မှန်ကန်တဲ့ တေးသွားတွေနဲ့ ဂီတသံစဉ်တွေက ကွန်တော်တို့အား အပန်းဖြေရန်၊ စိတ်တည်ငြိမ်မှုကို ရစေပြီး လွယ်ကူစွာ လွှင့်မျောဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဂီတ ကျွန်တော်တို့ရဲ့ ခံစားချက်များကို ပြောင်းလဲပေးနိုင်စွမ်းရှိပြီး စိတ်ကိုလည်း လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ အလုပ်မှာ အာရုံစူးစိုက်ဖို့အတွက် ကူညီပေးနိုင်တဲ့ သီချင်းများ၊ လေ့ကျင့်ခန်းများ တတ်ကြွစွာ ပြုလုပ်နိုင်ရန် လှုံ့ဆော်‌ပေးတဲ့ သီချင်းများ၊ ရိုမန်တစ်ဆန်သော ညစာများအတွက် ခံစားချက်ကို ဖန်တီးပေးသည့် အချစ်သီချင်းများ စတာတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အိပ်မပျော်ခြင်းတွေကို ဂီတသံစဉ် တွေက ကုစားပေးနိုင်တယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

ကျွန်တော်တို့ လှုပ်ရှား ကျင်လည်နေရတဲ့ နေ့ရက်တွေမှာ အကြောင်းအမျိုးမျိုးကြောင့်လည်းကောင်း၊ စိတ်ဖိစီးများနဲ့ စိုးရိမ်ပူပန်မှုများကြောင့်လည်းကောင်း အိပ်မပျော်တာမျိုး ဖြစ်နိုင်ပါတယ်။ အိပ်မပျော်ခြင်းကို လျှော့ချဖို့ အတွက် နည်းလမ်းကောင်းများစွာ ရှိတဲ့အထဲမှာ သီချင်းများ နားထောင်ခြင်းကလည်း ထိရောက်တဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။ လေ့လာမှုများအရ သီချင်းနားထောင်တဲ့အခါ ပိုပြီးမြန်မြန် အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။

နောက်ထပ်လေ့လာမှုတစ်ခုအရ ဂန္တဝင်တေးဂီတကို ၄၅ မိနစ်နားထောင်သော ကျောင်းသားများက အခြားသူများထက် ပိုမိုကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ကြောင်းတွေ့ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ American Board of Sleep Medicine မှ သံတမန်တစ်ဦးဖြစ်သူ Michael Breus က “ဂီတက လူတို့ရဲ့ နှလုံးခုန်နှုန်းနဲ့ အသက်ရှုနှုန်းကို နှေးကွေးစေကာ သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ပြီး ငိုက်မြည်းစေကာ အိပ်ပျော်ရန် ကူညီပေးနိုင်တယ်” လို့ ဆိုပါတယ်။ အိပ်ယာပေါ်မှာ လဲလှောင်းနေရင်း အိပ်ပျော်ဖို့ ခက်ခဲတဲ့အခါ တေးဂီတကို နားထောင်ခြင်းက တော်တော်လည်း ထိရောက်ပါတယ်။ ဒါ့အပြင် အတွေးတွေနဲ့ စိုးရိမ်မှုတွေကနေ ဝေးကွာစေပြီး အိပ်ပျော်စေပါလိမ့်မယ်။

ဆက်လက်ပြီးတော့ ကွီးတို့ရဲ့ အိပ်မပျော်ခြင်းတွေကို ကုစားဖို့ ဂီတသံစဉ် တွေနဲ့ သီချင်းကောင်း လေးတွေကို ရွေးချယ်ဖော်ပြပေးချင်ပါတယ်။

“Weightless” by Marconi Union

Source : JustMusic TV

“Watermark” by Enya

Source : Enyatv

“Clair de Lune” by Claude Debussy

Source : CHANNEL 3 YOUTUBE

“Nocturne Op. 9 No. 2” by Chopin

Source : Rousseau

“Moon” by Foals

Source : KEXP

“No Distance Left To Run” by Blur

Source : Blur

“Shadows” by Warpaint

Source : James Gilliam

“Lullaby” by The Cure

Source : The Cure

“Sometime Around Midnight” by Airborne Toxic Event

Source : Airborne Toxic Event

“Asleep” The Smiths

Source : The Smiths

ကွီးတို့အနေနဲ့ အိပ်ပျော်ဖို့ ခက်ခဲနေတဲ့ အချိန်တွေကို ဖြတ်သန်းနေရတယ်ဆိုရင် ဒီသီချင်းလေးတွေကို Playlist လုပ်ပြီး နားထောင်ရင်းနဲ့ အိပ်စက်ကြည့်ပါ။ ဒါမှမဟုတ် ကွီးတို့ ကြိုက်နှစ်သက်တဲ့ ငြိမ့်ညောင်းသာယာတွေ သီချင်းလေးတွေကို နားဆင်ခံစားရင်း အိပ်စက်လို့လည်းရပါတယ်။ တကယ်ကို ထိရောက်တာ တွေ့ရမှာပါ။

Source : NME, Sleep.com

Featured Photo : Robert Roy Britt