ဒီတစ်ပတ်မှာတော့ လန်ဒန်မြို့ခံပြိုင်ဘက် ၂ သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းတစ်ပွဲကို ပရိသတ်တွေ ကြည့်ရှုခံစားရတော့မှာ ဖြစ်ပါတယ်။ ဂန်းနားတို့ကတော့ နှစ်တိုင်းကြုံတွေ့နေကျ ဆောင်းရာသီ အိပ်မက်ဆိုးကို ဆက်ထိန်းထားပြီး လက်ရှိ ပရီးမီးယားလိဂ်မှာ ရိုးရာမပျက် ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို ဆင်းပေးထား ရတာပါ။

chelsea vs arsenal

Photo : Chelsea Football Club

ကစားသမား ဒဏ်ရာပြဿနာတွေ ရှိနေသလို လက်ရှိ ပွဲကြပ်ကာလလည်း ဖြစ်နေတဲ့ ဂန်းနားတို့အတွက် ချဲလ်ဆီး အိမ်ကွင်းမှာ သွားရောက် ကစားရမယ့် ဒီပွဲက ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာတော့ အသေအချာပါပဲ။ ဒါပေမယ့် အာကြီးက ချဲလ်ဆီးနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ ဂိုးပြတ် နိုင်ပွဲ ၁ ပွဲ အပါအဝင် ၂ ပွဲနိုင် ၁ ပွဲသရေဆိုတဲ့ ရလဒ် ကို ပိုင်ဆိုင်ထားတာပါ။

chelsea vs arsenal

Photo : Chelsea Football Club

ဆိုတော့ လက်ရှိ ဒီရာသီမှာ ခြေစွမ်းတိုးတက်လာပေမယ့် နောက်တန်း ခံစစ်ပိုင်း အားနည်းချက်တွေ ရှိနေသေးတဲ့ ချဲလ်ဆီးတို့ကပဲ အာကြီးကို အိမ်ကွင်း အထိခေါ်ပြီး သွင်းဂိုး အလှူကြီး ပေးဦးမလား ? ဒါမှ မဟုတ် ပွဲပန်းနေတဲ့ အာကြီးတို့ကရော ချဲလ်ဆီး အိမ်ကွင်းမှာ မျက်နှာပန်း လှနိုင်ပါ့မလား ? အားကစားဝါသနာရှင် ကွီးပရိသတ်တွေကရော ဒီပွဲနဲ့ ပတ်သတ်ပြီး ဘယ်လို ရလဒ်မျိုး ထွက်ပေါ်လာနိုင်မလဲဆိုတာ ကွန်းမန့်မှာ သုံးသပ် ပေးခဲ့ပါဦး။

Featured Photo : Khel Now