ခဏ ခဏ အာရုံ လာစားတဲ့သူတွေကြောင့် ဘူ နေရင် အခုဖော်ပြမယ့် ဂိမ်းတွေ ဆော့ကြည့်ပါလား။ စိတ်အပန်းလည်း ပြေစေမှာဖြစ်သလို ကိုယ့်စိတ်ကြိုက် ကာရိုက်တာများကိုလည်း ရွေးချယ်ကာ ဆော့ကစားနိုင်ပါတယ်။ ပဟေဠိ ဂိမ်းမျိုးပဲ စိတ်ဝင်စားသလား၊ ဖိုက်တင် ပလေးရတဲ့ အက်ရှင်ဂိမ်းတွေပဲ စိတ်ဝင်စားသလား မိမိစိတ်ဝင်စားတဲ့ ဂိမ်းတွေကို ကိုယ်တိုင်ကိုယ်ကျရွေးချယ်ကာ ဆော့ကစားနိုင်ပါတယ်။

ဘယ်လိုဂိမ်းတွေက ကွီးတို့ရဲ့ ထွေပြားနေတဲ့ အာရုံ တွေကို ကြည်လင်သွားစေမလဲ၊ ဘူ နေတာတွေကို ပြေပျောက်သွားစေမလဲဆိုတာ အခုပဲ ဆက်လေ့လာကြည့်လိုက်ပါ။

DC Legends: Battle for Justice

ဒီဂိမ်းကတော့ ရှယ်မိုက်ပါတယ်။ ကာရိုက်တာ ပေါင်းစုံကို ကွီးတို့ စုဆောင်းထားနိုင်ပြီး သူတို့ကို Level တက်လာအောင် ဆော့ကစားကာ လူဆိုးတွေနဲ့ တစ်ပွဲတစ်လမ်း အပီအပြင် နွှဲရမှာဖြစ်ပါတယ်။ Events မျိုးစုံလည်း ထည့်ပေးထားတာဆိုတော့ ထို Events တွေကို လက်မလွှတ်အောင်လို့ ဆော့ကစားဖို့ လိုပါတယ်။ ဒီဂိမ်းလေးက ဖရီး ဆော့ကစားနိုင်တာဆိုတော့ ပိုက်ဆံ ကုန်မှာ စိုးရိမ်စရာမလိုပါဘူး။

Marvel Contest of Champions

games

Marvel Contest of Champions ဆိုတဲ့ နာမည်အတိုင်းပဲ နာမည်ကြီး စူပါဟီးရိုး ကာရိုက်တာအများကြီးကို အခြေခံထားတာပဲဖြစ်ပါတယ်။ ဆော့ကစားတဲ့အခါ သူသည် ဟီးရိုးတစ်ဖွဲ့၊ ဗီလိန်တစ်ဖွဲ့ ဖွဲ့ပြီး ဆော့ကစားရတာဖြစ်ပြီး ဟီးရိုးတွေကို Captain America ၊ Star-Lord စသည်ဖြင့် ကိုယ်ကြိုက်တဲ့ လူတွေနဲ့ ဖွဲ့စည်းနိုင်ပြီး ဗီလိန်တွေကိုလည်း Venom ၊ Green Goblin ဆိုပြီး မိမိစိတ်ကြိုက် ဖွဲ့နိုင်ပါတယ်။ ဒီလိုမျိုး အုပ်စုတွေ ဖွဲ့စည်းပုံကလည်း Bonus တွေ အများကြီးရအောင် ကူညီပေးပါလိမ့်မယ်။

Lego Star Wars: The Complete Saga

အာရုံ ဘူ

ဒီဂိမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရိုးရှင်းပြီး ဆော့လို့ကောင်းတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ ခေါင်းစဥ်အတိုင်းပဲ Graphic ဒီဇိုင်းတွေ အကုန်လုံးက Lego ပုံစံ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကာရိုက်တာ မျိုးစုံ ပြောင်းလဲကာ ဆော့ကစားနိုင်သလို Lego အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ ယူနီဗာ့စ်အနှံ့ သွားရောက်လည်ပတ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

Spider-Man: Miles Morales

အာရုံ ဘူ

စပိုက်ဒါမန်း ပရိသတ်တွေအတွက် အကြိုက်တွေ့သွားစေမယ့် ဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်။ ဂိမ်း ဆိုပေမယ့်လည်း ဇာတ်လမ်း ဇာတ်ကွက် ခိုင်ခိုင်မာမာနှင့် တည်ဆောက်ထားတဲ့အတွက်ကြောင့် ဆော့ကစားရသူအနေနဲ့ မပျင်းရလေအောင် ဖန်တီးပေးမှာဖြစ်ပြီး ကွီးတို့ကို မဆော့ ဆော့ချင်အောင် ဆွဲဆောင်နေမှာပဲဖြစ်ပါတယ်။ CD Insomniac Games ကနေ တီထွင်ထားတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး PS4 နှင့် PS5 တို့တွင် ဆော့ကစားနိုင်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဂိမ်းတွေထဲက ဘယ်ဂိမ်းတွေကို ဆော့ကစားဖူးပါသလဲ။

Featured Image: Frontofficesports