ယခုကဲ့သို့ ဆောင်းမရောက်တစ်ရောက် အချိန်လေးဟာ အပူအအေး အရမ်းမလွန်ကဲတဲ့အတွက် တစ်နှစ်တာလုံးမှ ခရီးသွားလို့ အကောင်းဆုံးအချိန်ပါပဲ။ ဒီလို ဆောင်းရာသီရဲ့ အေးမြတဲ့ ရာသီဥတုလေးအောက်မှာ နွေးထွေးတဲ့ နေရာင်ခြည်လေးကို နေရာအသစ်လေးမှာ ခံစားရတာလည်း အမှန်ပင် မတူညီတဲ့ ရသတစ်မျိုးကို ခံစားရစေမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ဒီလိုဆောင်းရာသီအချိန်မှာ လည်ပတ်ဖို့ အာရှ တစ်ခွင်မှာရှိတဲ့ နွေးထွေးသော နေရာများ ကိုဖော်ပြပေးချင်ပါတယ်။

(၁) Siargao

အာရှ နွေးထွေးသော နေရာများ

Photo : Getty Imges

ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ Siargao ဆိုတဲ့ ကျွန်းလေးဟာ တစ်ချိန်က လူသိများပြီး ရေလွှာလျှောစီးသူများအတွက် အကောင်းဆုံးနေရာတစ်ခုပါ။ ဒီကျွန်းလေးမှာ လှေစီးပြီး အရမ်းကိုလှပတဲ့ ရှုခင်းများကို ခံစားနိုင်ပါတယ်။ ဒါ့အပြင် ရှေးဟောင်းလမုတောများကိုဖြတ်ပြီး တောတွင်းလှော် တက်ခြင်းနှင့် ဂူအတွင်း ကမ်းပါးခုန်ခြင်း စတဲ့ စိတ်လှုပ်ရှားမှုများဖွယ်ကောင်းတဲ့ လှုပ်ရှားမှုများကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဆောင်းတွင်းမှာတောင် ပျှမ်းမျှအပူချိန်က ၂၇ ဒီဂရီ ဆဲလ်စီးယက်စ် ပဲရှိတဲ့ အတွက် အာရှ ထဲမှာ သွားရောက်လည်ပတ်လို့ကောင်းတဲ့ နွေးထွေးသော နေရာများ ထဲကတစ်ခုပါပဲ။

(၂) Phu Quoc

အာရှ နွေးထွေးသော နေရာများ

Photo : Vietnam

ဗီယက်နမ်နိုင်ငံမှာရှိတဲ့ Phu Quoc ကတော့ ကျွန်းရဲ့ တစ်ဝက်ကျော်ကို ယူနက်စကို စာရင်းသွင်းထားသော အမျိုးသားဥယျာဉ်တစ်ခု ဖြစ်ပါတယ်။ တောင်တတ်ခြင်းနဲ့ ခြေလျင်ခရီးလည်းအတွက် ကောင်းမွန်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် Phu Quoc ကျွန်းရဲ့မြောက်ဘက်မှာရှိတဲ့ Phu Quoc United Center ကလည်း သွားရောက်လည်ပတ်လို့ကောင်းတဲ့ နေရာတစ်ခုပါ။

အာရှ နွေးထွေးသော နေရာများ

Photo : Hotels

ရေငုတ်ချင်တဲ့ သူတွေအတွက်လည်း အဆင်ပြေပြီး တစ်နှစ်ပတ်လုံး ပူနွေးတဲ့ရေထဲမှာ လှပတဲ့ သန္တာကျောက်တန်းများနှင့် အဏ္ဏဝါသက်ရှိများကိုလည်း စူးစမ်းလေ့လာလို့ ရပါသေးတယ်။ သဲဖြူသောင်ပြင်များတွင် အပန်းဖြေအနားယူနိုင်ပါတယ်။

(၃) ဘာလီ

barli

Photo : Norweigan Cruise Line

အင်ဒိုနီးရှားက ဘာလီကျွန်းလေးကလည်း အာရှ တစ်လွှားမှာ ဆောင်းရာသီအတွင်း လည်ပတ်လို့ကောင်းတဲ့ ‌နွေးထွေး တဲ့ နေရာများ ထဲကတစ်ခု ဖြစ်ပါတယ်။ ဘာလီဟာ တစ်သက်မှာတစ်ခေါက်လောက်တော့ သွားရောက်လည်ပတ်သင့်တဲ့ တကယ်ကိုလှပတဲ့ နေရာလေးပါ။ ဘာလီဟာ လှိုင်းစီးခြင်း၊ ရေငုပ်ခြင်း နှင့် ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံများကို အကောင်းဆုံးပေးစွမ်းနိုင်သော ကျွန်းတစ်ကျွန်းဖြစ်ပြီး မြို့ပြဘဝမှ ခဏတာ လွတ်မြောက်လိုသော စုံတွဲများ၊ မိသားစုများနှင့် အဖွဲ့လိုက် ခရီးသွားသူများအတွက် အကောင်းဆုံးရွေးချယ်စရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

(၄) Krabi

Krabi

Photo : The Telegraph

Krabi ကတော့ ထိုင်းနိုင်ငံ၏ အလှဆုံးကျွန်းတွေထဲမှ တစ်ခုဖြစ်ပါတယ်။ ဒီကျွန်းလေးမှာ အားလပ်ရက်ကို အနားယူအချိန်ဖြုန်းဖို့ အကောင်းဆုံးပါပဲ။ ကွီးတို့အနေနဲ့ ဒီလှပတဲ့ ကျွန်းလေးမှာ ရေငုတ်မလား၊ အပန်းဖြေအနားယူမလား စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်။ ဆောင်းရာသီမှာ ပျှမ်းမျှအပူချိန် အနေနဲ့ ၂၆ ဒီဂရီ ဆဲလ်စီးယက်စ်သာ ရှိတာကြောင့် မပူမအေးဘဲ လည်ပတ်လို့ကောင်းတဲ့ နေရာလေးပါ။

(၅) Kathmandu

Kathmandu

Photo : The Independent

ကွီးတို့အတွက် နောက်ထပ်ဖော်ပြပေးချင်တဲ့ နေရာတစ်ခုကတော့ နီပေါနိုင်ငံရဲ့ မြို့တော် Kathmandu ပဲဖြစ်ပါတယ်။ နီပေါနိုင်ငံကို ရောက်ရောက်ချင်း အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ဆင်းသက် ပြီးသည်နှင့် တစ်ပြိုင်နက် မြင်နိုင်သော ဗောဓိစေတီတော်သည် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာဝင် များအတွက် အဓိက ဘုရားဖူးရာနေရာ တစ်ခုလည်း ဖြစ်ပါတယ်။ နံနက်စောစောအချိန်မှာ Durbar ရင်ပြင်ကိုဗဟိုပြုပြီး နတ်ကွန်းများ၊ ဘုရားကျောင်းများအပြင် လက်ဖက်ရည်ဆိုင်များနှင့် ဈေးများဆီသို့ ဦးတည်သောလမ်းများဖြင့် ဝန်းရံထားသည့် Kathmandu မြို့ရဲ့ ရှေးဟောင်းနေရာများကို ရှာဖွေရန် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

ကွီးတို့ကို အခုဖော်ပြပေးလိုက်တာကတော့ အာရှ တစ်လွှားမှ ဆောင်းရာသီမှာ လည်ပတ်လို့ကောင်းတဲ့ နွေးထွေးသော နေရာများ ပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဒီလိုဆောင်းရာသီမှာ အာရှထဲမှာပဲ ခရီးသွားဖို့ စဉ်းစားနေတယ်ဆိုရင် အထောက်အကူ ပြုမယ်လို့ မျှော်လင့်ပါတယ်။

Source : Tatler

Featured Photo : Ataholidays