အသားအရေ ကြည်လင်ပြီး Glow နေခြင်းသည် ကွီးတို့ စားသုံးလိုက်တဲ့ အစားအစာ များပေါ် အများကြီး မူတည်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးခြင်းသည် ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက အသားအရေအလှအပအတွက်ပါ အများကြီး အထောက်အကူဖြစ်စေပါတယ်။

အသားအရေ ကျန်းမာစိုပြေပြီး Glow နေစေဖို့အတွက်ဆိုရင် ကြာရှည်ခံ အစားအစာ များ၊ အဆီအဆိမ့်များလွန်းသော အစားအစာများ အစရှိတဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာများကို ရှောင်ကြဉ်သင့်ပြီး အခုဖော်ပြပေးမယ့် အစားအစာများကို စားသုံးသင့်ပါတယ်။

အိုမီဂါသရီ ကြွယ်ဝသော ငါးများ

အသားအရေ Glow အစားအစာ

ဆော်လမွန်ငါး၊ မက်ကရယ်ငါးတို့သည် အိုမီဂါသရီး ဖက်တိအက်ဆစ်ကြွယ်ဝသော ငါးများဖြစ်ပြီး သင့် အသားအရေ ကို သဘာဝအတိုင်း Glow နေအောင် ကူညီပေးမယ့် အစားအစာ ပဲဖြစ်ပါတယ်။ ဒါ့အပြင် ထိုငါးများသည် ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး နီမြန်းရောင်ရမ်းခြင်းကိုလည်း တားဆီးပေးပါတယ်။ ဆဲလ်သစ်များ ပြန်လည်ဖြစ်ပွားအောင် ကူညီပေးပြီး အသားအရေကို စိုပြေဝင်းပစေနေမှာဖြစ်ပါတယ်။

ထောပတ်သီး

အသားအရေ Glow အစားအစာ

ထောပတ်သီး ကြိုက်နှစ်သက်သူများအတွက် သတင်းကောင်းကတော့ ထောပတ်သီးသည် အသားအရေကို အစိုဓာတ် ထိန်းပေးပြီး တင်းရင်းစေရုံသာမကဘဲ ဆံကေသာ အလှအပနှင့် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါတယ်။

ထောပတ်သီးထဲတွင် Biotin ဓာတ်များ ပါဝင်ပြီး တကယ်လို့ သင့်ဆံကေသာနှင့် အသားအရေက လုံလောက်တဲ့ Biotin ဓာတ်ကို မရရှိပါက အရေပြားယားယံခြင်း၊ နီမြန်းခြင်းတို့ကို ခံစားရစေပါတယ်။

နေကြာစေ့

အသားအရေ Glow အစားအစာ

နေကြာစေ့သည် အသားအရေကျန်းမာရေးအတွက် အရေးပါတဲ့ သွားရေစာတစ်ခုဖြစ်ပါတယ်။ သူ့ထဲမှာ ဗီတာမင်အီးဓာတ်၊ Selenium နဲ့ ဇင့်ဓာတ်တို့ ပါရှိပြီး အသားအရေကို ကျန်းမာလှပစေပါတယ်။

မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါဝင်တဲ့ ဗီတာမင်အေသည် နေလောင်ခြင်း၊ ဆဲလ်များ ပျက်စီးခြင်း၊ အရေးအကြောင်း ပေါ်ခြင်းတို့မှ ကာကွယ်ပေးပြီး အသားအရေကို ကြည်လင်ဝင်းပနေအောင် ကူညီပေးပါတယ်။

Dark Chocolate

food for kwee

Dark Chocolate ထဲတွင် ကိုးကိုးမှုန့် ပါဝင်မှုများပြီး ထိုကိုးကိုးမှုန့်က အရေပြားအတွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေကို စိုပြေစေပါတယ်။

Green Tea

food for kwee

သင်သည် Green Tea မကြာခဏ သောက်တတ်သူတစ်ယောက်လား။

Green Tea သောက်သုံးခြင်းသည် စိတ်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှုကို လျော့ချပေးရုံသာမကဘဲ အသားအရေကိုလည်း တင်းရင်းလှပစေပါတယ်။ တစ်နေ့ကို Green Tea တစ်ခွက်လောက် သောက်သုံးပေးရုံနဲ့တင် စိတ်ကျန်းမာရေးနဲ့ အသားအရေကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါတယ်။

ထိုအစားအစာများကို များများစားသုံးပေးသင့်တဲ့အပြင် နောက်ထပ်အရေးအကြီးဆုံးအရာကတော့ ရေများများသောက်သုံးပေးရမှာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်သည် ရေဓာတ်ပြည့်ဝနေမှသာ အသားအရေက အစိုဓာတ်ရရှိပြီး ပါးရေတွန့်ခြင်း၊ အရေးအကြောင်းထခြင်း၊ အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းတို့ကို တားဆီးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် မသန့်စင်တဲ့ လက်ဖြင့် သင့်မျက်နှာကို ထိတွေ့ကိုင်တွယ်ခြင်း၊ လက်ဖြင့် ဝက်ခြံများ ညှစ်တတ်ခြင်း အစရှိတဲ့ အလေ့အကျင့်များကိုလည်း ဖယ်ရှားပေးရမှာဖြစ်ပါတယ်။ မသန့်ရှင်းတဲ့လက်ဖြင့် ဝက်ခြံညစ်မိတဲ့အခါ လက်သည်းကြားထဲမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယားများသည် ဝက်ခြံကို ပိုမိုဖူးရောင်လာစေပြီး နီမြန်းရောင်ရမ်းစေပါလိမ့်မယ်။

Source: Mountelizabeth

Featured Image: Blog.mybalancemeals