Porn ထဲက သရုပ်ဆောင်တွေလို ပြင်ပလက်တွေ့ ဘဝမှာတော့ အမျိုးသားတွေရဲ့ မွေးရာပါ မြွေကြီး ဟာ အမြဲထောင်မတ်ပြီး ချစ်တင်းနှောဖို့ အချိန်တိုင်း ရယ်ဒီဖြစ်နေမှာ မဟုတ်ပါဘူး။ လိင်စိတ်နိုးကြားပြီး အတူနေဖို့ အသင့်ဖြစ်နေတဲ့ အချိန်ရှိသလို ရုပ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေချိန် စိတ်ရှိရင်တောင် လိင်တံကောင်းကောင်း မထောင်မတ်နိုင်တဲ့ အချိန်တွေလည်း ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လိင်မှုဆိုင်ရာ သက်သာပျော်ရွှင်မှု ဆိုတာဟာ ထိုးသွင်းဆက်ဆံမှု တစ်ခုတည်းကနေပဲ ရနိုင်တာမဟုတ်ကြောင်းကို ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

(၁) တက်မရှိရင် လက်နဲ့လှော်ပါ

Couple on bed

Photo : Psychology Today

တစ်ခါတစ်ရံ ကွီးတို့ရဲ့ မြွေကြီး ကောင်းကောင်း မထောင်မတ်နိုင်လို့ စိတ်မညစ်ပါနဲ့။ တက်မရှိပေမယ့် ကွီးတို့မှာ လက်တွေ ၊ ပါးစပ်တွေ ရှိနေပါသေးတယ်။ ပါတနာကို ကွီးတို့ရဲ့ လက်သိုင်း ၊ ပါးစပ်သိုင်းတွေ သုံးပြီး နှိုးဆွလှုံ့ဆော်ပေးလို့ ရပါတယ်။ ” တက်ကျိုးလျှင် လက်ထိုးလှော်မည် ” ဆိုတဲ့ စိတ်ကိုလေးသာ ရှိဖို့ လိုပါတယ်။

(၂) ပါတနာနဲ့ ပြုစုမှုလေးတွေ ခံစားပါ

Couple on bed

Photo : Times Now

အမျိုးသားတွေဟာ လိင်တံကောင်းကောင်း မထောင်မတ်နိုင်တဲ့ အချိန်မှာတောင် ပါတနာရဲ့ ပြုစုယုယမှုတွေ ကနေတဆင့် အထွတ်အထိပ် ခံစားမှု အော်ဂဇင် ရနိုင်ပါတယ်။ ပါတနာ အပြုအစုကောင်းလေ ကွီးတို့ ခံစားမှုတွေ ကောင်းလေပါပဲ။ ဒါဟာ လိင်မှုဆိုင်ရာ သုတေသီတွေရဲ့ သိပ္ပံနည်းကျ လေ့လာမှု စစ်တမ်းတွေအရ‌ ပြောတဲ့ စကားပါ။ လိင်စိတ် သာယာကျေနပ်မှုဆိုတာ ကိုယ်က ပါတနာကို ပြုစုပေးခြင်းဖြင့် ရနိုင်သလို ပါတနာရဲ့ ပြုစုမှုလေးတွေ ခံယူရင်းကနေလည်း ရနိုင်ပါတယ်။

(၃) အိပ်ပျော်နေတဲ့ မြွေကြီးနဲ့ ပွတ်သပ်နှိုးဆွပါ

Couple on bed

Photo : ABC News – The Walt Disney Company

မြွေကြီး မထောင်မတ်နိုင်တဲ့အချိန် ကိုယ့်ကိုယ်ကိုယ် အတင်းဖိအားပေးပြီး ထိုးသွင်းဆက်ဆံမှု ပြုလုပ်ဖို့ မကြိုးစားပါနဲ့။ ကွီးတို့ရဲ့ ပျော့နေတဲ့ လိင်တံနဲ့ပဲ ပါတနာရဲ့ ခန္ဓာကိုယ်ပေါ်က ခံစားမှုအာရုံမြင့်တဲ့ ထိလွယ်ရှလွယ် ဧရိယာလေးတွေကို ပွတ်သပ်နှိုးဆွပေးပါ။ ဒီလို အိပ်ပျော်နေတဲ့ မြွေကြီးနဲ့ ပွတ်သပ်နှိုးဆွ ပေးမှုကနေတဆင့်ပဲ သူရောကိုယ်ရော ခံစားမှုတွေ အမြင့်ဆုံးကို အတူတကွ ရောက်ရှိနိုင်ပါတယ်။

(၄) လူကြီးအရုပ်တွေ သုံးပါ

Sex Toys
Photo : Sable Boutique

သေချာပါတယ် ကွီးတို့ရဲ့ ဖွားဖက်တော် ကောင်းကောင်း အလုပ်လုပ်မနိုင်သေးခင်မှာ လူကြီးကစားစရာ အရုပ်တွေကို အသုံးပြုပြီး သိုင်းကစားလို့ ရပါတယ်။ စအို ၊ မိန်းမကိုယ် စသည်ဖြင့် နှစ်သက်ရာကို လူကြီးအရုပ်တွေ သုံးပြီး နှိုးဆွလှုံ့ဆော်ပေးခြင်းဖြင့် သာယာမှုကို ရှာဖွေနိုင်ပါတယ်။ အရေးကြီးဆုံး အချက်ကတော့ လူကြီးအရုပ်တွေ သုံးတဲ့အခါ ခံစားမှုတွေ ကောင်းနေစေဖို့ ချောဆီ မဖြစ်မနေ အသုံးပြုပေးရမှာပဲ ဖြစ်ပါတယ်။

Source : Lifehacker

Featured Photo : Physiotherapy Clinic London