အာဟာရနဲ့ အရေပြား ကျန်းမာရေးဟာ ဆက်စပ်နေတယ်လို့ ပြောရမှာပါ။ အစားအစာတွေ ကနေတဆင့် ရရှိတဲ့ အာဟာရဓာတ်တွေဟာ အရေပြားဆဲလ်သစ်တွေကို ပြန်လည်မွေးဖွားပေးပြီး အသားအရေ တင်းရင်းမှုကို မြှင့်တင်ပေးကာ အရေပြားတစ်ခုလုံးရဲ့ အလုံးစုံ ကျန်းမာရေးကို အကျိုးပြုပါတယ်။ အသားအရေ ထိန်းသိမ်းမှု ကြီးကြီးမားမား မလုပ်နိုင်ဘူးဆိုရင်တောင် ကျန်းမာရေးနဲ့ အညီ စားသောက်နေထိုင်မယ်ဆိုရင် နုပျိုလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အသားအရေကျန်းမာနုပျိုစေဖို့ ဘယ်လို အစားအစာတွေ စားပေးသင့်လဲဆိုတာ မျှဝေပေးပါမယ်။

(၁) ခရမ်းချဉ်သီး

Tomatoes
Photo : Lacoste Garden Centre

ခရမ်းချဉ်သီးမှာ ဗီတာမင် C ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး Lycopene အပါအဝင် အဓိက ကာရိုတီးနွိုက်တွေ အမြောက်အများ ပါဝင်တာကြောင့် အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းမှ တားဆီးကာကွယ် ပေးပါတယ်။

(၂) ပန်းပွင့်စိမ်း

Broccoli
Photo : Simply Recipes

ပန်းပွင့်စိမ်း လို့ခေါ်တဲ့ Broccoli မှာ ဇင့် ၊ ဗီတာမင် A နဲ့ ဗီတာမင် C ဓာတ်တွေ အပါအဝင် အသားအရေကျန်းမာရေးအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် Beta-carotene လို အကျိုးအာနိသင်ရှိတဲ့ Lutein နဲ့ Carotenoid လည်း ပါဝင်ပြီး Lutein က အသားအရေကို ခြောက်သွေ့ပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်စေခြင်းမှ ကာကွယ်ပေးပါတယ်။

(၃) ထောပတ်သီး

Avocado
Photo : Essen & Trinken

ထောပတ်သီးမှာ ဗီတာမင် E နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါရှိပါတယ်။ ဗီတာမင် E ဟာ အသားအရေပျက်စီးခြင်းကနေ ကာကွယ်ပေးတဲ့ အရေးကြီးဆုံး ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်ခု ဖြစ်ပြီး ဗီတာမင် C ကတော့ ကျန်းမာတဲ့ အသားအရေအတွက် မရှိမဖြစ်တဲ့ ဓာတ်တစ်မျိုးပါ။ အသားအရေ ကျန်းမာနုပျိုစေဖို့အတွက် ကော်လာဂျင်ကို ထုတ်လုပ်ရာမှာ ဗီတာမင် C ဓာတ်ဟာ အဓိက လိုအပ်ပြီး ဗီတာမင် E ကတော့ အသားအရေအတွက် လိုအပ်တဲ့ ရေဓါတ်ကို ဖြည့်ပေးပြီး အသားအရေခြောက်ခမ်းမှုကို ကာကွယ်ပေးနိုင်တဲ့အပြင် အရေပြား နုပျိုမှုအတွက်လည်း အားပေးပါတယ်။

(၄) ငါး

 Omega-3 Fatty
Photo : Fatty15

ဆယ်လ်မွန် ၊ ဆာဒင်းတို့လို ငါးတွေမှာ Omega-3 Fatty အက်ဆစ်ဓာတ်မြင့်လို့ ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်စွမ်း ရှိပါတယ်။ အရေပြားနဲ့ ပတ်သက်လို့ ယားယံနီရဲတာမျိုးလည်း လျှော့ချပေးနိုင်ပါတယ်။ ဆဲလ်အမှေးပါးလေးတွေအတွက် လိုအပ်တဲ့ အဆီဓါတ်ကိုလည်း ဖြည့်ဆည်းပေးနိုင်လို့ အသားအရေ တင်းရင်းပြီး အရေပြားတွန့်ရှုံ့တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ Omega-3 Fatty ဟာ အသားအရေအတွက် ရေဓါတ်ဖြည့်ပြီး အာဟာရဓါတ်ပေးနိုင်တဲ့အပြင် CoenzymeQ10 လို့ခေါ်တဲ့ ဆဲလ်ပျက်စီးမှုကို တိုက်နိုင်တဲ့ အင်ဇိုင်းတွေ ထုတ်ပေးနိုင်စွမ်းလည်း ရှိပါတယ်။

Source : INTEGRIS Health

Featured Photo : Men’s Health