အိပ်ရာထက်မှာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်မှုတိုးစေပြီး သာယာကြည်နူးဖွယ်ကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ အရေးကြီးဆုံး လိုက်နာရမယ့် အချက်တွေထဲက တစ်ခုကတော့ သင့်ပါတနာကို ချီးမွမ်း စကားလေးတွေ ပြောပေးတာပါပဲ။ ယောကျာ်းလေး တော်တော်များများဟာ အိပ်ရာထက်မှာ အချိန်ကြာကြာနဲ့ ပြည့်စုံလုံလောက်စွာ စွမ်းဆောင်ရည် ပြနိုင်ဖို့ကိုပဲ အလေးပေး တွေးကြတာပါ။

 happy couple

Photo : Freepik

တကယ်တော့ ချီးမွမ်း စကားလေးတွေက သင်တို့ ချစ်သူနှစ်ဦးသားရဲ့ ရင်ခုန်ကြည်နူးမှုတွေကို အမှန်တကယ်မြှင့်တင်ပေးနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်တယ်ဆိုတာ မေ့မထားသင့်ပါဘူး။ ချစ်တင်းနှောချိန်မှာ တစ်ယောက်ကိုတစ်ယောက် ကျေနပ်စေမယ့် ချီးမွမ်းစကားလေးတွေ တစ်ခုခုကို ပြောပေးတာဟာ ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားမှုကိုရစေမှာ ဖြစ်ပါတယ်။

အမျိုးသားအများစုဟာ အိပ်ရာထဲမှာ သူတို့ ဘယ်လောက်တော်ကြောင်း ၊ စွမ်းဆောင်ရည် ဘယ်လောက်ကောင်းကြောင်း ဆက်ဆံဖော်ပါတနာရဲ့ ချီးမွမ်းပြောစကားလေးတွေကို နားထောင်ချင်ကြသလို အမျိုးသမီးတွေအနေနဲ့လည်း အလားတူ သူတို့အပေါ် ချီးမွမ်းတဲ့ ချိုမြိန်တဲ့ ချစ်စကားလေးတွေပြောတာ ကြားချင်ကြပါတယ်။

ဒါကြောင့် ချစ်တင်းနှောချိန်မှာ သင့်အနေနဲ့ ကိုယ့်ရဲ့ ပါတနာကို သူတို့ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ ပတ်သတ်ပြီး ဘယ်လောက်ထိ ဆွဲဆောင်မှုရှိကြောင်း ချီးမွမ်းတာ ၊ သူမရဲ့ ဆံပင်လေးတွေ ဘယ်လောက်လှကြောင်း ချီးမွမ်းတာ ၊ သူမရဲ့ ကိုယ်သင်းရနံ့လေးက သင့်ကို ဘယ်လောက်ထိ စိတ်ပါစေကြောင်း ချီးမွမ်းတာ စသည်ဖြင့် တီးတိုးချစ်စကားလေးတွေနဲ့ ချီးမွမ်းစကားလေးတွေ အဆက်မပြတ် ပြောပေးသင့်ပါတယ်။

 happy couple

Photo : Freepik

ဒီလို တစ်ယောက်ကိုတစ်ယောက် ချိုမြိန်တဲ့ ချစ်စကားလေးတွေနဲ့ တီးတိုးပြောဆို ချီးမွမ်းတာဟာ နှစ်ဦးသားရဲ့ စိတ်ခံစားမှုတွေကို အမြင့်ဆုံးထိ မြှင့်တင်ပေးနိုင်ပြီး ပိုမိုသာယာကြည်နူးဖွယ်ကောင်းတဲ့ အခိုက်အတန့်တစ်ခုကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ချစ်ပင်လယ်ထဲ ကူးခတ်နေချိန်မှာ တစ်ယောက်ကိုတစ်ယောက် ချီးမွမ်း စကားလေးတွေ ပြောဆိုတာကို မရပ်တန့်ပစ်လိုက်ပါနဲ့။ ဒါဟာ နှစ်ဦးသား စိတ်ဆန္ဒတွေ ပြီးမြောက်သွားသည်တိုင် ခံစားချက်တွေ ဆက်လက်ကောင်းမွန်နေစေပြီး ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ဆက်လက်ရှင်သန်နေစေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

Featured Photo : Freepik