ငါးစိမ်းမြင် ငါးကင်ပစ်ရယ်လို့တော့ မဟုတ်ပေမယ့် မိုလ်ဘိုင်းဂိမ်းတွေဟာ အမြဲတမ်း ဒါချည်းပဲ ထပ်တလဲလဲ ဆော့နေရင် ပျင်းလာတက်တဲ့ သဘောမှာ ရှိပါတယ်။ ဂိမ်းတွေကတော့ လတိုင်း/နှစ်တိုင်း အသစ်သစ်တွေ ထပ်ထပ်ထွက်လာနေတာပါ။ ဆိုတော့ ဒီတစ်ခေါက်မှာ ဆော့နေကျ ဂိမ်းအဟောင်းတွေ ရိုးအီနေလို့ အသစ်ရှာ နေတဲ့ ကွီးတို့အတွက် အသစ် ထွက်ထားတဲ့ ဂိမ်းတွေထဲကမှ အမိုက်စား မိုလ်ဘိုင်းဂိမ်း အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Crystal Knights

Source : CUZZI

သူမအတွက် သူရဲကောင်း မဖြစ်နိုင်ခဲ့ရင်တောင် Crystal Knights ဂိမ်းထဲမှာတော့ ရန်သူတွေ အများကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်ပြီး သူရဲကောင်း ဖြစ်အောင် လုပ်ခွင့်ရှိပါတယ်။ ဒီဂိမ်းလေးက Idle RPG ဂိမ်းအမျိုးအစား ဖြစ်ပြီး တိုက်ခိုက်ရတာ ဝါသနာပါတဲ့ ကွီးတို့ အကြိုက်တွေ့ စေမှာပါ။ ဆော့နေတုန်းမှာ အနည်းငယ်နှေးသွားတက်တဲ့ အားနည်းချက်မျိုး ရှိပေမယ့် Graphics နဲ့ Gameplay ပုံစံက တော်တော်လေး ကောင်းမွန်ပြီး Free To Play လည်း ဆော့လို့ရတဲ့အတွက် ဂိမ်း အသစ်ရှာ နေတဲ့ ကွီးတို့ Try ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

(၂) Rumble Club

Source : Rumble Club

Players အယောက် ၂၀ အထိ ပါဝင် Battle ဆိုင်ရမယ့် Rumble Club ဂိမ်းလေးကတော့ ကွီးတို့အတွက် အသစ်ဖြစ်နေတဲ့ ဂိမ်းအတွေ့အကြုံကို ပေးပါလိမ့်မယ်။ ဂိမ်းဇာတ်ကောင် Characters တွေကို စိတ်ကြိုက် Customize လုပ်နိုင်ပြီး အခြားသူတွေနဲ့ ယှဉ်ပြိုင်တိုက်ပွဲဝင်ကာ ပြိုင်ဘက်တွေကို အနိုင်ယူကျော်ဖြတ် ရမှာပါ။ Graphics ခပ်မိုက်မိုက် ချစ်စရာကောင်းတဲ့ ကာတွန်းဇာတ်ကောင်လေးတွေ ပါဝင်ပြီး Gameplay ပုံစံက ရိုးရိုးရှင်းရှင်းနဲ့ တော်တော်လေး ဆော့လို့ အဆင်ပြေပါတယ်။ Free To Play ဆော့လို့ ရတာဆိုတော့ ဂိမ်း အသစ်ရှာ Try ကြည့်ချင်တဲ့ ကွီးတို့အတွက် Rumble Club ဂိမ်းလေးက လုံးဝကွက်တိကျ စေမှာပါ။

(၃) Boxes: Lost Fragments

Source : Big Loop Studios

ဂိမ်း အသစ်ရှာ နေတဲ့ ကွီးတို့ထဲကမှ ခေါင်းစားရတာကြိုက်ပြီး ပဟေဠိတွေ အဖြေညှိချင်တယ်ဆိုရင်တော့ Puzzle Escape ဂိမ်း အမိုက်စားလေး ဖြစ်တဲ့ Boxes: Lost Fragments ကို Try ကြည့်ပါ။ Tutorial ကိုသေချာကြည့်ပြီး ဆော့မယ်ဆိုရင် နောက်ပိုင်း တဖြည်းဖြည်း ပိုခက်လာတဲ့ Puzzle တွေကိုပင် ဖြေရှင်းရ လွယ်သွားပါလိမ့်မယ်။ Graphics ၊ ဂိမ်းနောက်ခံ တီးလုံး အားလုံးက တော်တော်လေး အထာကျပြီး Free To Play လည်း ဆော့ကစားလို့ ရပါတယ်။

(၄) Blue Lock PWC

Source : Gameplay Tube

Bluelock Project- World Champion ဂိမ်းလေးကတော့ ဘောလုံးဂိမ်း အသစ်ရှာ ဆော့ကစားချင်တဲ့ ကွီးတို့အတွက်ပါ။ ဒီဂိမ်းလေးက Neo Japan Pro Wrestling နဲ့ Uma Musume တို့လို Anime-Style ဘောလုံးဂိမ်း ဖြစ်ပါတယ်။ FIFA စတိုင် ဘောလုံးဂိမ်းတော့ မဟုတ်ပေမယ့် ပုံစံဆော့နေကျ ဘောလုံးဂိမ်းတွေနဲ့ မတူညီတဲ့ ဂိမ်းအတွေ့အကြုံ အသစ်ကို လိုချင်ရင်တော့ Blue Lock PWC ဂိမ်းက သေချာပေါက် ဆော့ကြည့်သင့်ပါတယ်။ ဒီဂိမ်းလေးကလည်း Free To Play ကစားလို့ ရပါတယ်။

Source : Android Authority

Featured Photo : Mashable