လူတိုင်း လူတိုင်းကတော့ ကျန်းမာရေးကောင်းပြီး အသက်ရှည်ရှည် နေထိုင်သွားချင်ကြသူတွေ ချည်းပါပဲ။ ကျန်းမာအောင် နေဖို့ဆိုတာ ပြောတော့သာ လွယ်ပေမယ့် တကယ့်လက်တွေ့မှာတော့ ဆောင်ရန်ရှောင်ရန်တွေ အင်မတန်များပြားလှပါတယ်။ ဒါပေမယ့် အခုပြောပြမယ့် အချက်လေးတွေ လိုက်နာရုံနဲ့ ကွီးတို့ ဘဝမှာ ကျန်းကျန်းမာမာနဲ့ အသက်ရှည် စွာ နေထိုင်သွားနိုင်မှာ သေချာပါတယ်။

(၁) လှုပ်လှုပ်ရှားရှားနေပါ

Photo : Running For Beginners – The Chubby Runner

လူ့ခန္ဓာကိုယ်ဟာ အမြဲတမ်း လှုပ်ရှားပေးနေဖို့ လိုပါတယ်။ လှုပ်ရှားမှုဟာ လူကို စွမ်းအင်ပေးပါတယ်။ မပြတ်လှုပ်ရှားမှုကြောင့် နေမကောင်း ထိုင်မသာဖြစ်တာ နည်းပါးပြီး ကိုယ်လက်ကြံ့ခိုင်မှု အားကောင်းလာပါတယ်။ ဒါ့ကြောင့် တစ်နေ့တာမှာ အနည်းဆုံး အကြောလျှော့တာ ၊ အနှေးပြေးလေ့ကျင့်တာ ဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။

(၂) လေကောင်းလေသန့် ရှူရှိုက်ပါ

Photo : tbe.life

ပြတင်းတံခါးတွေ ဖွင့်ထားပြီး လေသန့်သန့်လေးတွေ ဝင်လာပါစေ။ ဖြစ်နိုင်ရင် သစ်တောသစ်ရိပ်မှာ လမ်းလျှောက်တာ ၊ အနားယူတာ လုပ်သင့်ပါတယ်။ မြို့ပြမှာနေသူတွေအတွက်ကတော့ အခန်းထဲက တံခါးတွေ ဖွင့်ထားတာ ၊ ပန်းခြံတွေထဲ သွားနားတာ လုပ်နိုင်ပါတယ်။ အခန်းထဲမှာပဲ အချိန်အကြာကြီး အောင်းနေတာဟာ သင့် ကျန်းမာရေးအတွက် မကောင်းပါဘူး။

(၃) အိပ်ရေးဝဝအိပ်ပါ

Photo : Men’s Health

အိပ်စက်မှုနဲ့ လူ့ကျန်းမာရေး ဆက်စပ်မှုကို လူတွေဟာ ရှေးကတည်းက သတိထားမိခဲ့ကြပါတယ်။ အိပ်ရေးမဝဘဲ အနားမရတဲ့ လူတစ်ယောက်ဟာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ပြီး ဖျားလွယ်နာလွယ်နိုင်ပါတယ်။ တစ်နေ့ကို ၇ နာရီကနေ ၉ နာရီအထိ အိပ်ပေးခြင်းအားဖြင့် အာရုံစူးစိုက်မှု ပိုကောင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်သလို စိတ်ဖိစီးမှုကိုလည်း သက်သာစေပါတယ်။

(၄) စိတ်ခံစားမှုမလွန်ကဲအောင်နေပါ

Photo : Freepik

ဘဝမှာ ကိုယ်မကြိုက်တာချည်းကို ကြိတ်ပြီး လုပ်နေရပြီဆိုရင် စိတ်ထောင်းလို့ကိုယ်ကြေ ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးပါ ထိခိုက်နိုင်ပါတယ်။ ကိုယ့်စိတ်အာရုံကို ရှုပ်ထွေးမွှန်းကြပ်စေမယ့် အရာတွေကနေ ဝေးအောင်နေပါ။ တကယ်လို့ ဝေးအောင်နေလို့ မရဘူးဆိုရင် ကိုယ့်စိတ်ကို ပြင်ဆင်ပြီး စိတ်ခံစားမှု မလွန်ကဲအောင် နေသင့်ပါတယ်။

(၅) ရေများများသောက်ပါ

Photo : Eat This, Not That

ခန္ဓာကိုယ်ရဲ့ သုံးပုံနှစ်ပုံ ခန့်ဟာ ရေဓာတ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ရေကောင်းရေသန့် လုံလောက်အောင် သောက်သုံးပေးခြင်းဟာ လူကို ကြည်လင် လန်းဆန်းပြီး ကိုယ်တွင်းအင်္ဂါတွေ အလုပ်လုပ်မှုစနစ် ကောင်းမွန်စေပါတယ်။ ရေသောက်ရာမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါတဲ့ အဟာရဓါတ်တွေကို စားသုံးနေရတယ်လို့ မှတ်ယူပြီး အနည်းဆုံး ရေဖန်ခွက် ၈ ခွက်ကနေ ၁၀ ခွက်အထိ သောက်သုံးသင့်ပါတယ်။

Featured Photo : Medical News Today