အိပ်မပျော်တဲ့ ညတွေကို ကျော်လွှားနိုင်မယ့် အကောင်းဆုံး နည်းလမ်းလေးတစ်ခုက ဂီတပါပဲ။ သာယာငြိမ့်ငြောင်းတဲ့ တေးသီချင်းတွေက လူရဲ့ စိတ်နဲ့ခန္ဓာကို အေးချမ်းငြိမ်သက်မှုရစေပြီး အမြန်ဆုံးနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့အိပ်ပျော်ဖို့ ခက်ခဲတဲ့ ညတွေကိုကျော်လွှားပြီး အိပ်မက်လှလှမက်စေဖို့ နားထောင်သင့်တဲ့ အကောင်းဆုံး သီချင်း လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) Bedtime Story – Madonna

Source : Madonna

Madonna ရဲ့ Bedtime Story သီချင်းလေးကတော့ ၉၀ ခုနှစ်တွေရဲ့ အကျော်ကြားဆုံး ဂန္ထဝင်သီချင်းလေး တစ်ပုဒ်ဖြစ်ပြီး အိပ်ရာဝင်ချိန်မှာ စိတ်အပန်းပြေစေရန်အတွက် နားထောင်သင့်တဲ့ သီချင်းကောင်း တစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းလေးက ပြီးပြည့်စုံတဲ့ အိပ်ရာဝင်ပုံပြင် တေးသွားလေး တစ်ပုဒ်လို့တောင် ပြောနိုင်ပါတယ်။

(၂) Don’t Know Why – Norah Jones

Source : Norah Jones

Norah Jones ရဲ့ Don’t Know Why သီချင်းလေးကတော့ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ သာယာငြိမ့်ငြောင်းတဲ့ အသံနဲ့ စန္ဒယားတီးလုံးသံ လေးတွေက ဆိတ်ငြိမ်အေးချမ်းမှုကို ရစေပြီး ကောင်းမွန်စွာအိပ်ပျော်စေဖို့ ကူညီပေးမယ့် တေးသွားလေးတစ်ပုဒ် ဖြစ်ပါတယ်။

(၃) The Dress Looks Nice on You – Sufjan Stevens

Source : Sufjan Stevens

Sufjan Stevens ရဲ့ The Dress Looks Nice on You သီချင်းလေးကလည်း Don’t Know Why သီချင်းလေးလိုပဲ ကွီးတို့ကို အိပ်ပျော်အောင် ချော့သိပ်ပေးမယ့် တေးသီချင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ Stevens ရဲ့ ငြိမ်သက်အေးချမ်းတဲ့ သီဆိုဟန်နဲ့ ငြိမ့်ညောင်းတဲ့ ဂစ်တာသံစဉ်လေးတွေရဲ့ ပေါင်းစပ်မှုဟာ သွေးပေါင်ချိန်ကို လျော့ကျစေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ ကူညီပေးမှာပါ။

(၄) Take Care – Beach House

Source : Beach House

အိပ်မပျော်တဲ့ ညတွေမှာ နားထောင်သင့်တဲ့ အကောင်းဆုံး သီချင်း Lists ထဲမှာ Beach House ရဲ့ Take Care သီချင်းလေးကလည်း တစ်ပုဒ်အပါအဝင် ဖြစ်ပါတယ်။ ဒီသီချင်းလေးက သာယာတဲ့နွေဦးရာသီ နေ့လေးတစ်နေ့မှာ အကွေ့အကောက်များတဲ့ လမ်းလေးတွေကို ဖြတ်သန်းသွားရသလို ငြိမ်းချမ်းတဲ့ ခံစားမှုမျိုးကို ရရှိခံစားရစေမှာ ဖြစ်ပါတယ်။

(၅) Let Go – Frou Frou

Source : Frou Frou

Frou Frou ကတော့ အဆိုတော် Imogen Heap နဲ့ ထုတ်လုပ်သူ-တေးရေးဆရာ Guy Sigsworth တို့ပူးပေါင်းဖွဲ့စည်းထားတဲ့ Dream-Pop Duo အဖွဲ့လေးဖြစ်ပါတယ်။ Frou Frou ရဲ့ အကောင်းဆုံး တေးသီချင်းများစွာထဲကမှ Let Go သီချင်းလေးကတော့ အိပ်ရာဝင်ချိန်မှာ အကောင်းဆုံး စိတ်အပန်းပြေစေမယ့် သီချင်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၆) Same Ol’ Mistakes – Rihanna

Source : Rihanna

ဒီသီချင်းလေးက Rihanna ရဲ့ ၂၀၁၆ က ထွက်ခဲ့တဲ့ Anti အယ်လ်ဘမ်မှာ ပါဝင်ခဲ့တဲ့ သီချင်းလေး ဖြစ်ပါတယ်။ သူမ ရဲ့ နူးညံ့ပျော့ပြောင်းတဲ့ သီဆိုဟန်နဲ့ ငြိမ့်ငြောင်းတဲ့ တေးသံစဉ်လေးတွေက ကွီးတို့ကို အိပ်မက်လှလှ မက်စေမှာ သေချာပါတယ်။

(၇) Out From Under – Britney Spears

Source : Britney Spears

ဒီသီချင်းလေးကတော့ ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ Britney Spears ရဲ့ Circus အယ်လ်ဘမ်မှာ ပါဝင်ခဲ့တဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ။ သူမရဲ့ ညို့အားပြင်း အသံလေးက ရှုပ်ထွေးတဲ့ လောကကြီးနဲ့ ခဏတာ အဆက်သွယ်ပြတ်သွားစေပြီး စိတ်ဖိစီးမှုနဲ့ ဖိအားတွေ အားလုံး လျော့ကျကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေဖို့ ကူညီပေးပါလိမ့်မယ်။

နောက်ထပ် Caroline Polachek ရဲ့ Door ၊ Miracle Aligner ရဲ့ The Last Shadow Puppets ၊ Noah Cyrus နဲ့ feat. Miley Cyrus တို့ရဲ့ I Got So High I Saw Jesus ၊ Kid Cudi နဲ့ feat. Haim တို့ရဲ့ Red Eye ၊ Corinne Bailey Rae ရဲ့ Trouble Sleeping ၊ Tracy Chapman ရဲ့ Fast Car ၊ Fleetwood Mac ရဲ့ Dreams ၊ Stevie Wonder ရဲ့ Love’s in Need of Love Today ၊ Fiona Apple ရဲ့ Cosmonauts ၊ Maxwell ရဲ့ Whenever Wherever Whatever စတဲ့ သီချင်းလေးတွေကလည်း ကွီးတို့ရဲ့ အိပ်မပျော်တဲ့ ညတွေမှာ နားထောင်လို့ အကောင်းဆုံး သီချင်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။

Featured Photo : Glamour