ကွီးတို့ အလုပ်စားပွဲမှာ အလုပ်လုပ်တဲ့အခါ သက်သောင့်သက်သာရှိရှိနဲ့ အလုပ်လုပ်နိုင်မှသာလျှင် အလုပ်တွေအပေါ် အာရုံစူးစိုက်နိုင်မှာပါ။ ကွီးတို့ သက်သောင့်သက်သာနဲ့ အာရုံ စူးစိုက်ပြီး အလုပ် လုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပစ္စည်းတွေက ကွီးတို့အတွက် မရှိမဖြစ်ပါပဲ။

ဘယ်လိုပစ္စည်းတွေက ကွီးတို့ကို သက်သောင့်သက်သာရှိစွာနဲ့ အာရုံ စူးစိုက်ပြီး အလုပ် လုပ်နိုင်အောင် ကူညီပေးမလဲဆိုတာကို အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

Branch Ergonomic Chair

Branch Ergonomic Chair

ဒီထိုင်ခုံကတော့ ကွီးတို့ အလုပ်စားပွဲမှာ သက်သောင့်သက်သာနဲ့ ထိုင်နိုင်အောင် ကူညီပေးမယ့် ထိုင်ခုံတစ်ခုပဲ ဖြစ်ပါတယ်။ ထုထည် သိပ်သည်းတဲ့ ဖော့များနဲ့ ပြုလုပ်ထားတာဖြစ်တဲ့ အတွက်ကြောင့် ထိုင်ရတာ သက်သောင့်သက်သာ ရှိနေမှာပါ။ ထိုင်တဲ့ အချိန် ကြာလာရင်လည်း ထိုင်ခုံက အပူကို စုပ်ယူမထားတာကြောင့် ပူနေမှာ မဟုတ်ပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၂၉ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။

Union & Scale FlexFit Hyken Mesh Task Chair

Union & Scale FlexFit Hyken Mesh Task Chair

ဒီထိုင်ခုံလေးကတော့ ဘတ်ဂျက်သမားတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်စေမှာပါ။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ ဝန်းကျင် ပေးချေရမှာပဲဖြစ်ပါတယ်။ ကျောမှီရတာလည်း အဆင်ပြေပြီး ထိုင်ခုံ အနိမ့်အမြင့်ကိုလည်း ကွီးတို့ စိတ်တိုင်းချ ချိန်ညှိနိုင်ပါတယ်။

Branch Verve Chair

အာရုံ အလုပ်

ဒီအမျိုးအစားကတော့ ဒေါ်လာ ၅၄၉ ဒေါ်လာလောက် ကုန်ကျမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အရောင်ကတော့ သန္တာကျောက်တန်းရောင်ဖြစ်ပြီး ထိုင်ခုံ အနိမ့် အမြင့်ကလည်း ချိန်ညှိလို့ ရပါတယ်။ ဈေးနှုန်းကတော့ ခန့်မှန်းခြေ ဒေါ်လာ ၅၃၀ နဲ့ ၅၄၀ ကြား ကုန်ကျမှာ ဖြစ်ပါတယ်။

Autonomous ErgoChair Pro

အာရုံ အလုပ်

ဒီအမျိုးအစားကတော့ ခါးနာ သက်သာအောင်နဲ့ ထိုင်ရတာ သက်သောင့်သက်သာရှိအောင် ဒီဇိုင်းဆွဲကာ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ ဝန်းကျင် ပေးချေရမှာပဲ ဖြစ်ပါတယ်။

Steelcase Gesture

အာရုံ အလုပ်

နောက်ထပ် အမျိုးအစားတစ်ခုကတော့ ဒီဇိုင်း မိမိုက်ရုံတင် မကဘဲ ထိုင်ရတာ အိစက် ညက်ညောနေမှာပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၁၂ နှစ်လောက် အသုံးခံတဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ သက်တမ်း ၁၂ နှစ်လောက် ခံတာဆိုတော့ ဈေးနှုန်းကတော့ ပြောမနေပါနဲ့။ ဒေါ်လာ ၁၄၀၀ ဝန်းကျင် ပေးချေရမှာပဲ ဖြစ်ပါတယ်။

QOR360 The Ariel

အာရုံ အလုပ်

ဒီထိုင်ခုံကတော့ ခါးနာတတ်တဲ့သူတွေအတွက် သီးသန့် ထုတ်ပေးထားတာပဲ ဖြစ်ပါတယ်။ လက်တန်းတွေ ခေါင်းနောက်မှီတွေ မပါ ပါဘူး။ ဒီအမျိုးအစားကိုတော့ ဒေါ်လာ ၃၉၅ ဒေါ်လာဖြင့် ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အလုပ်မှာ အာရုံ စူးစိုက်စွာနဲ့ အလုပ် လုပ်နိုင်ဖို့ ဘယ်လို ပစ္စည်းတွေ အသုံးပြုလေ့ ရှိပါသလဲ။

Source: Wired.com

Featured Image: Nytimes.com