Xiaomi ကတော့ ၎င်းတို့ရဲ့ Smart Band 10 ကို မကြာမီ အချိန်အတွင်းမှာ မိတ်ဆက်သွားဖို့ ပြင်ဆင်နေပြီး လက်ရှိမှာတော့ Smart Band 10 ထွက်မယ့် ရက်စွဲ ၊ ဈေးနှုန်းတွေနဲ့ ပတ်သတ်တဲ့ Rumor တွေ ထွက်လာပါတယ်။
နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ Smart Band 10 ကို လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ ဥရောပဈေးကွက်အတွင်း စတင်ရောင်းချ သွားတော့မှာဖြစ်ပြီး ဈေးနှုန်းကတော့ ယူရို 49.99 ဝန်းကျင်ခန့် ရှိမယ်လို့ သိထားရပါတယ်။
Photo : Mashable ME
ဒီဈေးနှုန်းထားအရ ပြီးခဲ့တဲ့နှစ်မှာ ယူရို 40 ဝန်းကျင်နဲ့ ရောင်းချခဲ့တဲ့ Xiaomi Smart Band 9 ထက် မဆိုသလောက်လေး ဈေးတက်သွားတယ်ဆိုပေမယ့် Smart Band 10 ရဲ့ ယူရို 50 ဝန်းကျင် ဈေးနှုန်းဟာ လူတိုင်းကိုင်နိုင်တဲ့ Budget ဈေးတန်းမှာ ရှိနေတာ ဖြစ်ပါတယ်။
Smart Band 10 ကို ယခင်နှစ်က ထွက်ခဲ့တဲ့ မော်ဒယ်တွေလိုပဲ ဥရောပ ၊ လက်တင်အမေရိက ၊ မြောက်အမေရိကနဲ့ အာရှ ဈေးကွက်တွေမှာ ရောင်းချသွားမယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိအချိန်အထိ ပေါက်ကြားလာတဲ့ Rumor တွေအရ Smart Band 10 ဟာ ရှေ့ကထွက်ခဲ့တဲ့ မော်ဒယ်တွေထက် အနည်းငယ်ပိုကြီးတဲ့ 60Hz ပါတဲ့ ၁.၇၂ လက်မ AMOLED Display ပါဝင်မှာဖြစ်ပြီး 1,500 Nits Peak Local Brightness ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။
Photo : GSMArena.com
ဒါဟာ Band 9 ရဲ့ Peak Brightness နဲ့ ယှဉ်ရင် 200 Nits ပိုများတာ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ Sleep Management စနစ်တွေ ၊ Personalized Guidance တွေလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ဘက်ထရီ သက်တမ်းကတော့ တစ်ခါအားသွင်းတာနဲ့ ၂၁ ရက်ဝန်းကျင် အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
Xiaomi Smart Band 10 ကို Black ၊ Rose ၊ Silver အရောင် ၃ မျိုးနဲ့ ထုတ်မယ်လို့ သိထားရပြီး Band 10 အတွက် ဆက်စပ် Accessories ပစ္စည်းတွေလည်း ရောင်းချသွားမယ်လို့ သိရပါတယ်။
Source : GSMArena.com
Featured Photo : XIAOMIADICTOS