အာရှ နိုင်ငံတွေမှာ ခရီးသွား လည်ဖြစ်ရင်း ကြုံကြိုက်လို့ ဈေးဝယ် ချင်ပါတယ်လို့ ကွီးတို့ စကီလေးက တောင်းဆိုလာခဲ့ရင်တော့ အခုဖော်ပြပေးမယ့် နေရာများဆီသို့ ခေါ်သွားသင့်ပါတယ်။ ဒီနေ့ရာများကတော့ ဈေးနှုန်းလည်း သင့်တင့်ပြီး ဈေးဝယ်ထွက်လို့ကောင်းတဲ့ နေရာများပဲ ဖြစ်ပါတယ်။

Chatuchak Weekend Market

Chatuchak Weekend Market

ဒီနေရာလေးကတော့ Weekend Market ဆိုတဲ့ အတိုင်းပဲ စနေ၊ တနင်္ဂနွေ နေ့တွေမှာဆိုရင် ဈေးဝယ်ထွက်လို့ကောင်းတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ အားလုံးကို တစ်နေရာတည်းမှာ အစုံ ရချင်ရင်တော့ ဒီနေရာလေးဆီသာ သွားသင့်ပါတယ်။ ဒေသထွက် အစားအစာများ၊ အိမ်သုံး ပစ္စည်းမျိုးစုံ၊ လက်မှု ပစ္စည်းမျိုးစုံ၊ ရှေးဟောင်း ပစ္စည်းများနဲ့ အပင်ငယ်များတောင် ဝယ်လို့ရပါသေးတယ်။ ဈေးဝယ်ထွက်ရတာ ညောင်းနေရင်လည်း ထိုင်းရိုးရာ နှိပ်နယ်နည်းများဖြင့် အနှိပ်ခံလို့ ရပါသေးတယ်။

MBK Center (Ma Boon Khrong Center)

အာရှ ခရီးသွား ဈေးဝယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ထဲမျာ တည်ရှိတဲ့ အကြီးဆုံး ရှော့ပင်းမောလ်တစ်ခုပဲ ဖြစ်ပါတယ်။​ ၈ ထပ် မြင့်ပြီး ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော်တော်ဆိုတော့ ဈေးဝယ်ထွက်ချင်သူများအတွက် နိဗ္ဗာန်ဘုံတစ်ခုပါပဲ။ အလှကုန်ပစ္စည်းတွေပဲ ဝယ်မလား၊ အိမ်သုံး ပစ္စည်းတွေပဲ ဝယ်မလား အစုံရပါတယ်။

Taipei 101

အာရှ ခရီးသွား ဈေးဝယ်

ထိုင်ဝမ်ရှိ အကြီးဆုံး မိုးမျှော်တိုက်ကြီးမှာ ဈေးဝယ်ထွက်ချင်တယ်ဆိုရင်တော့ ဒီနေရာလေးဆီ သွားသင့်ပါတယ်။ ၁၀၁ ထပ်မြင့်ပြီး နာမည်ကြီး ဘရန်းတွေဖြစ်တဲ့ Gucci ၊ Prada ၊ Louis Vuitton အစရှိတဲ့ ဘရန်းတွေ အစုံ ရှိပါတယ်။ ဇိမ်ခံပစ္စည်းများ အားလုံးကို စုံစုံလင်လင် မြင်တွေ့ချင်ရင်တော့ ဒီနေရာဆီ သွားကာ ဈေးဝယ်ထွက်သင့်ပါတယ်။

CentralFestival Hatyai

အာရှ ခရီးသွား ဈေးဝယ်

ထိုင်းနိုင်ငံတွင်းမှာတည်ရှိပြီး ကမ္ဘာလှည့် ခရီးသွားများနဲ့ ပြည့်နှက်နေတဲ့ Hatyai နေရာလေးပဲ ဖြစ်ပါတယ်။ Hatyai မြို့လယ်ခေါင်မှာ တည်ရှိပြီး ရထားဘူးတာနဲ့ဆိုရင် ၃ မိနစ်၊ လေဆိပ်နဲ့ဆိုရင် ၁၅ မိနစ်၊ ကားနဲ့ဆိုရင် ၁ မိနစ်လောက်သာ ကြာမြင့်ပါတယ်။ အမျိုးပေါင်း ၂၅၀ ကျော်သော ဖက်ရှင်ဘရန်းဆိုင်များ၊ နာမည်ကြီး ကျော်ကြားသော စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံပေါင်း ၁၀ ရုံ တည်ရှိတဲ့အပြင် စကိတ်စီးလို့ရတဲ့ နေရာလည်း တည်ရှိပါသေးတယ်။ ထိုင်းနိုင်ငံဆီ ရောက်ဖြစ်တယ်ဆိုရင်တော့ ဒီနေရာလေးဆီ သွားကို သွားလည်သင့်ပါတယ်။

MinNature Malaysia

အာရှ ခရီးသွား ဈေးဝယ်

မလေးရှားနိုင်ငံမှာ တည်ရှိပြီး မလေးရှားလူမျိုးတို့ရဲ့ သဘာဝ အလှအပများကို မျက်စိတစ်ဆုံး မြင်တွေ့နိုင်တဲ့ နေရာလေးပဲ ဖြစ်ပါတယ်။ ပုံစံငယ် သေးသေးလေးများက သူတို့ရဲ့ သဘာဝ အလှအပကို မြတ်နိုးကြောင်း ပြသနေတာဖြစ်ပြီး နှစ်စဥ်နှစ်တိုင်း ကမ္ဘာလှည့် ခရီးသွားများနဲ့ ပြည့်နှက်နေတဲ့ မှော်ဆန်ဆန် နေရာလေးပဲ ဖြစ်ပါတယ်။ ပထမထပ်မှာဆိုရင်လည်း ဈေးဝယ်ထွက်လို့ရတဲ့ ပလာဇာတစ်ခု တည်ရှိပြီး Green Zone ကတော့ မျက်စိ ပသာဒ ဖြစ်စေတာ အမှန်ပါပဲ။

Galleria Ulaanbaatar

အာရှ ခရီးသွား ဈေးဝယ်

မွန်ဂိုလီးယားထဲမှာ တည်ရှိပြီး မြို့ရဲ့ အချက်အချာကျသော နေရာမှာ တည်ရှိတဲ့ ရှော့ပင်း စင်တာကြီးပဲ ဖြစ်ပါတယ်။ ဒီထဲမှာဆိုရင် ကမ္ဘာ့အကြီးဆုံး ကတ်ရှ်မီးယား အထည်များကို ရောင်းချတဲ့ စတိုးဆိုင်ကြီးလည်း တည်ရှိပါတယ်။ ဒါ့အပြင် အမှတ်တရ လက်ဆောင်များ ဝယ်ယူလို့ရတဲ့ ဆိုင်များ၊ အရသာ ထူးကဲကောင်းမွန်တဲ့ စားသောက်ဆိုင်များကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး ဒေသထွက် အစားအစာမျိုးစုံကို စားသောက်နိုင်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ အာရှ နိုင်ငံရှိ ခရီးသွား နေရာများထဲကမှ ဘယ်နေရာတွေဆီမှာ ဈေးဝယ် ထွက်ဖူးပါသလဲ။

Source: Tripadvisor.com.sg

Featured Image: FWD