ကော်ဖီနဲ့ထုတ်တဲ့ Skincare ထုတ်ကုန်တွေ ကွီးတို့ မကြာခဏ မြင်ဖူးပါလိမ့်မယ်။ ကော်ဖီမှာ အသားအရေ အတွက် ကောင်းတဲ့ Antioxidant နဲ့ Anti-inflammatory အာနိသင်တွေ ပါဝင်တာကြောင့် ဝက်ခြံနဲ့ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို လျှော့ချပေးပြီး မျက်နှာပေါ်က ဝက်ခြံ ၊ တင်းတိပ်နဲ့ အမဲစက်တွေကို လျော့ပါးသက်သာ စေနိုင်ပါတယ်။ ဈေးကြီးတဲ့ ကော်ဖီ Skincare ထုတ်ကုန်တွေကို ကွီးတို့ ဝယ်မသုံးချင်ဘူး ဆိုရင်တော့ အိမ်မှာရှိတဲ့ ကော်ဖီမှုန့်နဲ့ပဲ ကွီးတို့ အသားအရေကို သဘာဝအတိုင်း ဂလိုးစမိုး လာအောင် လုပ်လို့ ရပါတယ်။

(၁) Coffee Yogurt Mask

coffee yogurt mask

Photo : HerZindagi

ဒိန်ချဉ်မှာတဲ့ Lactic Acid က အသားအရေကို နူးညံ့ချောမွေပြီး ကြည်လင်ဝင်းပစေပါတယ်။ ကော်ဖီနဲ့ ဒိန်ချဉ်ကို တွဲဖက်ပြုလုပ်ထားတဲ့ Face Mask ကို Stress တွေများပြီး အသားအရေ ညစ်ညစ်ကြီး ဖြစ်နေတယ်လို့ ခံစားရတဲ့အချိန်တွေမှာ ကပ်နိုင်ပါတယ်။ ပြုလုပ်နည်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ကော်ဖီမှုန် ၁ ဇွန်း ၊ ဒိန်ချဉ် ၁ ဇွန်းကို ရောစပ်ပြီး သမအောင် မွှေပေးပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ် အနှံ့သေချာလေး လိမ်းကျံပြီး ၁၅ – ၂၀ မိနစ်ခန့် ထားလိုက်ပါ။ အချိန်ပြည့်ရင်တော့ ရေအေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။

(၂) Coffee Ice Cubes

Coffee Ice Cubes

Photo : Mind Over Munch

ကော်ဖီရေခဲတုံးလေးတွေနဲ့ မျက်နှာကို ပွတ်ပေးတာက မျက်နှာအသားအရေကို လန်းဆန်းစေပြီး ဝက်ခြံနဲ့ အမဲစက်တွေကို လျော့ပါးသက်သာစေပါတယ်။ ဒါတင်တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ချွေးပေါက်တွေကိုလည်း ကျဉ်းစေပြီး အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။ ပြုလုပ်နည်းကတော့ ကော်ဖီမှုန့်အကြမ်းကို ရေကြက်သီးနွေးနဲ့ ဖျော်ပြီး အခဲကန့်ထဲမှာ ခဲထားလိုက်ရုံပါပဲ။ ရေခဲသွားတဲ့ ကော်ဖီတုံးလေးတွေ ရပြီဆိုရင် မျက်နှာပေါ်မှာ ၁၅ မိနစ်ဝန်းကျင်လောက် ညင်သာစွာ ပွတ်ပေးရမှာ ဖြစ်ပါတယ်။

(၃) Coffee Aloe Vera Gel

Coffee
Photo : Times Now

ကော်ဖီနဲ့ ရှားစောင်းလက်ပတ် Gel ကို ရောစပ်ပြီး မျက်လုံးအောက် အရေပြားတဝိုက်မှာ လိမ်းပေးမယ်ဆိုရင် မျက်ကွင်းညိုတာ ၊ အိုမင်းရင့်ရော်တဲ့ ပုံပေါက်စေတဲ့ မျက်အိတ်တွဲတာ စတဲ့ အသားအရေ ပြဿနာတွေကို လျော့ပါးသက်သာ စေနိုင်ပါတယ်။ ကော်ဖီမှုန့် ၁ ဇွန်းနဲ့ ရှားစောင်းလက်ပတ် Gel တစ်ဇွန်းကို ရောစပ်ပြီး မျက်လုံးအောက် အရေပြားမှာ လိမ်းပေးရုံပါပဲ။ Scrub တိုက်သလို ပွတ်တာမျိုး မလုပ်ရပါဘူး။ ကော်ဖီရှားစောင်းအနှစ်ကို မျက်လုံးအောက်မှာ ခပ်ပါးပါး လိမ်းပေးရင်ရပါပြီ။ ၁၀ မိနစ်လောက် ထားပြီးရင်တော့ ရေဆေးချလိုက်ပါ။

Source : Times Of India

Featured Photo : HerZindagi