အိပ်ရာပေါ်က ရင်ခုန်သံတွေကို နှိုးဆွဖော်ထုတ်ဖို့ ဘယ်တော့မှ အသက်ကြီး သွားတယ်ဆိုတာ မရှိပါဘူး။ သို့သော်လည်း လူငယ်လူလတ်ပိုင်း အရွယ်တွေနဲ့ ယှဉ်ရင်တော့ သက်ကြီးပိုင်းစုံတွဲတွေမှာ လိင်စိတ်အာရုံခံစားနိုင်စွမ်း ကျဆင်းတာ ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အားနည်းလာတာကြောင့် အိပ်ရာထက်မှာ သက်တောင့်သက်သာ မဖြစ်တာ စတဲ့ ပြဿနာလေးတွေ ကြုံရနိုင်ပါတယ်။ ဒါပေမယ့် မပူပါနဲ့။ ဒီဆောင်းပါးမှာတော့ အသက်ကြီးပေမယ့် အချစ်တွေ မပျက်စီးစေဖို့ သက်ကြီးပိုင်း စုံတွဲတွေအတွက် အထူးသင့်လျော်တဲ့ လိင်မှု သိုင်းကွက် အချို့ကို မျှဝေပေးပါမယ်။
(၁) ဘေးတစောင်း 69 သိုင်းကွက်
Photo : Metro
69 Position ကိုမှ သက်တောင့်သက်သာ ပိုရှိစေဖို့ ဘေးတစောင်း အနေအထား လှဲလျောင်းပြီး နှစ်ပါးသွားရတဲ့ သိုင်းကွက် ဖြစ်ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်း စုံတွဲတွေအတွက် အိပ်ရာထက်မှာ သက်တောင့်သက်သာ ပိုပြီးရှိစေမယ့် Position တစ်ခုပါ။ အပြန်အလှန် နှိုးဆွမှု ကောင်းကောင်းပေးနိုင်ပြီး သာယာပျော်ရွှင်ဖွယ်ရာ ခံစားမှုအာရုံကို အတူတကွ တူးဆွဖွေရှာလို့ရမှာ ဖြစ်ပါတယ်။
(၂) ဒူးထောင် မြင်းစီး သိုင်းကွက်
Photo : Metro
အမျိုးသမီး ပါတနာကို အပေါ်ကနေ ဦးဆောင်ခိုင်းရတဲ့ မြင်းစီး သိုင်းကွက်ဟာ အသက်ကြီး တဲ့ စုံတွဲတွေမှာလည်း ကစားလို့ ရနိုင်ပါတယ်။ သိုင်းကွက် ပုံစံအနေအထား ၊ လှုပ်ရှားမှု အရှိန်အတက်အကျတွေကတော့ အနည်းငယ် ကွာခြားနိုင်ပါတယ်။ သက်ကြီးပိုင်းတွေအတွက် ရည်ရွယ်တဲ့ ဒူးထောင် မြင်းစီး သိုင်းကွက်မှာတော့ အောက်မှာနေတဲ့ ပါတနာက ဒူးတွေကို မြှင့်ထားပေးရမှာပါ။ အပေါ်က ဦးဆောင်မယ့် ပါတနာက အောက်က ပါတနာရဲ့ မြှင့်ထားတဲ့ ဒူးတွေကို နောက်ပြန်ကိုင်ထားခြင်းဖြင့် ခန္ဓာကိုယ်ကို ပိုမိုတည်ငြိမ်မှု ရှိရှိ လှုပ်ရှားနိုင်စေမှာ ဖြစ်ပါတယ်။
(၃) ခုံပေါ် ထိုင်လျက် သိုင်းကွက်
Photo : Metro
ခန္ဓာကိုယ်အောက်ပိုင်း ကြံ့ခိုင်မှု အားနည်းသူတွေ ၊ ခါးနာတတ်တဲ့ သက်ကြီးပိုင်း စုံတွဲတွေအတွက် အထူးသင့်လျော်တဲ့ သိုင်းကွက်တစ်ခု ဖြစ်ပါတယ်။ ကုလားထိုင် သို့မဟုတ် ဆိုဖာပေါ်မှာ ထိုင်လျက်အနေအထား ပုံစံယူပြီး ပါတနာကို အပေါ်ကနေ ထိုင်ခိုင်းကာ လှုပ်ရှားကစားရမှာ ဖြစ်ပါတယ်။ ဒီသိုင်းကွက်က ခန္ဓာကိုယ်ချင်း နီးကပ်မှုရှိရှိနဲ့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက် နိုင်တာကြောင့် ၂ ဦးလုံးခံစားမှု အထွတ်အထိပ်ကို ရရှိခံစားနိုင်ပါလိမ့်မယ်။
Source : Metro
Featured Photo : Extra.ie