ယောကျာ်း အရင့်အမာကြီးတွေတောင် စိုးရိမ်စိတ်များပြီး ကြောက်စိတ်ဝင်တဲ့ အချိန်တစ်ခု ရှိပါတယ်။ ဟုတ်ပါတယ် အိပ်ရာပေါ်က လိင်ကိစ္စနဲ့ပတ်သတ်ရင် အမျိုးသားတွေမှာ စိုးရိမ်စိတ် အနည်းနဲ့အများ ရှိတက်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘယ်လိုအခြေအနေတွေက ကွီးတို့ ယောကျာ်းလေးတွေအတွက် အိပ်ရာပေါ်မှာ စိုးရိမ်စိတ် ၊ ကြောက်စိတ်များစေရလဲဆိုတာ ပြောပြပေးပါမယ်။

(၁) ပါတနာကို ကျေနပ်အောင် စွမ်းဆောင်မပေးနိုင်မှာ

Leaving Her Unsatisfied

Photo : MensXP

ဒီအချက်ကတော့ ကွီးတို့ အမျိုးသားအများစု စိုးရိမ်ကြတဲ့ အဓိကပြဿနာတစ်ခု ဖြစ်ပါတယ်။ ကိုယ့်လက်တွဲဖော် ပါတနာကို စိတ်ကျေနပ်အောင် စွမ်းဆောင်မပေးနိုင်မှာ ၊ သာယာပျော်ရွှင်ဖွယ် အထွတ်အထိပ်ခံစားမှု အော်ဂဇင်ရောက်အောင် မပို့ဆောင်နိုင်မှာ စတဲ့ အချက်တွေနဲ့ ပတ်သတ်ပြီး အမျိုးသားတိုင်း စိတ်ပူကြတာတော့ အမှန်ပါပဲ။ အမှန်တကယ် အိပ်ရာထဲမှာ လက်တွေ့ လုပ်ဆောင်ချိန်မှာသာမက စိတ်ကူးကြည့်ရုံနဲ့တင် ကိုယ့်ကိုယ်ကိုယ် သံသယစိတ်နဲ့ ရှက်ရွံ့စိတ်တွေ ဖြစ်ပေါ်ခံစားရတက် ကြပါတယ်။

(၂) မြန်မြန်ဆန်ဆန် သုတ်လွှတ်မိမှာ

Premature Ejaculation

Photo : MensXP

အတူနေချိန်မှာ သုတ်လွှတ်မြန်တဲ့ ပြဿနာဟာ ယောကျာ်းတိုင်း မဖြစ်ပေမယ့် ယောကျာ်းမှန်ရင် စိတ်ပူကြတာချည်းပါပဲ။ ဒါဟာလည်း အချို့ညစ်ညမ်းရုပ်ရှင်တွေမှာ မြင်ရတဲ့ ပြကွက်တွေ သို့မဟုတ် သုတ်လွှတ်မြန်တဲ့ ကိစ္စအပေါ် လူတွေနောက်ပြောင်ကြတဲ့ ပြဿနာကနေ စတယ်လို့ ယူဆရပါမယ်။ တကယ်တော့ ကျန်းမာရေးနဲ့ အညီ စားသောက်နေထိုင်မှုပုံစံကောင်း ရှိမယ် ၊ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်မယ် ၊ ပါတနာနဲ့ ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်တယ်ဆိုရင် ဒီပြဿနာဟာ တွေးပူစရာမလိုအောင် အဆင်ပြေနိုင်ပါတယ်။ အကယ်၍ အတူနေတိုင်းမှာ သုတ်လွှတ်မြန်တဲ့ ပြဿနာဟာ ဆက်တိုက်ဖြစ်နေတယ် ၊ အကြိမ်ရေခပ်စိပ်စိပ် ဖြစ်နေတယ်ဆိုရင် နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူလို့ ရပါတယ်။

(၃) မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားမှာ

Getting Pregnant

Photo : MensXP

ဒါက ယောကျာ်းတွေမှ မဟုတ်ပါဘူး။ အမျိုးသမီးတွေလည်း အတူတူပါပဲ။ ကလေးယူဖို့ အစီအစဉ်မရှိသေးတဲ့ စုံတွဲတွေအနေနဲ့ အတူနေပြီးချိန်မှာ မတော်တဆ ကိုယ်ဝန်ရသွားမှာကို အလွန်အမင်း စိုးရိမ်ကြောက်ရွံ့တက် ကြပါတယ်။ ကွန်ဒုံး အကာအကွယ်ဟာ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးပေးမယ့် စိတ်အချရဆုံး သန္ဓေတားနည်းတစ်ခု ဆိုပေမယ့်လည်း ရာနှုန်းပြည့် Safe မဖြစ်ပါဘူး။ အကောင်းဆုံးကတော့ ကွန်ဒုံးနဲ့အတူ တခြားသော စိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုကို တွဲသုံးမယ်ဆိုရင် မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားနိုင်တဲ့ ပြဿနာကို အတော်လေး စိတ်အေးရနိုင်ပါတယ်။

(၄) ညစ်ညမ်းသရုပ်ဆောင်တွေလို မစွမ်းဆောင်နိုင်မှာ

Not Matching To The Porn Standards

Photo : MensXP

ညစ်ညမ်းရုပ်ရှင်ထဲက သရုပ်ဆောင်တွေရဲ့ စွမ်းဆောင်ရည်ကတော့ ကွီးတို့ မပြောနဲ့ ဘယ်လိုယောကျာ်း ၊ ဘယ်လိုနည်းနဲ့မှမှီနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့ဆို ဒါဟာ လူတွေကြည့်ကောင်းအောင် ဖန်တီးတင်ဆက်ထားတဲ့ ဖျော်ဖြေးရေးသပ်သပ် သရုပ်ပြကွက်တွေ ဖြစ်နေလို့ပါ။ လူကြီးရုပ်ရှင် ၊ အပြာဇာတ်ကားတွေထဲက သရုပ်ဆောင်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ပြီး ကွီးတို့ လည်း အပြင်မှာ သူတို့နဲ့ထပ်တူ စွမ်းဆောင်နိုင်ပါ့မလားလို့ စိုးရိမ်စိတ် မများပါနဲ့။ ပြင်ပလက်တွေ့ဘဝမှာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကြမ်းတယ်စွမ်းတယ် ဆိုရင်ပဲ အတော်လေး အလုပ်ဖြစ်နေပါပြီ။

ကွီးတို့ရော အိပ်ရာပေါ်မှာ ဘယ်အရာကို အကြောက်ဆုံး ဖြစ်မလဲ ???

Source : MensXP

Featured Photo : Times of India