လိင်မှုကိစ္စဟာ စိတ်လှုပ်ရှားစရာ ကောင်းပေမယ့် တစ်ခါတစ်ရံမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်ကြီးအတိုင်း သွားနေမယ် ဆိုရင်တော့ ပျင်းရိငြီးငွေ့ဖွယ် ဖြစ်လာတက်ပါတယ်။ စုံတွဲတွေအနေနဲ့ အိပ်ရာထဲမှာ ရင်ခုန်စရာကောင်းတဲ့ အတွေ့အကြုံ အသစ်တွေကို ရှာချင်တယ်ဆိုရင် အခုပြောပြမယ့် နည်းလမ်းလေးတွေကို စမ်းကြည့်ပါ။
(၁) တုန်တုန်တွေ သုံးပါ
Photo : The New York Times
ကွီးတို့ရဲ့ ချစ်သူပါတနာကို လိင်စိတ် သာယာမှုရစေဖို့ နှိုးဆွတဲ့အခါ ပုံမှန်အတိုင်း လက်ချည်းပဲ သုံးတာမျိုး မလုပ်ပါနဲ့။ မတူညီတဲ့ အတွေ့အကြုံ အသစ် ၊ ခံစားမှု အသစ်အဆန်းရစေဖို့ တုန်ခါမှုကိရိယာ Vibrator တွေကိုလည်း သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ Vibrator တွေဟာ ခန္ဓာကိုယ်အနှံ့က အာရုံခံစားမှုမြင့်တဲ့ နေရာတွေကို တုန်ခါမှုကောင်းကောင်း ပေးစွမ်းနိုင်လို့ သေချာပေါက် ထူးခြားတဲ့ အထိအတွေ့ ခံစားမှုကို ရစေမှာ ဖြစ်ပါတယ်။
(၂) အဖုအထစ်ပါတဲ့ ကွန်ဒုံးတွေ သုံးပါ
Photo : Formen Health
ဈေးကွက်ထဲမှာ မတူညီတဲ့ ကွန်ဒုံး အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ကွီးတို့ သုံးနေကြ ပုံမှန် ရိုးရိုးကွန်ဒုံးတွေအစား အပြောင်းအလဲအနေနဲ့ လိင်မှုဆိုင်ရာ ခံစားမှုကို ပိုကောင်းစေဖို့ ဒီဇိုင်းထုတ်ထားတဲ့ အဖုအထစ်တွေပါတဲ့ ကွန်ဒုံးတွေ ပြောင်းသုံးကြည့်ပါ။ မတူညီတဲ့ ခံစားမှု အတွေ့အကြုံ အသစ်တွေကို ပေးစွမ်းပါလိမ့်မယ်။
(၃) သုတ်ထိန်းကွင်း သုံးပါ
Photo : MedicalNewsToday
Cock Ring လို့ခေါ်တဲ့ သုတ်ထိန်းကွင်းတွေဟာ လိင်တံထောင်မတ်မှု အားကောင်းစေဖို့ ၊ အိပ်ရာထဲမှာ အချိန်ကြာကြာ စွမ်းဆောင်နိုင်ဖို့ ကူညီပေးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ စွမ်းဆောင်ရည် ကောင်းကောင်းပြသချင်တဲ့ ကွီးတို့ကတော့ သုတ်ထိန်းကွင်းတွေကို တပ်ဆင်အသုံးပြုကြည့်ပါ။ သုတ်ထိန်းကွင်းတွေ သုံးတဲ့အခါ တစ်ခုသတိထားရမှာက မိနစ် ၂၀ ကနေ နာရီဝက်အတွင်းသာ တပ်ဆင်အသုံးပြုသင့်ပြီး အချိန်အကြာကြီး ဆက်တိုက်သုံးတာမျိုး ရှောင်ရပါမယ်။
(၄) ချောဆီ လှိုင်လှိုင်သုံးပါ
Photo : The Honey Pot
ချောဆီကို ထိုးသွင်းဆက်ဆံမှု အတွက်ပဲ သုံးလို့ရတာ မဟုတ်ပါဘူး။ Foreplay အဆင့်မှာ နှိုးဆွနှိပ်နယ်ဖို့ အတွက်လည်း အသုံးပြုလို့ ရပါတယ်။ ချောဆီ များများသုံးပြီး ခန္ဓာကိုယ်ကို နှိပ်နယ်နှိုးဆွပေးတာဟာ အိပ်ရာထဲမှာ စိတ်လှုပ်ရှားမှု ပိုတိုးစေသလို ရင်ခုန်စရာလည်း ကောင်းပါတယ်။ ကွီးတို့ရော ကွီးတို့ပါတနာ နှစ်ဦးလုံးအတွက် စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာဖြစ်စေတဲ့ ခံစားချက်ကို ရစေပြီး မတူညီတဲ့ ခံစားမှု အသစ်အဆန်းကို ရှာဖွေဖော်ထုတ် နိုင်ပါလိမ့်မယ်။
Source : Durex Canada
Featured Photo : Bucket List Journey