ခုဆိုရင် မိုဘိုင်းလ်ဖုန်းနဲ့ ကစားလို့ရတဲ့ ဂိမ်းတွေအများအပြား ရှိနေပါပြီ။ နည်းပညာရဲ့ ဖွံ့ဖြိုးမှုနဲအတူ လုံးဝကို အမိုက်စား Graphics တွေနဲ့ အံ့အားသင့်စေလောက်တဲ့ မိုဘိုင်းလ်ဂိမ်းတွေကိုလည်း တစ်နေ့ထက် တစ်နေ့ ပိုမို ကောင်းမွန်အောင် ဖန်တီးထုတ်လုပ်နေကြပါတယ်။ စိတ်ဖိစိးမှုတွေ ဖြေဖျောက်ဖို့ပဲ ဖြစ်ဖြစ်၊ ဘော်ဒါတွေနဲ့ အုပ်စုလိုက် ကစားချင်လို့ပဲ ဖြစ်ဖြစ်၊ အပျင်းပြေအတွက်ပဲ ဖြစ်ဖြစ် မိုဘိုင်းလ်ဂိမ်း တွေ ကစားလို့ရပါတယ်။ ဒီနေ့မှာတော့ ဖုန်းနဲ့ ဂိမ်းကစားရတာ ကြိုက်တဲ့ ကွီးတို့အတွက် အသစ်စက်စက် မိုဘိုင်းလ်ဂိမ်းတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

City Gridlock

Source : Short Stort Games

ပေါ့ပေါ့ပါးပါး ကစားချင်တဲ့ ကွီးတို့အတွက် ယာဉ်လမ်းကြောင်းတွေကို စီမံခန့်ခွဲရင်း စိတ်လှုပ်ရှားဖွယ် ကစားရမယ့်  City Gridlock ဆိုတဲ့ ဂိမ်းအသစ်လေးရှိပါတယ်။ ဒီဂိမ်းမှာ ကစားသူများအနေနဲ့နဲ့ အလွတ်တန်းကွန်ရက်ဖြင့် စတင်ကာ ယာဉ်မောင်းများ သွားလာသည့် လမ်းကြောင်းများကို ကြည့်ရှုရန်နှင့် တတ်နိုင်သမျှ ထိရောက်စွာ သွားလာနိုင်ရန် ဆိုင်းဘုတ်များနဲ့ မီးပွိုင့်များကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက အနည်းငယ်ရှုတ်ထွေးတယ်လို့ ထင်ရသော်လည်းပဲ စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းလေးပါ။ ဒီဂိမ်းကို Android မှာရော iOS မှာပါ ကစားနိုင်ပါတယ်။

 War Thunder Mobile

Source : War Thunder Mobile

နောက်ထပ် ဂိမ်းအသစ်လေးတစ်ခုကတော့ တိုက်ခိုက်ရေး ဂိမ်းတွေကို စိတ်ဝင်စားတဲ့ ကွီးတို့အတွက် သဘောကျစေမယ့် War Thunder Mobile ဂိမ်းလေးပဲ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကစားသူက တင့်ကားမောင်းသူ ဒါမှမဟုတ် သင်္ဘောကပ္ပတိန် အဖြစ်ကစားနိုင်ပါတယ်။ ဒီဂိမ်းတွေက တိုက်ခိုက်ရေးဂိမ်းဖြစ်တာကြောင့် ရန်သူကို ဦးတည်မည့်နေရာအတွက် ရှေ့သို့ကြိုတင်စီစဉ်ခြင်းများစွာ ပါဝင်ပါတယ်။ ဒီဂိမ်းက ထူးထူးခြားခြားလေးနဲ့ ပျော်ရွှင်ဖို့ ကောင်းတဲ့ဂိမ်းလေးပါပဲ။ ဒီဂိမ်းကို Android မှာရော iOS မှာပါ အခမဲ့ ကစားနိုင်ပါတယ်။

Tiny Pharaoh: Pixel Strategy

Source : Smart Creative

Tiny Pharaoh ဆိုတဲ့ဒီဂိမ်းလေးမှာတော့ ဖာရောဘုရင်က ကစားသူကို ရှေးဟောင်းအီဂျစ်တွင် ဆောက်လုပ်သူအဖြစ် ခိုင်းစေကာ အဆောက်အဦများ၊ လယ်ကွင်းများ၊ ဘာသာရေး ကွန်းများနှင့် ပိရမစ်များကို တည်‌ဆောက်ရမှာ ဖြစ်ပါတယ်။ ထူးထူးခြားခြား စိတ်ဝင်စားဖွယ် ဂိမ်းလေးက ကွီးတို့ စိတ်ကျေနပ်မှုကို ပေးနိုင်မလားဆိုတာတော့ ကစားကြည့်မှ သိနိုင်မှာပါ။

Darkrise – Pixel Action RPG

Source : Darkrise RPG

ဒီဂိမ်းကလည်း အသစ်ထွက်ရှိထားတဲ့ RPG မိုဘိုင်းဂိမ်းတစ်ခု ဖြစ်ပြီး ဒီဂိမ်းကို Android မှာရော iOS မှာပါ ကစားနိုင်ပါတယ်။ တိုက်ခိုက်မှုကို အခြေခံတဲ့ ဒီဂိမ်းမှာ ကွီးတို့က မှော်ဆရာ၊ သူရဲကောင်း၊ လေးသမား သို့မဟုတ် လူဆိုးတစ်ဦးအဖြစ် စိတ်လှုပ်ရှားဖွယ် ကစားရင်း ကွီးတို့ရဲ့ ရမှတ်ကိုမြှင့်တင်ရန်အတွက် မကောင်းဆိုးဝါးများကို သတ်ရမှာ ဖြစ်ပါတယ်။ တတ်တတ်ကြွကြွနဲ့ စိတ်လှုပ်ရှားဖွယ်ကစားချင်ရင် ဒီဂိမ်းလေးက အမိုက်စားပါပဲ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ ဒီ အသစ်စက်စက် မိုဘိုင်းလ်ဂိမ်းတွေကို ကစားရင်း ပိတ်ရက်မှာ အပန်းဖြေလိုက်ပါ။

Source : METRO

Featured Photo : Vista Create