အဝင်ရော အထွက်ပါ ဘီယာမှ ဘီယာပဲဆိုတဲ့ ဘီယာ သိပ်ကြိုက်တဲ့ ကွီးတို့အတွက် DIY ဆီးသွားခွက် ပြုလုပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ကွီးတို့ အိမ်မှာပဲ အထာကျကျ ဆီးသွားမလား ဒါမှမဟုတ် ဆိုင်ဖွင့်ချင်တဲ့ ကွီးတို့အနေနဲ့ Toilet ထဲမှာ ခပ်မိုက်မိုက် အလှဆင်မလား လုံးဝကွက်တိပါ။ DIY Urinal ပြုလုပ်ဖို့ အတွက်ကတော့ ဘီယာစည်အဟောင်းတွေနဲ့ ဖန်တီးရမှာ ဖြစ်ပါတယ်။
Photo : Reddit
ဘီယာစည်တွေကို အပေါက်ဖောက် / ဖြတ်တောက်ပြီး DIY Urinal တစ်ခုအဖြစ် ဖန်တီးရမှာ ဖြစ်တာကြောင့် ကွီးတို့ အရေးကြီးဆုံး သတိထားရမယ့် အပိုင်းတွေကို ဆက်ပြောပြပေးပါမယ်။ ဘီယာစည်က Stainless Steel ကိုယ်ထည် ဖြစ်တဲ့အတွက် ဖြတ်တောက်ပြီးချိန်မှာ ချွန်မြတဲ့ အနားသတ်တွေ ကျန်နေတက်ပါတယ်။ ဒါတွေကို သေချာလေး Polish တိုက်ပေးဖို့ လိုပါမယ်။ စည်ရဲ့ ဖြတ်တောက်ထားတဲ့ ကိုယ်ရဲ့ အနားသတ်တွေက ချွန်မြနေတယ် ၊ စူးရှနေတယ် ၊ ကောင်းကောင်း အချောသတ်မထားဘူးဆိုရင် ဆီးသွားချိန်မှာ ကွီးတို့ရဲ့ ကျားအင်္ဂါနဲ့ အနီးတဝိုက်မှာ မတော်တဆ ပွန်းပဲ့ဒဏ်ရာ ၊ ပြတ်ရှဒဏ်ရာတွေ ဖြစ်နိုင်လို့ပါတယ်။
ကဲဒါဆို ပြုလုပ်နည်း အဆင့်ဆင့်ကို ဆက်ကြည့်ရအောင်ပါ။ အရင်ဆုံး ရေဝင်ပေါက် ၊ ရေထွက်ပေါက် တပ်ဆင်ဖို့အတွက် ဘီယာစည်ရဲ့ ထိပ်ပိုင်းနဲ့ အောက်ပိုင်းကို အပေါက်ဖောက်ပြီး ရေဝင်ရေထွက် ပိုက်တွေကို တပ်ဆင်ရပါမယ်။ ကိုယ်ထည်ကိုတော့ တခြမ်းလုံး ဖြတ်ထုတ်လိုက်ရမှာပါ။ အထက်မှာ ပြောခဲ့သလိုပဲ ဖြတ်တောက်ထားတဲ့ စည်ကိုယ်ထည်ရဲ့ အနားသတ်တွေကို ချောမွေ့မှု ရှိစေဖို့ သေချာလေး အချောသတ်ပေးရပါမယ်။
Photo : Reddit
ရေဝင်ရေထွက် စနစ်ကတော့ ပုံမှန် ဆီးသွားခွက် Urinal တွေမှာ တပ်ဆင်သလိုပဲ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ဆိုင်ကနေ ဝယ်ယူပြီး တပ်ဆင်ရမှာ ဖြစ်ပါတယ်။ အစိတ်အပိုင်းတွေ အားလုံး တပ်ဆင်ပြီးပြီ ဆိုရင်တော့ ဆီးသွားခွက် ထားမယ့် Toilet သို့မဟုတ် ရေချိုးခန်းမှာ နေရာတကျ တပ်ဆင်ပေး လိုက်ရုံပါပဲ။ အမြင်ဆန်းပြီး အထာကျတဲ့ ဘီယာ စည် DIY ဆီးသွားခွက်လေး ဖြစ်တာကြောင့် ဘီယာ ကြိုက်တဲ့ ကွီးတို့ကတော့ အိမ်မှာ လိုက်လုပ်ကြည့် လိုက်ပါဦးနော်။
Source : mikeshouts
Featured Photo : mikeshouts