ကွီးတို့ရေ ကျွန်တော်တို့ရဲ့ အိပ်စက်မှုစက်ဝန်းက ထိရှလွယ်တယ်ဆိုတာ သိပါသလား။ ပုံမှန်လူတစ်ယောက်အတွက် တစ်နေ့လျှင် အိပ်ချိန် ၇ နာရီခန့် ရှိသင့်ပါတယ်။ အိပ်ချိန်မမှန်ခြင်း ဒါမှမဟုတ် အိပ်ချိန် လုံလုံလောက်လောက်မရှိခြင်းက ရေရှည်မှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ လေ့လာမှုတစ်ခုအရ ပုံမှန် အိပ်ရာဝင်ချိန် အပြောင်းအရွေ့ အနည်းငယ်ကပက် ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ အိပ်စက်မှုစက်ဝန်းက အကြောင့် အမျိုးမျိုးကြောင့် ထိခိုက်နိုင်သော်လည်းပဲ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ သတိမထားမိဘဲ ပြုလုပ်မိတဲ့အရာတွေက ကိုယ့်ရဲ့ အိပ်စက်မှုစက်ဝန်းကို ကိုယ်တိုင် ဖျက်စီးမိနေသလို ဖြစ်တတ်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့လုပ်မိတတ်တဲ့ အိပ်စက်ခြင်း ကို ထိခိုက်စေတဲ့ အမူအကျင့်လေးတွေကို ကြည့်လိုက်ရအောင်။

အိပ်ချိန်ပုံမှန်မရှိခြင်း

အိပ်စက်မှုစက်ဝန်းကို ကိုယ်တိုင်

Photo : LearnEnglish Teens

တချို့ရက်တွေမှာ မနက် ၂ နာရီထိ မအိပ်ပဲ နေတတ်တဲ့ ကွီးတို့ရှိပါသလား။ တချို့ရက်တွေမှာ ၉ နာရီလောက်နဲ့ အိပ်ဖြစ်နေပါသလား။ ဒီလိုမျိုး အိပ်ချိန်မမှန်ခြင်းက ပင်ပန်းသလို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အိပ်ချိန်မမှန်ခြင်းကြောင့် အိပ်စက်မှုစက်ဝန်းကို ထိခိုက်စေပြီး လွယ်လွယ်နဲ့ အိပ်မပျော်နိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ Journal of Clinical Enocrinology & Metabolism မှ လေ့လာမှုအသစ်တစ်ခုအရ ပုံမှန် အိပ်စက်ခြင်း အလေ့အထကို ပြောင်းလဲခြင်းက ဇီဝဖြစ်စဉ်ဆိုင်ရာကို ပြဿနာများကို ဖြစ်စေပါတယ်။ ဒါ့အပြင် ဆီးချိုနဲ့ နှလုံးရောဂါ ကဲ့သို့သော အန္တရာယ်များအထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်လျှင် ကွီးတို့ ပုံမှန် အိပ်ရာဝင်ချိန်ထက် မိနစ် ၃၀ အတွင်းမှာ အိပ်ရာဝင်နိုင်အောင် ကြိုးစားပါ။

ဗီတာမင်များနဲ့ အားဖြည့်အချိုရည်များ သောက်သုံးခြင်း

အိပ်စက်မှုစက်ဝန်းကို ကိုယ်တိုင်

Photo : Thrillist

ဗီတာမင်များက ယေဘူယျအားဖြင့် အိပ်စက်ခြင်းအတွက် ကောင်းမွန်သော်လည်း၊ ၎င်းတို့က လူ့ခန္ဓာကိုယ်အတွက်  စွမ်းအင်ပိုမိုပေးစွမ်းနိုင်သောကြောင့် ညဘက်တွင် စားသုံးရန် မသင့်တော်ပါ။ အချို့သော ဆေးဝါးများသည် အာရုံကြောစနစ် ကိုလည်း လှုံ့ဆော်ပေးနိုင်သောကြောင့် အိပ်မပျော်ဘဲ ညဘက်မှာလည်း လန်းဆန်းနေစေပါတယ်။ အားဖြည့် အချိုရည်တွေ သောက်သုံးခြင်းကလည်း အတူတူပါပဲ။ ညပိုင်းမှာသောက်မိတာ၊ လိုတာထက်ပိုသောက်မိတာတွေကြောင့် အိပ်ပျော်ဖို့ ခဲယဉ်းတာနိုင်ပြီး အိပ်စက်မှု စက်ဝန်းကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ဗီတာမင်များနဲ့ အားဖြည့်အချိုရည်များ သောက်သုံးခြင်းနဲ့ အချိန်ကိုလည်း သတိပြုပါ။

လေ့ကျင့်ခန်းများကို နောက်ကျမှလုပ်ခြင်း

Photo : Muscle Matters

လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက စိတ်ရော ကိုယ်ပါ ကျန်းမာသန်စွမ်းစေတယ်ဆိုတာ လူတိုင်းလက်ခံကြပါတယ်။ သို့သော်လည်း ညဘက် အရမ်းနောက်ကျမှသော်လည်းကောင်း၊ အိပ်ရာဝင်ခါနီးမှသော်လည်းကောင်း လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ရှားရပါမယ်။ အရမ်းနောက်ကျမှ လေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့အိပ်စက်ချိန်နဲ့ နီးကပ်နေပြီး အိပ်စက်ခြင်းကို ထိခိုက်‌စေနိုင်ကာ အိပ်ပျော်ရခက်ခဲစေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ချိန်နဲ့ ညဘက်အိပ်ရာဝင်ချိန်က အနည်းဆုံး ၃ နာရီလောက်ခြားသင့်ပါတယ်။

Screentime များခြင်း

Photo : Everyday Health

ကွီးတို့ရေ ညဘက်အိပ်ခါနီးမှာ ခဏဆိုပြီး ဖုန်းသုံးလိုက်တာကနေ ညနက်တဲ့အထိ ဖြစ်သွားတာမျိုးရှိပါသလား။ ဒါကတော့ လူတော်တော်များများ ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်ပြီး အိပ်စက်ခြင်းကို ထိခိုက်စေတဲ့ အဓိကအကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဖုန်းစကရင်မှ ထွက်တဲ့ အပြာရောင်အလင်းတန်းများက အိပ်စက်ခြင်းဟော်မုန်းဖြစ်သည့် Melatonin ထုတ်လုပ်မှုကို ရပ်တန့်စေနိုင်ပြီး အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။ ဒါကြောင့် ညဘက်အပ်ခါနီး ဖုန်းအလွန်အကျွံ့သုံးခြင်းကို တတ်နိုင်သလောက် လျှော့ချပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အလေ့အကျင့်တွေကို တစ်ခုမဟုတ်တစ်ခု လုပ်မိနေပါသလား။ ဒါမှမဟုတ် တစ်ခုထပ်ပိုပြီး လုပ်မိနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ အိပ်စက်မှုစက်ဝန်းကို ကိုယ်တိုင် ဖျက်စီးမိနေပါပြီ။ ဒီလိုအိပ်စက်မှုစက်ဝန်း ထိခိုက်တာ ရေရှည်ဖြစ်လာရင် စိတ်‌ရော ကိုယ်ပါကျန်းမာရေးအတွက် များစွာသော ဆိုးကျိုးသက်ရောက်နိုင်တာကြောင့် အချိန်မှီပြင်ဆင်ပါ။

Source : Men’s Journal

Featured Photo : Parkview Health