အတွဲမရှိသေးတဲ့ Single ကွီးတို့ရေ အားလပ်ချိန်တွေမှာ ဘာတွေ လုပ်လေ့ရှိပါသလဲ။ များသောအားဖြင့် ဖုန်းသုံးနေတာ၊ ဂိမ်းဆော့တာနဲ့ ရုပ်ရှင်ကြည့်တာ စတာတွေ လုပ်လေ့ရှိကြတယ် မဟုတ်ပါလား။ သို့‌သော်လည်း တစ်ခါတစ်ရံမှာ ဒါတွေချည်းပဲ ထပ်တလဲလဲလုပ်နေရတာ ပျင်းရိလာပြီး ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အားလပ်ချိန်တွေမှာ ကွီးတို့ ယောင်တော်တောင် မဖြစ်စေဘဲ အကျိုးရှိရှိ အသုံးချနည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

စာအုပ်ဖတ်ပါ

အားလပ်ချိန်တွေမှာ ကွီးတို့

Photo : Vista Create

အခုနောက်ပိုင်းမှာ စာရေးသူအပါအဝင် လူတော်တော်များများက စာဖတ်တဲ့ အလေ့အကျင့် နည်းလာပါတယ်။ စာဖတ်ဖြစ်ရင်‌တောင်မှ ဖုန်းထဲကနေဖတ်လိုက်တာ များပါတယ်။ ဒီတစ်ခါမှာတော့ အားလပ်ချိန်မှာ စာအုပ်ကို လက်ကကိုင်ပြီး ဖတ်ဖို့ အကြံပေးပါရစေ။ ဘယ်လိုစာအုပ်မျိုး ဖြစ်ပါစေ၊ အရေးမကြီးပါဘူး၊ အဓိကကတော့ စာဖတ်ဖြစ်ဖို့ပါပဲ။ စာဖတ်ခြင်းကနေ ဗဟုသုတများစွာ ရရှိနိုင်တဲ့အပြင် စိတ်ကိုလည်း အပန်းပြေစေပါတယ်။ ဒါ့အပြင် စာအုပ်တွေက ကွီးတို့ကို တစ်လက်မမှ ရွေ့လျားစရာမလိုဘဲ စာလုံးတွေက တစ်ဆင့် အတွေ့အကြုံအသစ်တွေ၊ နေရာအသစ်တွေကို ခေါ်ဆောင်သွားပါလိမ့်မယ်။

သီချင်းတွေဆိုပြီး ကခုန်လိုက်ပါ

အားလပ်ချိန်တွေမှာ ကွီးတို့

Photo : Stocksy

အားလပ်ချိန်တွေမှာ အပန်းလည်းပြေ ကွီးတို့ ရဲ့ စိတ်ဖိစီးမှုတွေလည်း လျှော့ချပြီးသား ဖြစ်စေဖို့ အကြိုက်ဆုံးသီချင်းတွေကို နားထောင်ပြီး လိုက်ပါသီဆိုကာ ကခုန်လိုက်ပါ။ ဒီလို သီချင်းတွေနဲ့ ကခုန်လိုက်ခြင်းက ကွီးတို့ရဲ့ စိတ်ကို ပျော်ရွှင်စေပြီး စိတ်ခံစားချက်တွေကို ကောင်းမွန်စေကာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးပြုစေပါတယ်။

DIY တွေ ဖန်တီးပါ

အားလပ်ချိန်တွေမှာ ကွီးတို့

Photo : Popular Machines

နောက်ထပ်ပြုလုပ်လို့ရတဲ့ အားလပ်ချိန်တွေကို အကျိုးရှိရှိ ကုန်ဆုံးစေမယ့် နည်းလေးတစ်ခုကတော့ DIY ပရောဂျက်လေးတွေ ဖန်တီးခြင်းပါပဲ။ ကိုယ့်အိမ်အတွက် အသုံးဝင်တဲ့ ပစ္စည်းလေးတွေကို ကိုယ်တိုင်ဖန်တီးရတာက စိတ်ဝင်စားစရာကောင်းတဲ့အပြင် ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တက်စေပါတယ်။ ပစ္စည်းတစ်ခုခုကို လုပ်ဆောင်နေခြင်းက အာရုံပြောင်းစေပြီး စိတ်ဖိစီးစရာကိစ္စ သို့မဟုတ် ပတ်ဝန်းကျင်ရှိ ဆူညံသံတွေလို စိတ်အနှောင့်အယှက်တွေကို ဖယ်ရှားပစ်ဖို့ အကောင်းဆုံး နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။

တစ်ကိုယ်တော် Hangout လုပ်ပါ၊ အပန်းဖြေပါ

Photo : Vista Create

ကွီးတို့ရေ အားလပ်ချိန်တွေမှာ ဘော်ဒါတွေနဲ့ မဟုတ်ဘဲ တစ်ကိုယ်တော် Hangout လုပ်ကြည့်ပါ။ ပန်းခြံတွေသွားပြီး သဘာဝတရားနဲ့ ထိတွေ့ပါ၊ ပန်းချီပြခန်းတွေကို သွားပြီး အနုပညာတွေကို ခံစားပါ။ တစ်ယောက်တည်း စျေးဝယ်ထွက်ပါ။ တစ်ခါတစ်ရံမှာ ဒီလိုတစ်ယောက်တည်း Hangout လုပ်ခြင်းက အတွေ့အကြုံနဲ့ မတူညီတဲ့ ခံစားမှုအသစ်ကို ရရှိနိုင်ပါတယ်။ ဒါမှမဟုတ် အိမ်မှာဖြစ်စေ၊ ပန်းခြံမှာဖြစ်စေ ကိုယ်ကြိုက်တဲ့နည်းနဲ့ ပြည့်ပြည့်ဝဝ အနားယူပါ။

ကိုယ့်ဝါသနာအတွက် အချိန်ပေးပါ

Photo : Vista Create

ကျွန်တော်တို့က လုပ်ငန်းဆောင်တာတွေနဲ့ တာဝန်တွေကြောင့် ကိုယ့်ရဲ့ဝါသနာကို မေ့ထားရတာမျိုး ဖြစ်တတ်ပါတယ်။ အားလပ်ချိန်တွေက ကျွန်တော်တို့ရဲ့ ဝါသနာတွေကို ပြန်လည်အသက်သွင်းဖို့ အချိန်ကောင်းပါပဲ။ ဒါ့ကြောင့် အားလပ်ချိန်မှာ ဘာလုပ်ရမှန်းမသိဖြစ်နေရင် ကိုယ့်ရဲ့ဝါသနာကို အချိန်ပေးလိုက်ပါ။ ဒါမှမဟုတ် အသစ်တစ်ခုခုကို လေ့လာ

တရားထိုင်ပါ

Photo : Vista Create

အားလပ်ချိန်မှာ စိတ်ရောကိုယ်ပါ အနားပေးပြီး တည်ငြိမ်စေချင်တဲ့ ကွီးတို့ကတော့ တရားထိုင်ခြင်းကို ပြုလုပ်ပေးနိုင်ပါတယ်။ တရားထိုင်ခြင်းက အာရုံစူးစိုက်နိုင်စေပြီး အတွေးများကို ပြန်လည်တည့်မတ်နိုင်စေရန် ကူညီပေးပါတယ်။ ဒါ့အပြင် တရားထိုင်ခြင်းက  စိတ်ဖိစီးမှုလျှော့ချဖို့နဲ့ စိတ်တည်ငြိမ်အေးချမ်းစေဖို့ အထောက်အကူပြုတဲ့ အလေ့အကျင့်တစ်ခု ဆိုလည်း မမှားပါဘူး။ ဒါကြောင့် အားလပ်ချိန်တွေကို အကြောင်းပြုပြီး တရားထိုင်တဲ့ အလေ့အကျင့်ကို ဖြည်းဖြည်းချင်း မွေးမြူကြည့်ပါ။

ကွီးတို့ရေ တစ်ကိုယ်တည်းလည်း ခပ်ချေချေနဲ့ ဒီနည်းလမ်းလေးတွေ အသုံးပြုပြီး အားလပ်ချိန်ကို ဖြတ်သန်းလိုက်ကြရအောင်ဗျာ။

Featured Photo : Vista Create