အရွယ်ရောက်ပြီးသူတိုင်းအတွက် အိပ်ရာပေါ်က ချစ်ခြင်း တစ်နည်းအားဖြင့် လိင်မှုကိစ္စ ဆောင်ရွက်ခြင်းက သဘာဝသာဖြစ်ပြီး စိတ်လှုပ်ရှားမှုနဲ့ သာယာပျော်ရွှင်သောခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ လိင်မှုကိစ္စကို နည်းမှန်လမ်းမှန်နဲ့ လုပ်ဆောင်ပါက စိတ်ပိုင်းဆိုင်ရာ သာမက ရုပ်ပိုင်းဆိုင်ရာ အကျိုးတွေကို ရရှိစေပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဆက်လက်ပြီးတော့ လိင်ဆက်ဆံခြင်းက နှလုံးကျန်းမာရေး အပေါ် ဘယ်လိုမျိုး အထောက်အကူ ပြုနိုင်သလဲဆိုတာ ကြည့်လိုက်ရအောင်။

အလယ်အလတ် လေ့ကျင့်ခန်း အဖြစ်သတ်မှတ်နိုင်တယ်

အိပ်ရာပေါ်က ချစ်ခြင်း

Photo : Women’s Health

ကွီးတို့က ပြေးစက်ပေါ်မှာ ပြေးပြီး ချွေးထွက်အောင် လုပ်တာ ဝါသနာမပါဘူးဆိုရင် အိပ်ရာပေါ်မှာ ချွေးထွက်အောင် ပြုလုပ်နိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုက အမျိုးသမီးများတွင် တစ်မိနစ်လျှင် ၃ ကယ်လိုရီခန့် လောင်ကျွမ်းစေသည့် အလယ်အလတ် ပြင်းထန်မှုရှိသော အေရိုးဗစ်လေ့ကျင့်ခန်းဖြစ်ကြောင်း သုတေသီများက ဆိုပါတယ်။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုက အေရိုးဗစ်လေ့ကျင့်ခန်းများ ကဲ့သို့ပင်၊ ကွီးတို့ရဲ့ နှလုံးကို အားကောင်းစေကာ သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ပါတယ်။

ရုတ်တရက် နှလုံးဖောက်ခြင်း (Heart Attrack) ဖြစ်နိုင်ချေကို လျှော့ချနိုင်တယ်

Photo : UofL Health

လိင်မှုကိစ္စပြုလုပ်ရင်းနဲ့ နှလုံးဖောက်တာမျိုး ကွီးတို့ကြားဖူးကြမှာပါ။ သို့သော်လည်း ဒီလိုအဖြစ်မျိုးက နည်းပါးပြီး ကာယကံရှင်ရဲ့ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေမျိုးမှာလည်း အများကြီးမူတည်ပါတယ်။ ရေရှည်မှာ ကျန်းမာသော လိင်ဆက်ဆံမှုဘဝက ကွီးတို့ရဲ့ နှလုံးဖောက်ပြန်နိုင်ခြေကို အမှန်တကယ် လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ လေ့လာမှုတစ်ခုအရ သက်လတ်ပိုင်း အမျိုးသားများတွင် တစ်ပတ်မှာ နှစ်ကြိမ်နဲ့အထက် လိင်ဆက်ဆံသူတွေဟာ တစ်လကို တစ်ကြိမ် ဒါမှမဟုတ် ဒီထက်နည်းတဲ့ လိင်ဆက်ဆံသူတွေထက် နှလုံးဖောက်နိုင်ခြေ ပိုပြီးနည်းကြောင်း တွေ့ရှိခဲ့ပါတယ်။

စိတ်ဖိစီးမှုများကို လျှော့ချပေးတယ်

အိပ်ရာပေါ်က ချစ်ခြင်း

Photo : The Sun

စိတ်ဖိစီးမှုများလာတဲ့အခါ စိတ်ကျရောဂါကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပြင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာလည်း ဆိုးဝါးစွာ သက်ရောက်နိုင်ပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဓိကအကြောင်းအရင်များထဲမှာ စိတ်ဖိစီးမှုကလည်း အပါအဝင် ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများက စိတ်ခံစားမှုကောင်းစေသော ဟော်မုန်းများနှင့် အင်ဒိုဖင်များ ထုတ်လုပ်မှုကို မြှင့်တင်ပေးကာ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ကွီးတို့ရဲ့ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။ လူတစ်ဦးအတွက် စိတ်အပန်းပြေစေပြီး စိုးရိမ်ပူပန်မှုကို လျော့ကျစေသည့် မည်သည့်အရာမဆို ၎င်းတို့ရဲ့ နှလုံးသွေးကြော ကျန်းမာရေးကို အကျိုးပြုစေနိုင်မှာ ဖြစ်ပါတယ်။

ကောင်းမွန်စွာ အိပ်ပျော်စေရန် ကူညီပေးနိုင်ပါတယ်

အိပ်ရာပေါ်က ချစ်ခြင်း

Photo : The Sleep Shop

သာမန်လူတစ်ယောက်အနေနဲ့ တစ်နေ့ကို အိပ်ချိန် ၇ နာရီကနေ ၈ နာရီခန့် ရှိသင့်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း မရှိပါက ရေရှည်မှာ ကျန်းမာရေးပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။ အိပ်ရေးပျက်တာ များလာရင် သွေးပေါင်တက်တာ၊ အဝလွန်တာ၊ နှလုံးရောဂါ စတာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကြောင့် ထွက်ရှိလာတဲ့ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းများနဲ့ အင်ဒိုဖင်များက ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ပြေလျော့စေကာ ညဘက်တွင် ကောင်းစွာအိပ်ပျော်စေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။ မကြာသေးမီက သြစတြေးလျလေ့လာမှုတစ်ခုအရ လူပေါင်း ၆၄ ရာခိုင်နှုန်းက (Orgasm) အထွတ်အထိပ်ခံစားမှု ပြီးနောက် ပိုမိုကောင်းမွန်စွာ အိပ်ပျော်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ပိုမိုကောင်းမွန်သော အိပ်စက်ခြင်းက နှလုံးကျန်းမာရေးကို ပိုကောင်းစေပါတယ်။

ကွီးတို့ရေ အိပ်ရာပေါ်က ချစ်ခြင်း က ကွီးတို့ရဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုနေကြောင့် ဗဟုသုတဖြစ်ဖွယ် ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။ သာယာပျော်ရွှင်ပြီး ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်ပါစေကြာင်း ဆန္ဒပြုလျက်………………..

Source : Prevention

Featured Photo : Men’s Health