ဂိမ်းကစားခြင်းသည် စိတ်အပန်းဖြေနည်း တစ်မျိုးပါပဲ။ အချို့က စိတ်ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတို့ကို ခံစားချင်လို့ ဂိမ်းကစားကြတာဖြစ်ပြီး ဖိုက်တင်ပလေးချင်တဲ့သူတွေကလည်း အက်ရှင်ဂိမ်းတွေကို ရွေးချယ် ဆော့ကစားကြပါတယ်။ အချို့ကတော့ ထူးဆန်းပါတယ်။ ရင်တထိတ်ထိတ်နဲ့ ရင်ခုန် စိတ်လှုပ်ရှားရတာမျိုးကိုမှ ကြိုက်ကြတာဖြစ်ပါတယ်။ သူတို့ကတော့ Horror ဂိမ်းတွေကို ဆော့ကစားရင်း စိတ်အပန်းဖြေလေ့ရှိကြတာပေါ့။ ဒါပေမဲ့ အသည်းငယ် တတ်တဲ့ ကွီးတို့ကတော့ အခုဖော်ပြပေးမယ့် Horror ဂိမ်း တွေကို ယောင်လို့တောင် မဆော့မိပါစေနဲ့။ ငါးရက်ဆက်တိုက် စိတ်ခြောက်ခြားပြီး အိပ်မရဘဲ နေပါလိမ့်မယ်။

Forgotten Memories

Forgotten Memories

ဒီဂိမ်းလေးကတော့ Android မှာရော iOS မှာရော ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဂိမ်းချစ်သူများသာမက ဝေဖန်လေကန်ရေးသမားများရဲ့ ချီးကျူးခြင်းကိုတောင် ခံရတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ Sound Effect ရော ဂိမ်းရဲ့ Visual ကလည်း မိုက်လွန်းလို့ တကယ့် အစစ်လားတောင် ထင်ရပါတယ်။

ကစားသမားအနေနဲ့ ပဟေဠိများကို ဖြေရှင်းနိုင်မှ Eden ဆိုတဲ့ ပျောက်ဆုံးနေတဲ့ ကလေးလေးကို ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။ ကစားသမားသည် မှတ်ဥာဏ်ပျောက်ဆုံးနေတဲ့ Rose Hawkins အဖြစ် ဆော့ကစားရမှာဖြစ်ပါတယ်။

Goosebumps Night Of Scares

အသည်းငယ် ဂိမ်း

ဒီဂိမ်းသည်လည်း Android အမျိုးအစားမှာရော iOS မှာပါ ဆော့ကစားနိုင်ပါတယ်။ ကစားသမားအနေနဲ့ မကောင်းဆိုးဝါးများရန်ကနေ လွတ်အောင် ရှောင်ပြေးရင်း မကောင်းဆိုးဝါးတွေကို ထောင်ချောက်ထဲ မိသွားအောင် ထောင်ဖမ်းရမှာပဲဖြစ်ပါတယ်။ Goosebumps ရုပ်ရှင်ဇာတ်ကားထဲမှာလိုမျိုး သမန်းဝံပုလွေ၊ မကောင်းဆိုးဝါးမျိုးစုံနဲ့ ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ အသည်းငယ် တတ်တဲ့ ကွီးတို့ကတော့ ဒီ ဂိမ်း မျိုးကို မဆော့သင့်ပါဘူး။

Eyes

အသည်းငယ် ဂိမ်း

နောက်ထပ် ဂိမ်းတစ်ခုကလည်း ကြောက်စရာကောင်းပါတယ်။ ဂိမ်းကစားတဲ့သူအနေနဲ့ စွန့်ပစ် ဆေးရုံအဟောင်း၊ သရဲခြောက်တဲ့ အိမ်၊ စွန့်ပစ် ကျောင်းဟောင်းတွေမှာ ဂိမ်းကို Setting ချထားတာပဲဖြစ်ပါတယ်။ ဂိမ်းကစားသူအနေနဲ့ မွန်းစတားမျိုးစုံကို မိမိစိတ်ကြိုက် ရွေးချယ်ကာ ဆော့ကစားနိုင်ပါတယ်။

Into The Dead 2

အသည်းငယ် ဂိမ်း

ဇွန်ဘီ ဂိမ်းမျိုးကို နှစ်သက်တဲ့ ကွီးတို့အတွက် ဆော့ကစားလို့ကောင်းတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ကစားသမားအနေနဲ့ ဇွန်ဘီတွေ အများအပြားကို နှိမ်နင်းကာ မိသားစုကို ကယ်တင်ရမယ့် ဂိမ်းပဲဖြစ်ပါတယ်။ The Walking Dead လို ဇာတ်ကားမျိုးကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ ဆော့ကစားနိုင်တဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။

Dead By Daylight

အသည်းငယ် ဂိမ်း

ဒီဂိမ်းသည်လည်း Android ရော iOS မှာပါ ဆော့ကစားနိုင်တဲ့ ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဂိမ်းဆော့တဲ့သူအနေနဲ့ ကာရိုက်တာမျိုးစုံကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ အသက်ရှင်ကျန်ရစ်ဖို့ ထွက်ပြေးတဲ့သူအဖြစ် ဆော့ကစားမား (သို့) လူသတ်သမား ဗီလိန်အဖြစ် ဆော့ကစားမားလဆိုတာကတော့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

အသည်းငယ် တတ်တဲ့ ကွီးတို့ရော ဘယ်လို ဂိမ်း တွေကို ဆော့ကစားလေ့ရှိပါသလဲ။

Source: Gamerant

Featured Image: Thenerdstash