ညဘက်အိပ်မပျော်တဲ့ ပြဿနာဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ဆိုးကျိုးတွေများစွာ ရှိပါတယ်။ အချိန်ကြာလာတာနဲ့အမျှအိပ်ရေးမဝခြင်းက ကိုယ်အလေးချိန်ကို တိုးစေသလို ရုပ်ရည်သွင်ပြင်ကိုလည်း ရှိရင်းစွဲအသက်ထက် ပိုရင့်လာစေပါတယ်။ စိတ်ခံစားချက်တွေကိုလည်း ကိုင်တွယ်ထိန်းချုပ်ရ ခက်ခဲစေပြီး ရေရှည်မှာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေ များလာစေမှာ ဖြစ်ပါတယ်။ ဒီလို ညဘက် အိပ်ပျော်ရတဲ့ ခက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ကွီးတို့အတွက် အထောက်အကူဖြစ်စေမယ့် နည်းပညာမြင့် Gadgets လေးတွေ ရှိပါတယ်။ အခုပြောပြမယ့် Gadgets လေးတွေက စိတ်နဲ့ခန္ဓာကိုယ်ကို ပြေလျော့စေပြီး ကောင်းစွာအိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

(၁) မျက်လုံးနှိပ်စက်

Photo : VICE

ဒီစက်လေးကတော့ မျက်လုံးတစ်ဝိုက်ကို နူးညံ့ညင်သာစွာ နှိပ်နယ်ပေးမယ့် စက်လေးဖြစ်ပါတယ်။ မျက်လုံးတစ်ဝိုက်က သွေးကြောတွေရဲ့ တင်းမာမှုတွေကို ပြေလျော့သက်သာစေပြီး အိပ်ချင်လာအောင် နှိုးဆော်ပေးပါလိမ့်မယ်။ ဒါ့အပြင် Built-In Speaker ပါတဲ့အတွက် နှိပ်နယ်နေစဉ်အတွင်းမှာ သာယာငြိမ့်ငြောင်းတဲ့ သီချင်းလေးတွေကိုလည်း ဖွင့်ထားလို့ရပါသေးတယ်။

(၂) အိပ်စက်ခြင်းအကူကိရိယာ

Photo : Amazon.com

ဒီ Device လေးကတော့ Microcurrents တွေရဲ့ အကူအညီနဲ့ အလုပ်လုပ်ပါတယ်။ သူ့ရဲ့အဓိက လုပ်ဆောင်ချက်က စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်တွေကို သက်သာစေပြီး စိတ်ခံစားချက်ကို မြှင့်တင်ပေးကာ သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးမှာပဲ ဖြစ်ပါတယ်။

(၃) လက်ကိုင်တရားမှတ်စက်

Photo : Trend Hunter

ဒီစက်လေးကတော့ အသက်ရှုခြင်းကို ထိန်းချုပ်ဖို့ ကူညီပေးပြီး စိတ်နဲ့ခန္ဓာကိုယ်ကို ပြေလျော့ သက်သာစေပါတယ်။ စည်းချက်မှန်မှန် အသက်ရှုသွင်းရှုထုတ်လုပ်ရာမှာ အထောက်အကူဖြစ်စေမယ့် Light Scenes နဲ့ Vibration တုန်ခါမှုလေးတွေလည်း ပါပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ရန်အတွက်သာ မဟုတ်ပဲ တနေ့တာအတွင်း စိတ်ဖိစီးမှုများနေချိန်မှာလည်း ဒီစက်လေးကို သုံးနိုင်ပါတယ်။

(၄) အိပ်စက်ခြင်း မျက်နှာဖုံး

Photo : Livestrong

ဒီ အိပ်စက်ခြင်း Mask လေးကတော့ အလင်းရောင်တွေကို ကောင်းကောင်းပိတ်ဆို့ ကာကွယ်ပေးနိုင်တဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ တကယ်ကိုပဲ အထောက်အကူ ပြုပါတယ်။ ဒါတင်မကသေးပါဘူး Bluetooth ကနေတစ်ဆင့် သီချင်းဖွင့်လို့ရတာကြောင့် ပြင်ပကဆူညံသံတွေကိုလည်း အကောင်းဆုံး တားဆီးပေးနိုင်ပါတယ်။

(၅) ဟောက်တာ သက်သာစေတဲ့ စက်

Photo : Britannica

ဟောက်တက်တဲ့ အဖော်ကြောင့် ညတိုင်း အိပ်ရေးပျက်နေရတယ်ဆိုရင် Anti-Snoring Device လေး ဆောင်ထားသင့်ပါတယ်။ ကိုယ်က ဟောက်တက်လို့ပဲ ဖြစ်ဖြစ် ၊ ကိုယ့်ပါတနာက ဟောက်တက်သူပဲ ဖြစ်ဖြစ် ဒီစက်လေးက ကူညီဖြေရှင်းပေး နိုင်ပါတယ်။ ခေါင်းအုံးအောက် သို့မဟုတ် ခေါင်းအုံးအနီးအနားမှာ စက်လေးထားပြီး အိပ်ရုံနဲ့ ဟောက်တာကို သက်သာစေမှာ ဖြစ်ပါတယ်။

Featured Photo : Interesting Engineering