ကွီးတို့က ပုံမှန် အားကစား လုပ်နေတဲ့ သူတစ်ယောက်ဆိုရင်တော့ Fitness Trackers တစ်ခုတော့ သေချာပေါက် ဝယ်ထားသင့်ပါတယ်။ Fitness Trackers တွေက ကွီးတို့ အားကစားလုပ်ချိန်မှာ အကူအညီ အများကြီး ရစေသလို ကွီးတို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ် ၊ လှုပ်ရှားမှုအဆင့် ၊ နှလုံးခုန်နှုန်းနဲ့ အိပ်စက်မှု အရည်အသွေးတွေကိုပါ တိုင်းတာတွက်ချက် ပေးပါတယ်။ ဒီတစ်ခေါက်မှာတော့ အားကစားအမြဲ လုပ်သူတွေ ဝယ်ကိုဝယ်ထားသင့်တဲ့ မရှိမဖြစ် ပစ္စည်းလေးဖြစ်တဲ့ Fitness Trackers တွေထဲက အကောင်းဆုံးအချို့ကို ရွေးချယ် ပြောပြပေးပါမယ်။

(၁) Amazfit GTR 4


Photo : The Verge

ဒီဇိုင်းမိုက်မိုက်နဲ့ အထာကျတဲ့ Fitness Trackers တွေမှာ ကြိုက်တယ်ဆို Amazfit GTR 4 ကို ရွေးချယ်နိုင်ပါတယ်။ Amazfit GTR 4 က အချင်း ၄၄ မီလီမီတာရှိတဲ့ OLED မျက်နှာပြင်ပါ Smartwatch တစ်လုံးဖြစ်ပြီး အလေးချိန် ၃၄ ဂရမ်သာ ရှိပါတယ်။ Battery Life ၁၄ ရက်နဲ့အထက် အသုံးပြုနိုင်ပြီး Bluetooth / Wi-Fi ချိတ်ဆက်မှု ၊ 5ATM Water Resistance Music Storage 2.3GB ပါပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

(၂) Apple Watch Series 9

Apple Watch Series 9

Photo : The Verge

Smartwatch တွေ ၊ Fitness Trackers တွေ အကြောင်း ပြောရင်တော့ Apple Watch တွေကို ချန်ထားခဲ့လို့ မရပါဘူး။ Apple Watch Series 9 ကတော့ အားကစား သမားတွေ သေချာပေါက် ရွေးချယ်သင့်တဲ့ Smartwatch တစ်လုံးပါ။ Display ကတော့ LTPO OLED မျက်နှာပြင်ကို အသုံးပြုထားပြီး အချင်း ၄၁ မီလီမီတာနဲ့ ၄၅ မီလီမီတာ ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၄၁ မီလီမီတာက ၃၂ ဂရမ်နဲ့ ၄၅ မီလီမီတာက ၃၉ ဂရမ် ရှိပါတယ်။ Battery Life ၁၈ ရက်နဲ့ အထက် အသုံးပြုနိုင်ပြီး Bluetooth, Wi-Fi ချိတ်ဆက်မှု ၊ Music Storage 32GB နဲ့ ရေအနက် ၅၀ မီတာအောက်အထိ ရေစိမ်ခံနိုင်စွမ်း ရှိပါတယ်။ ဈေးနှုန်းက‌တော့ ၃၂၉ ဒေါ်လာဝန်းကျင် ကျသင့်မှာပါ။

(၃) Samsung Galaxy Watch 6

Samsung Galaxy Watch 6

Photo : The Verge

Samsung ဖန်တွေအတွက်တော့ Samsung Galaxy Watch 6 ရှိပါတယ်။ Samsung Galaxy Watch 6 ကလည်း ၄၀ မီလီမီတာနဲ့ ၄၄ မီလီမီတာ ဆိုပြီး မျက်နှာပြင်အရွယ်အစား ၂ ဆိုဒ် ရွေးနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာပြင် အမျိုးအစားကတော့ OLED Display ကို အသုံးပြုပေးထားပြီး အလေးချိန်အနေနဲ့ ၄၀ မီလီမီတာက ၂၈.၇ ဂရမ်နဲ့ ၄၄ မီလီမီတာက ၃၃.၃ ဂရမ် အလေးချိန် ရှိပါတယ်။ အားတစ်ခါသွင်းပြီးတာနဲ့ နာရီပေါင်း ၃၀ နာရီကနေ ၄၀ နာရီကြား အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် အားကစား သမားတွေ အကြိုက်တွေ့စေမှာပါ။ Built-in GPS ပါတဲ့အပြင် LTE Bluetooth ၊ Wi-Fi Connectivity တွေပါရှိပြီး Music Storage ကလည်း 16GB ပါပါတယ်။ ဒါ့အပြင် IP68 အဆင့်သတ်မှတ်ချက်ပါပြီး ရေအနက် ၅၀ မီတာအောက်အထိ ရေစိမ်ခံနိုင်စွမ်း ရှိပါတယ်။ ဈေးနှုန်းကတော့ ၂၄၀ ဒေါ်လာ ဝန်းကျင်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

(၄) Google Pixel Watch 2

Google Pixel Watch 2

Photo : The Verge

Google Pixel Watch 2 ကတော့ ရိုးရှင်းပြီး ကျစ်လစ်သေသပ်တဲ့ ဒီဇိုင်းနဲ့လာတဲ့ အားကစား သမားတွေအကြိုက် Smartwatch တစ်လုံးပါ။ မျက်နှာပြင် အချင်း ၄၁ မီလီမီတာ ရှိပြီး OLED Display ကို အသုံးပြုထားပါတယ်။ အလေးချိန်ကတော့ ၃၁ ဂရမ် ရှိပြီး Battery Life ကတော့ ၂၄ နာရီနဲ့အထက်သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Built-in GPS ၊ LTE ၊ Bluetooth နဲ့ Wi-Fi ချိတ်ဆက်မှု ၊ 5ATM Water Resistance နဲ့ Music Storage 32GB ပါရှိပါတယ်။ ဈေးနှုန်းကတော့ ၃၅၀ ဒေါ်လာ ဝန်းကျင်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Source : The Verge

Featured Photo : EVO Fitness