အာရှ တစ်လွှား ခြေဆန့် ပြီး အနားယူ အပန်းဖြေဖို့ စီစဥ်နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာတွေက မသွားမဖြစ် သွားလည်သင့်တဲ့ နေရာတွေပဲဖြစ်ပါတယ်။ ပိုက်ဆံကုန်ရကျိုးလည်း နပ်ပြီး အာရှတစ်လွှားက အလှအပတွေကို ငေးမောကြည့်ရှုခံစားနိုင်ပါတယ်။

ကွီးတို့အနေနဲ့ တစ်ယောက်တည်းလည်း သွားရောက် လည်ပတ်နိုင်သလို၊ အဖော်အပေါင်းနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ချစ်သူလေးနဲ့ပဲဖြစ်ဖြစ် သွားရောက် လည်ပတ်နိုင်ပါတယ်။ အာရှ နိုင်ငံများထဲတွင် ကွီးတို့ မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံများကတော့ …

ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ တိုကျိုကို အရင်ဦးဆုံး သွားရောက်လည်ပတ်သင့်ပါတယ်။ ခေတ်အမီဆုံး မြို့တစ်မြို့လို့တောင် ဆိုလို့ရပါတယ်။ တိုကျိုပြီးသွားရင်တော့ ကျိုတိုဆီ သွားလည်ပါ။ ထို့နောက် အိုဆာကာမြို့ကိုလည်း မေ့မထားသင့်ပါဘူး။ တစ်နေရာနဲ့ တစ်နေရာ သဘာဝ အလှအပတွေကလည်း မတူညီဘူးဆိုတော့ ကွီးတို့တွေ သဘောကျ နှစ်ခြိုက်ကြမှာ အသေအချာပါပဲ။

ဒူဘိုင်း

ဒူဘိုင်း

ဒူဘိုင်းကလည်း ကမ္ဘာလှည့် ခရီးသွားများအကြား ခေတ်စားပါတယ်။ လည်ပတ်လို့ရတဲ့ နေရာတွေကလည်း အများကြီးပါပဲ။ ဒူဘိုင်းမောလ်လည်းရှိသလို စကိတ်စီးလို့ရတဲ့ Ski Dubai လည်းရှိပါသေးတယ်။ ဒါတင်မကသေးပါဘူး။ Dubai Miracle Garden ၊ Aquaventure Waterpark ၊ Dubai Aquarium & Underwater Zoo အစရှိတဲ့ လည်ပတ်စရာနေရာများ အများကြီးပါပဲ။ ဒါ့အပြင် ဒူဘိုင်းရဲ့ သဲကန္တရာပေါ်မှာ ကုလားအုတ် စီးပြီး တစ်မူထူးခြားတဲ့ အတွေ့အကြုံကို ခံစားနိုင်ပါသေးတယ်။

စင်ကာပူ

အာရှ ခြေဆန့်

စည်းစနစ်အကျဆုံး နိုင်ငံကြီးသားများ နေထိုင်ရာမြို့၊ စည်းကမ်းကြီးတဲ့ မြို့တစ်မြို့ဖြစ်တဲ့ စင်ကာပူမြို့သည်လည်း နှစ်စဥ်ဆိုသလို ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည့်နှက်နေတာဖြစ်ပါတယ်။ Pulau Ubin ၊ Tampines ၊ Jurong ငှက်ဥယျာဥ်နှင့် ရေကန်၊ Universal Studios Singapore ၊ Singapore Flyer စသည်ဖြင့် လည်ပတ်စရာနေရာများ အများအပြားရှိပါတယ်။ ဆန်တိုဆာ ခြင်္သေ့တစ်ပိုင်း ရေသူမတစ်ပိုင်း တာဝါကြီးကလည်း အထင်ကရ နေရာကြီးတစ်ခု ဖြစ်ပါတယ်။

ထိုင်း

အာရှ ခြေဆန့်

ဈေးဝယ်ထွက်ချင်တယ်ဆိုရင်တော့ ဘန်ကောက်ကိုသွားပါ။ သဘာဝ အလှအပကို ခုံမင်တယ်ဆိုရင်တော့ ချင်းမိုင်ကို သွားလည်ပါ။ ဒါမှမဟုတ်သေးဘူး၊ ပင်လယ်ကမ်းခြေတွေ သွားလည်ချင်တာဆိုရင်တော့ ဖူးခက်ကို သွားသင့်ပါတယ်။ ကွီးတို့ရော ထိုင်းနိုင်ငံထဲက နေရာတော်တော်များများကို သွားရောက်လည်ပတ် ပြီးပြီလား။

ဗီယက်နမ်

အာရှ ခြေဆန့်

ဗီယက်နမ်နိုင်ငံသည်လည်း အာရှ နိုင်ငံများထဲတွင် ခြေဆန့် လို့ကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ လည်ပတ်လို့ရတဲ့ နေရာတွေ အများအပြားရှိတဲ့အနက် ဟနွိုင်း၊ ဟိုချီမင်း၊ ဟလောင်း ကမ်းခြေ အစရှိသဖြင့် အများအပြားပါပဲ။ အထူးသဖြင့် ဟလောင်း ကမ်းခြေသည် ပြာလဲ့လဲ့ ပင်လယ်ရေကြောင့် နာမည်ကြီးပြီး ကျောက်ဆောင်၊ ကျောက်တန်းများရဲ့ အလှကလည်း ရင်သပ်ရှုမောစရာပါပဲ။

အင်ဒိုနီးရှား

အာရှ ခြေဆန့်

အင်ဒိုနီးရှားကို သွားလည်မယ်ဆိုရင်တော့ ဘာလီကို သွားသင့်ပါတယ်။ ဟန်းနီးမွန်းထွက်မယ့် ပူပူနွေးနွေး ကြင်စဦး လင်မယားတွေ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပါပဲ။ ဒါ့အပြင် Ubud လို့ခေါ်တဲ့ မြို့မှာတော့ အနုပညာပြခန်းများ၊ ဘုန်းကြီးကျောင်းများ၊ လက်ရာမြောက် ဗိသုကာ အဆောက်အဦးများကို လေ့လာနို်ငပါတယ်။ ဒါ့အပြင် ဂျာကာတာမို့ကတော့ နိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး အမျိုးသား ပြတိုက်ထဲသို့ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကွီးတို့ရော အာရှထဲက ဘယ်နိုင်ငံတွေဆီ ခြေရာထပ်အောင် လည်ပတ်ခဲ့ပြီးပြီလဲ။

Featured Image: Freepik