ကွီးတို့ရဲ့ အိပ်ခန်း ကို ဘတ်ဂျက်နည်းနည်းပဲ သုံးပြီး လှလှပပအလှဆင်ကာ အပီအပြင် မ ရွှိုင်း ချင်ဘူးလား။ ဒါဆိုရင်တော့ DIY နည်းလမ်းများက အကောင်းဆုံးပါပဲ။ DIY နည်းတွေကို လေ့လာနိုင်မယ့် နည်းလမ်းတွေက အများကြီးပါပဲ။ ယူဂျူ့ကလည်း လေ့လာလို့ရသလို ကွီးတို့ရဲ့ အဖော်မွန် KWEE ဆောင်းပါးများကနေတဆင့်လည်း လေ့လာလို့ရပါတယ်။
အခုဖော်ပြပေးမယ့် ဆောင်းပါးထဲမှာလည်း အရိုးရှင်းဆုံးနဲ့ ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ ကွီးတို့ရဲ့ အိပ်ခန်း ကို DIY နည်းနဲ့ အပီအပြင် ရွှိုင်းလို့ရအောင် ကူညီပေးနိုင်ပါတယ်။
(၁) ဟော်ကီ ရိုက်တံနဲ့ အလှဆင်မယ်
ဟော်ကီ ရိုက်တံက ခပ်ပြားပြားချပ်ချပ်ကလေးဆိုတော့ နံရံမှာ ကပ်ထားမယ်ဆိုရင် ကြည့်ကောင်းပြီး ကွီးတို့ရဲ့ အခန်းအတွက်လည်း အဆင်ပြေပါတယ်။ ထိုတုတ်ချောင်းပေါ်ကနေ ကွီးတို့အတွက် အမှတ်တရဖြစ်မယ့် ဓာတ်ပုံလေးတွေကို ချိတ်ဆွဲထားမယ်ဆိုရင်တော့ ကွီးတို့အခန်းက အဓိပ္ပါယ်နဲ့ ပြည့်စုံပြီး လှပတဲ့ အခန်းတစ်ခန်းဖြစ်သွားပါလိမ့်မယ်။
(၂) Slide တံခါး ဖန်တီးမယ်
ကွီးတို့ရဲ့ အခန်းကို နေရာကျယ်ကျယ် ဝန်းဝန်းဖြစ်သွားစေချင်တယ်ဆိုရင်တော့ အိပ်ခန်းတံခါးကို ပုံမှန် တံခါးမျိုး အသုံးမပြုဘဲ ဘေးဘက်သို့ တွန်းဖွင့်လို့ရတဲ့ Slide တံခါးမျိုးကို အသုံးပြုနိုင်ပါတယ်။ Slide တံခါ အရောင်ကို အိပ်ခန်း နံရံ အရောင်နဲ့ လိုက်ဖက်မယ့် အရောင်မျိုးကို ရွေးချယ်ကာ တပ်ဆင်သင့်ပါတယ်။
(၃) သစ်သားများ မီးလုံးများနဲ့ အလှဆင်မယ်
သစ်သားပြားများကို တစ်ခုနဲ့ တစ်ခုထပ်ကာ သေသေချာချာ ရိုက်ထားပါ။ ပြီးရင်တော့ နံရံပေါ်မှာ သေချာ ရိုက်ထားလိုက်ပါ။ ထို့နောက် သစ်သားပြားပေါ်မှာ အိမ်တွင်း အပင်ငယ်လေးများကို ဖန်ပုလင်းငယ်လေးထဲ ထည့်ကာ သစ်သားပြားပေါ်မှာ ကပ်ထားလိုက်ပါ။ ထို့နောက် မီးလုံးငယ်များကို နောက်ထပ် ဖန်ပုလင်းငယ်လေးများထဲ ထည့်ကာ သစ်သားပြားပေါ် ချိတ်ဆွဲထားလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ အိပ်ခန်းလေးက အပင်ငယ်များနဲ့ စိမ်းစိမ်းစိုစိုလေး ဖြစ်သွားမှာဖြစ်ပြီး ကွီးတို့ အိပ်ခန်းကလည်း လှပသွားမှာ အမှန်ပါပဲ။
ကွီးတို့ရော ကိုယ့်ရဲ့ အိပ်ခန်းလေးကို လှလှပပလေးဖြစ်သွားအောင် ဘယ်လိုနည်းလမ်းများနဲ့ အလှဆင်ချင်ပါသလဲ။ အခုဖော်ပြသွားတဲ့ DIY နည်းလမ်းများကရော ကွီးတို့ရဲ့ အသုံးတည့်ပါရဲ့လား။
Source: Diyprojects
Featured Image: Decorilla