ကမ္ဘာပေါ်မှာ မယုံနိုင်လောက်အောင် လှပတဲ့နေရာတွေ၊ ရင်သပ်ရှုမောဖွယ် အလှအပတွေကို သဘာဝတရားကြီးက ဖန်တီးပေးထားတယ် မဟုတ်ပါလား။ ထိုအထဲမှာ လှပတဲ့ ကျွန်းတွေ ကလည်း အပါအဝင်ဖြစ်ပါတယ်။ ပင်လယ်ပြာပြာဖြင့် ဝန်းရံထားတဲ့ ကျွန်းလေးတွေက ဘာနဲ့မတူတဲ့ သဘာဝအလှအပ ဖော်ကျုးနေပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် ကမ္ဘာ‌ပေါ်က အလှပဆုံး ကျွန်းများဆီသို့ ဒီဆောင်းပါးလေးနဲ့ အလည်တစ်ခေါက် ခေါ်သွားပါရစေ။

Kauai

အလှပဆုံး ကျွန်းများဆီသို့

Photo : Parrish Kauai

အလှပဆုံးကျွန်းများထဲက တစ်ခုဖြစ်တဲ့ ဒီ Kauai ဆိုတဲ့ ကျွန်းလေးကတော့ အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီကျွန်းစုရဲ့ အဆုံးမှာရှိတဲ့ ကျွန်းငယ်လေး တစ်ခုဖြစ်ပါတယ်။ Garden Island လို့လူသိများတဲ့ ဒီကျွန်းလေးက စိမ်းလန်းစိုပြေသော ရှုခင်းများ၊ ရင်သပ်ရှုမောဖွယ်ကမ်းခြေနဲ့ အေးချမ်းတည်ငြိမ်သော သဘာဝ အငွေ့အသက်ကို ပေးစွမ်းနိုင်ပါတယ်။ ဟာဝိုင်အီကျွန်းစုတွေဘက်  ရောက်ခဲ့ရင် ဒီကျွန်းလေးကိုလည်း အလည်သွားဖို့ မမေ့ပါနဲ့။

Seychelles

အလှပဆုံး ကျွန်းများဆီသို့

Photo : CNN

Seychelles ကတော့ အီကွေတာရဲ့ တောင်ဘက်နှင့် ကင်ညာအရှေ့ဘက်၊ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဒဏ္ဍာရီဆန်ဆန် အလှတရားများနဲ့ ပြည့်နှက်နေသော ကျွန်းစုလေး ဖြစ်ပါတယ်။ Seychelles ကို ရောက်တာနဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရှုခင်းတွေရှိတဲ့ နေရာတစ်ခုဖြစ်တဲ့ လှပတဲ့ သဲသောင်ပြင်တွေနဲ့ ဂရက်နစ်တောင်တန်းလေးတွေကို ရှုစားနိုင်ပါတယ်။ ချစ်ရသူလေးနဲ့ တစ်ခေါက်လောက်တော့ အရောက်သွားသင့်တဲ့ ကျွန်းလေးတစ်ခုဆိုလည်း မမှားပါဘူး။

Maldives

အလှပဆုံး ကျွန်းများဆီသို့

Photo :Prestige Hong Kong

ကမ္ဘာ့အလှပဆုံး ကျွန်းများလို့ ဆိုရမှာ မော်ဒိုက်မပါရင် မပြီးပါဘူး။ မော်ဒိုက်က တောင်အာရှရှိ ကျွန်းစုနိုင်ငံတစ်ခုဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာတွင် တည်ရှိပါတယ်။ ကမ္ဘာပေါ်က အလှပဆုံးသော အပန်းဖြေနေရာ တစ်ခုဖြစ်ပြီး ပျားရည်ဆမ်း ခရီးထွက်သူများ၊ ရေငုပ်သမားများ၊ နေဝင်ချိန်တွေကို ရှုစားလိုသူများကြားမှာ ကျော်ကြားလှတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ မော်ဒိုက်မှာ ဖြူလွှလွှသဲများ၊ ကြည်လင်ပြတ်သားသော အပြာရောင်ရေများ၊ မယုံနိုင်စရာ သဘာဝအလှအပတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ ကွီးတို့အနေနဲ့ ချစ်ရသူလေးနဲ့ ဟန်းနီးမွန်း ထွက်ဖို့စဉ်းစားနေရင် မော်ဒိုက်ကို ပထမဦးစားပေး စာရင်းထဲသာ ထည့်ထားလိုက်ပါ။

Bora Bora

Photo : Travel + Leisure

ပြင်သစ်နိုင်ငံ၊ ပိုလီနီးရှားမှာရှိတဲ့ ဒီ Bora Bora ကျွန်းလေးက ပန်းချီကားတစ်ချပ် ချယ်မှုန်းထားသကဲ့သို့ လှပပြီး မြင်မြင်ချင်း သဘောကျနှစ်ခြိုက်မိမှာ အသေအချာပါပဲ။ ဒီကျွန်းလေးမှာ စိမ်းလန်းစိုပြေသော အပူပိုင်းဒေသ တောင်စောင်းများနှင့် ချိုင့်ဝှမ်းများတွင် ပန်းများဖြင့် ပွင့်နေပြီး နူးညံ့သိမ်မွေ့သောလည်ဆွဲကဲ့သို့ တောက်ပနေသော ရေကန်ကိုလည်း ရှုစားနိုင်ပါတယ်။ ဒါ့အပြင် အပူပိုင်းဒေသနောက်ခံဖြင့် ကမ္ဘာပေါ်တွင် အလှပဆုံး ရေကန်ကြီးပေါ်တွင် ဇိမ်ခံရေပေါ်ဘန်ဂလိုများက Bora Bora ကျွန်းကို ဟန်းနီးမွန်းခရီးထွက်သူများနဲ့ အပန်းဖြေသူများအတွက် ထိပ်တန်းနေရာတစ်ခု ဖြစ်လာစေပါတယ်။

Sicily

Photo : Paesana

အီတလီမှာနိုင်ငံမှာရှိတဲ့ Sicily ကျွန်းလေးက စိမ်းလန်းစိုပြေသော ကျွန်းတစ်ကျွန်းဖြစ်ပြီး မြေထဲပင်လယ်မှာ အကြီးဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်းကို သံလွင်ပင်၊ သံပုရာပင်များ၊ စပျစ်ခြံများနှင့် လိမ္မော်သီးများဖြင့် ဖုံးအုပ်ထားပါတယ်။ ကျွန်းရဲ့ ကျော်ကြားသောကမ်းရိုးတန်းများ၊ သဲသောင်ပြင်များနှင့် ပင်လယ်ကွေ့များမှသည် အေးချမ်းကြည်လင်သော ပင်လယ်အော်များ၊ မတ်စောက်သော ချောက်ကမ်းပါးများနှင့် ကျောက်တောင်များအထိ ရင်သပ်ရှုမောဖွယ်အတိ ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ ကမ္ဘာပေါ်က အလှပဆုံး ကျွန်းများဆီသို့ ချစ်ရသူလေးနဲ့ တစ်ခေါက်လောက်တော့ ရောက်အောင်သွားပါဗျို့။

Source : The Luxury Travel Expert

Featured Photo : Blog