သွေးဆုံးကိုင်ခြင်းသည် အမျိုးသမီးတွေ အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါ ဖြစ်တတ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အမျိုးသားများမှာလည်း သက်လတ်ပိုင်း ရောက်လာတဲ့အခါ ကြုံတွေ့ခံစားရတဲ့ ကျန်းမာရေး အခြေအနေတစ်ရပ် ရှိပါသေးတယ်။ ထိုကျန်းမာရေး အခြေအနေကတော့ အသက် ရလာသည်နှင့်အမျှ ချစ်တင်းနှော ချင်စိတ် ကုန်ခမ်းသွားခြင်းပဲ ဖြစ်ပါတယ်။
အမျိုးသားမှာ ဖြစ်တတ်တဲ့ အခြေအနေကတော့ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ သွေးဆုံးကိုင် လက္ခဏာလိုမျိုး ချက်ချင်း ကောက်ကာငင်ကာ ထဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ပါဖောမန့်စ်က တဖြည်းဖြည်းချင်းစီ လျော့ကျသွားခြင်းမျိုး ဖြစ်ပါတယ်။
ပုရိသတို့ဆီမှာ ဘယ် အသက် အရွယ် လောက်ကစပြီး ချစ်တင်းနှော ချင်စိတ်တွေ ကုန်ခမ်းသွားတတ်ပါသလဲ
ကွီးတို့ တဖြည်းဖြည်း အသက်အရွယ်ရလာတဲ့အခါ၊ အထူးသဖြင့် အသက် ၃၀ ကျော်လာတဲ့အခါမှာ ကွီးတို့ရဲ့ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဥ်က တဖြည်းဖြည်း လျော့ကျသွားပြီး Testosterone ပမာဏကလည်း တဖြည်းဖြည်း လျော့နည်းသွားတတ်ပါတယ်။ Testosterone ဟော်မုန်းပမာဏတွေ တဖြည်းဖြည်း လျော့ကျသွားတာကို သိရှိနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ မကုသဘဲ လျစ်လျူရှုထားမယ်ဆိုရင်လည်း မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါသေးတယ်။
Testosterone ဟော်မုန်းသည် အမျိုးသားများအတွက် အရေးကြီးပုံ
ဘာ့ကြောင့် အသက် ရလာသည်နှင့် ချစ်တင်းနှော ချင်စိတ်တွေ ကုန်ခမ်းသွားရသလဲဆိုတာကို မပြောပြခင်မှာ Testosterone ဟော်မုန်းက ကွီးတို့အတွက် ဘယ်လိုမျိုး အရေးကြီးသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
Testosterone ဆိုတာကတော့ ကျာဟော်မုန်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်အမျိုးမျိုးကို လုပ်ဆောင်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သွေးနီဥဆဲလ်များ များပြားလာအောင် ထုတ်လွှတ်ပေးခြင်း၊ အရိုးအဆစ် သိပ်သည်းဆစ်ကို ပိုမိုကျစ်လျစ် ကောင်းမွန်လာအောင် ကူညီပေးခြင်း၊ ကြွက်သားများ ကြီးထွားလာအောင် လုပ်ဆောင်ပေးခြင်း၊ Libido များကို မျှခြေရှိအောင် ပြုလုပ်ရခြင်း၊ စိတ်ခံစားချက်များကို ကောင်းမွန်လာအောင် ဖန်တီးပေးခြင်း အစရှိတဲ့ လုပ်ငန်းဆောင်တာများအားလုံးအတွက် အရေးကြီးပါတယ်။
ထိုကောင်းကျိုးများအားလုံးကို ရရှိခံစားနိုင်ဖို့ဆိုရင် ကွီးတို့ရဲ့ Testosterone ခေါ် ကျားဟော်မုန်းသည် 400ng/dl ကနေ 1000ng/dl ကြားမှာ တည်ရှိနေဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ ကျားဟော်မုန်းက 400ng/dl အောက် လျော့နည်းနေပြီဆိုရင်တော့ ချစ်တင်းနှော ချင်စိတ်များသည်လည်း တဖြည်းဖြည်း လျော့ကျသွားမှာပဲ ဖြစ်ပါတယ်။
ကွီးတို့တွင် ကျားဟော်မုန်း လျော့နည်းနေကြောင်း ပြသနေတဲ့ လက္ခဏာများ
(၁) ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်လွန်းပြီး အားမရှိတော့ဘဲ အားအင်ကုန်ခမ်းတဲ့အဖြစ်မျိုး ခံစားနေရခြင်း
(၂) မှတ်ဥာဏ်စွမ်းအား လျော့နည်းသွားခြင်း၊ ကောင်းစွာ အာရုံစူးစိုက်နိုင်စွမ်း မရှိတော့ခြင်း
(၃) စိတ်ဖိစီးမှု များနေခြင်း
(၄) ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ကြုံတွေ့ရခြင်း (ဥပမာ ကွီးတို့ရဲ့ ကြက်ဥ နှစ်လုံးက ကျုံ့ဝင်သွားခြင်း)
(၅) ပန်းညှိုး ပန်းသေရောဂါ ကြုံတွေ့ ခံစားရခြင်း အစရှိတဲ့ ရောဂါ လက္ခဏာများကို ကြုံတွေ့ ခံစားရတတ်ပါတယ်။
ကျားဟော်မုန်း လျော့နည်းသွားခြင်းကို ဘယ်လိုကုသနိုင်မလဲ
ကျား ဟော်မုန်း လျော့နည်းသွားခြင်းကို ကုသလို့ရတဲ့ နည်းလမ်းများကတော့ အမျိုးမျိုးရှိပါတယ်။ ဥပမာ ဂျယ်လ်လိမ်းကာ ကုသခြင်း၊ ကပ်ခွာကပ်ကာ ကုသခြင်း၊ ဆေးထိုးကာ ကုသခြင်း (သို့) ဆေးသောက်ကာ ကုသခြင်း အစရှိတဲ့ ကုသနည်းအမျိုးမျိုးထဲမှ မိမိကြိုက်နှစ်သက်ရာ တစ်မျိုးမျိုးကို ရွေးချယ် အသုံးပြုကာ ကုသနိုင်ပါတယ်။
ကွီးတို့ရော အသက် အရွယ်ရလာလို့ ချစ်တင်းနှော ချင်စိတ် ကုန်ခမ်းသွားမယ်ဆိုရင် ဘယ်လိုလုပ်မှာပါလဲ။
Source: Paramountmensmedical
Featured Image: Laredoemergency