကောင်းသလို ချောင်နေရင်လည်း မကောင်းပါဘူး။ ဖွားဖက်တော်နဲ့ ကွန်ဒုံးကြား ဆိုဒ်ကွဲလွဲမှုရှိရင် အတူနေချိန်မှာ အဆင်မပြေမှုတွေ ကြုံရနိုင်ပြီး ထိတွေ့ခံစားမှုကိုလည်း သိသိသာသာ ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် ကွန်ဒုံး ဝယ်တဲ့အခါ ကွီးတို့ရဲ့ ဖွားဖက်တော် အရွယ်အစားနဲ့ ကွက်တိကျမယ့် မှန်ကန်တဲ့ ဆိုဒ်ကို ရွေးချယ်အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

(၄) တူညီတဲ့ ချောဆီ အမျိုးအစားတွေ ပြောင်းသုံးကြည့်ပါ

Lube

Photo : The Butters Hygienics Co.

ချောဆီမှာလည်း မတူညီတဲ့ အမျိုးအစားတွေ ရှိပါတယ်။ အခြေခံအားဖြင့် ရေအခြေခံ Water-based ချောဆီ ၊ ဆီလီကွန်အခြေခံ Silicon-based ချောဆီနဲ့ ဆီအခြေခံ Oil-based ချောဆီဆိုပြီး ၃ မျိုး ရှိပါတယ်။ ချောဆီ အမျိုးအစား တစ်ခုချင်းစီအလိုက် မတူညီတဲ့ ထိတွေ့ခံစားမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ကွန်ဒုံးနဲ့ တွဲသုံးမယ် ဆိုရင်တော့ ဆီအခြေခံ Oil-based ချောဆီကို ရှောင်တာ အကောင်းဆုံးပါ။ ဘာလို့ဆို ဆီအခြေခံ Oil-based ချောဆီတွေဟာ ကမ္ဘာ မခြားမယ့် အလွှားပါးလေးကို အလွယ်တကူ ပေါက်ပြဲသွားစေနိုင်လို့ပါပဲ။

Source : Durex USA

Featured Photo : LovePanky