ပါဝါဘန့် ဝယ်တော့မယ်ဆိုရင် အားသွင်းမြန်ရဲ့ လား ၊ ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူ သယ်ဆောင်သွားလို့ရတဲ့ Compact ဖြစ်တဲ့ ဒီဇိုင်းရှိရဲ့လား ၊ ဘက်ထရီ mAh ကရော များရဲ့လား ဆိုတဲ့ အချက်တွေကို ဦးစားပေး စဉ်းစားရပါမယ်။ ကွီးတို့က Fast Charging ပါဝါဘန့် ကောင်းကောင်းတစ်လုံး ရှာနေတယ် ဆိုရင်တော့ ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ အားသွင်း မြန်ချက်က လန်ထွက်နေတဲ့ အမိုက်စား ပါဝါဘန့် တွေကို ပြောပြပေးပါမယ်။

(၁) SuperMini – Credit Card Size 10,000mAh Power Bank

SuperMini – Credit Card Size 10,000mAh Power Bank

Photo : G For Gadget

သေးသေးကျစ်ကျစ်နဲ့ စွမ်းဆောင်ရည် ကောင်းတဲ့ ပါဝါဘန့် ဆိုရင်တော့ ဒီကောင်လေး ရှိပါတယ်။ အားသာချက်ကတော့ အရွယ်အစားက Credit Card ဆိုဒ်ထက်ကို ပိုသေးတဲ့ ကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ လာပါတယ်။ Type-C နဲ့ Type-A နှစ်မျိုးလုံး သုံးနိုင်ပြီး ၃ – ၄ နာရီအတွင်းမှာ အားအပြည့်ပြန်သွင်းနိုင်တဲ့ မြန်နှုန်းမြင့် ပါဝါဘန့် တစ်လုံးပဲ ဖြစ်ပါတယ်။

(၂) Charmast Smallest 10000 PD Quick Charge Portable Charger

Charmast Smallest 10000 PD Quick Charge Portable Charger

Photo : G For Gadget

ဒီကောင်လေးကတော့ လက်တဖဝါးစာလောက်ပဲ သေးငယ်တဲ့ ကျစ်ကျစ်လစ်လစ် အမိုက်စား ပါဝါဘန့်လေး တစ်လုံးပါ။ လက်ကပဲဖြစ်ဖြစ် ၊ အိတ်ထဲဖြစ်ဖြစ် ဘယ်နေရာမဆို အလွယ်တကူ သယ်ဆောင်သွားလို့ ရပါတယ်။ ဖုန်းတွေအပြင် လက်ပ်တော့ တွေကိုပါ အားသွင်းနိုင်ပါတယ်။ အားသွင်း မြန်ပြီး သေးသေးကျစ်ကျစ် ဒီဇိုင်းမျိုး ကြိုက်တယ်ဆိုရင်တော့ ဒီပါဝါဘန့်လေးက အသင့်တော်ဆုံး ဖြစ်မှာပါ။

(၃) Anker PowerCore+ 26800 PD with 30W Power Delivery

Anker PowerCore+ 26800 PD with 30W Power Delivery

Photo : G For Gadget

Anker PowerCore+ 26800 PD ကတော့ ဘက်ထရီ Capacity ကြီးကြီး ၊ ပါးပါးကျစ်ကျစ် ဒီဇိုင်းနဲ့ လာတဲ့ Travel-Friendly ပါဝါဘန့် တစ်လုံးဖြစ်ပါတယ်။ ဒီကောင်လေးက Type-C တင်မကပဲ တခြား Devices တွေကိုပါ အသုံးပြုနိုင်မယ့် Micro USB ပေါက် ပါဝင်ပါတယ်။ အားသွင်း မြန်ပြီး ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းလေးနဲ့ ဘက်ထရီ ပါဝင်မှု များတာကြောင့် ခရီးမကြာခဏ သွားသူတွေအတွက် အထူးသင့်တော်ပါတယ်။

(၄) RAVPower 26800 PD Portable USB C Power Bank

RAVPower 26800 PD Portable USB C Power Bank

Photo : G For Gadget

ဘက်ထရီ mAh ခပ်ကြီးကြီး ၊ ရိုးရှင်းပြီးဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့လာတဲ့ အမိုက်စား ပါဝါဘန့်တစ်လုံးကို ရှာနေတယ်ဆိုရင်တော့ RAVPower 26800 PD Portable USB C လေး ရှိပါတယ်။ ဒီကောင်လေးက အားသွင်း မြန်သလို တစ်ပြိုင်နက်တည်း Devices ၃ လုံးအထိကို အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းအပါအဝင် Type-C Devices တွေ အားလုံးကို အသုံးပြုနိုင်မှာ ဖြစ်သလို လက်ပ်တော့ ၊ Nintendo Switch တွေကိုပါ အားသွင်းနိုင်မှာပါ။ ကျစ်ကျစ်လစ်လစ် ပေါ့ပေါ့ပါးပါးနဲ့ Devices များများ အသုံးပြုချင်တယ်ဆိုရင်တော့ ဒီကောင်လေးကိုသာ ရွေးလိုက်ပါ။

Featured Photo : IGN