မီးပျက်မှာ ၊ ဖုန်းအားမရှိမှာ စိတ်ပူစရာမလိုပဲ ဘယ်နေရာရောက်ရောက် အားအပြည့်ရှိနေစေဖို့ အားသွင်းမြန်တဲ့ ပါဝါဘန့် တစ်လုံးတော့ ဆောင်ထားတာ အကောင်းဆုံးပါပဲ။ လက်ရှိ ဈေးကွက်ထဲမှာ တံဆိပ်အမျိုးမျိုး ၊ ပုံစံအမျိုးမျိုး ပါဝါဘန့်တွေ ရွေးချယ်စရာ အင်မတန် များပါတယ်။ ဒီထဲကမှ ကျစ်ကျစ်လစ်လစ်နဲ့ ဘယ်နေရာမဆို အလွယ်တကူ သယ်ဆောင်သွားလို့ရပြီး အားသွင်းလည်း မြန်တဲ့ နည်းပညာမြင့် ပါဝါဘန့်တွေကို ညွှန်းပေးချင်ပါတယ်။

(၁) RAVPower 20100mAh PD 3.0 45W Power Delivery Power Bank

RAVPower 20100mAh PD 3.0

Photo : ProVideo Coalition

အားသွင်းမြန်တဲ့ ပါဝါဘန့် ဆိုရင်တော့ Ravpower PD 3.0 ကို သေချာပေါက် ထည့်စဉ်းစားရပါမယ်။ ဒီဇိုင်းပိုင်း ကျစ်ကျစ်လစ်လစ်နဲ့ ပေါ့ပေါ့ပါးပါး ဘယ်နေရာမဆို သယ်ဆောင်သွားလို့ အဆင်ပြေပြီး အားသွင်းနှုန်းမြန်တဲ့အပြင်ကိုမှ Safety Features တွေလည်း ပါဝင်တဲ့အတွက် စိတ်ချလက်ချ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 20100mAh ဖြစ်တဲ့အတွက် Devices တော်တော်များများကို အားသွင်းနိုင်မှာဖြစ်ပြီး Type-C သီးသန့် အားသွင်းပေါက်နဲ့ လာပါတယ်။ ဒီကောင်လေးက Type-C ကြိုးပေါက်ပါတဲ့ လက်ပ်တော့တွေကိုပင် အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

(၂) AUKEY 20000mAh, USB C Bank 18W Power Delivery

AUKEY 20000mAh, USB C Bank 18W Power Delivery

Photo : PCMag Australia

AUKEY ရဲ့ နည်းပညာမြင့် 20000mAh Type-C Chargers ဖြစ်ပါတယ်။ ဖုန်းနဲ့ တက်ဘလက်တွေကို ကောင်းကောင်း အားသွင်းနိုင်မှာဖြစ်ပြီး လက်ပ်တော့တွေတော့ အားသွင်းလို့ ရမှာမဟုတ်ပါဘူး။ ဒီ ပါဝါဘန့် မှာ Fitness Trackers လိုအလုပ်လုပ်ပေးမယ့် Low-Current Mode လည်း ပါဝင်ပါတယ်။ အားသွင်းမြန်ဆန်မှုပိုင်းကလည်း တော်တော်လေးမိုက်ပြီး ဖုန်းတွေအတွက်ဆို ၁ နာရီအတွင်း အားအပြည့်သွင်းနိုင်မယ်လို့ သိရပါတယ်။ အားသွင်းနေစဉ် အပူလွန်ကဲမှုမဖြစ်စေဖို့ Safety Features တွေလည်း ပါဝင်တဲ့အတွက် စိတ်ချလက်ချ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၃) Zendure X6 USB-C Portable Charger 20000mAh, 45W PD & QC 3.0

Zendure X6 USB-C Portable Charger 20000mAh

Photo : Discover Cool Gadgets, Geeky Inventions

Zendure X6 USB-C Portable Charger 20000mAh ကတော့ ဖုန်း ၊ လက်ပ်တော့နဲ့ Nintendo Switch တွေပါ အားသွင်းနိုင်မယ့် ပါဝါဘန့် တစ်လုံး ဖြစ်ပါတယ်။ Wireless Headphones တွေကို အားသွင်းနိုင်ပြီး Low Power Mode လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။ တစ်ပြိုင် တည်းမှာပင် Devices တစ်ခုထက်ပိုပြီး အားသွင်းနိုင်ဖို့ နောက်ထပ် USB အပေါက် ၂ ခု ပါရှိပါတယ်။ အားသွင်းနှုန်း မြန်ဆန်သလို ဒီဇိုင်း ကျစ်ကျစ်လစ်လစ်နဲ့ စုံလင်တဲ့ Features တွေ ပါတဲ့ အမိုက်စား ပါဝန်ဘန့်တစ်လုံး ဖြစ်ပါတယ်။

(၄) AIDEAZ Wireless 20000mAh Portable Charger , 18W PD USB C

AIDEAZ Wireless 20000mAh Portable Charger

Photo : Amazon.com

AIDEAZ Wireless 20000mAh Portable Charger ကတော့ ဖုန်း ၊ လက်ပ်တော့ ကြိုက်နှစ်သက်ရာ Devices မျိုးစုံကို အားသွင်းနိုင်မယ့် အမိုက်စား ပါဝါဘန့် တစ်လုံးပါ။ ဒီကောင်လေးက ဒီဇိုင်းကျစ်ကျစ်လစ်လစ်နဲ့ ခပ်ရှည်ရှည်ပုံစံလေးထုတ်ထားတဲ့အတွက် အိတ်ထဲအလွယ်တကူ ထည့်ပြီး သယ်ဆောင်သွားလို့ ရပါတယ်။ Wireless Charging စနစ်လည်း ထောက်ပံ့ပေးထားပြီး အားဘယ်လောက် ကျန်တယ်ဆိုတာကိုလည်း LCD Screen မှာ ဖော်ပြပေးပါတယ်။ အားသွင်းမှုနှုန်း မြန်ဆန်သလို ဖုန်းတစ်လုံးကို ၆ ကြိမ်လောက်အထိ ပြန်ပြီး အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Discover Cool Gadgets, Geeky Inventions