ညင်သာနူးညံ့တဲ့ အထိအတွေ့ရဲ့ ဆန့်ကျင်ဘက် ကြမ်းတမ်းခက်ထန်တဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေဟာ ကွီးတို့ကို ခံစားမှုအသစ်တစ်ခု ပေးနိုင်တယ်ဆိုတာ သိပြီးပြီလား ? Rough Sex လို့ခေါ်တဲ့ ကြမ်းတမ်းတဲ့ အထိအတွေ့ လှုပ်ရှားမှုတွေဟာ ပြင်းရှတဲ့ ကာမစည်းစိမ်ကို ကောင်းကောင်းကြီး ခံစားနိုင်မယ့် လိင်ဆက်ဆံမှု ပုံစံတစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အိပ်ရာပေါ်မှာ ဆိုးသွမ်းတဲ့ အချစ်လူကြမ်းကြီး လုပ်မယ့် ကွီးတို့အတွက် လူကြမ်းဖြစ်နည်း လမ်းညွှန်ချက် အဆင့်ဆင့်ကို ပြောပြပေးပါမယ်။

(၁) ပြင်းရှ ၊ နက်နဲ ၊ လျင်မြန်မှု ၃ ချက်ကို စွဲကိုင်ထားပါ

Rough Sex

Photo : Vijesti

အိပ်ရာပေါ်မှာ ဆိုးသွမ်းတော့မယ့် အချစ်လူကြမ်းကြီး တစ်ယောက်အနေနဲ့ လက်ကိုင်ထားရမယ့် ၃ ချက်ကတော့ အထိအတွေ့ လှုပ်ရှားမှုတိုင်းဟာ ပြင်းရှနေရမယ် ၊ နက်နဲပြီး ခက်ထန်နေရမယ် ၊ နောက်ဆုံးအချက်ကတော့ မြန်ဆန်သွက်လက်တဲ့ လှုပ်ရှားမှုတွေကို ပေးနိုင်ရပါမယ်။ Foreplay အဆင့်ကနေစလို့ ထိုးသွင်းဆက်ဆံချိန်အထိ ပွေ့ဖက်နမ်းရှုံ့တာ ၊ နှိုးဆွပွတ်သပ်တာ ၊ ထိုးသွင်းဆက်ဆံတာ စတဲ့ အရာအားလုံးဟာ ပြင်းရှ ၊ နက်နဲ ၊ လျင်မြန်မှု ၃ ချက်နဲ့ အညီ လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။

(၂) လက်သံပြောင်ဖို့ လေ့ကျင့်ထားပါ

Rough Sex

Photo : Medical News Today

Rough Sex လုပ်တဲ့အခါ ရင်ခုန်စရာကောင်းပြီး ခံစားမှုတွေ ပိုမိုနက်ရှိုင်းနေစေဖို့ ရိုက်တဲ့နှက်တဲ့ အပိုင်းလေးတွေကိုလည်း ထည့်သွင်းဖို့ လိုပါတယ်။ အဓိကအားဖြင့် ချစ်တင်းနှောနေစဉ် အခိုက်အတန့်မှာ လေဒီတို့ရဲ့ တင်ပါး ၊ ရင်သားတို့ကို ရိုက်ပုတ်ပေးတာက သူမတို့အတွက် အထွတ်အထိပ် ခံစားမှုကို ပိုမိုရောက်ရှိစေဖို့ ကူညီပေးနိုင်ပါတယ်။ အလားတူ လည်ပင်းတွေကို ဆုပ်ကိုင်ထားတာ ၊ လက်တွေကို ချုပ်ထားတာ ၊ သူမရဲ့ ပါးပြင်လေးကို ကွီးတို့ လက်ဖဝါးနဲ့ ခပ်ဖွဖွ ရိုက်ပုတ်တာ စတာတွေ လုပ်နိုင်ပါတယ်။

(၃) အနောက်ကနေ ဆံပင်တွေ ဆွဲပေးပါ

Rough Sex

Rough Sex Photo : Psychology Magazine

Doggy Style သိုင်းကွက်သုံးပြီး အချစ်လူကြမ်းကြီး လုပ်တော့မယ်ဆိုရင် မမေ့မလျော့ ကွီးတို့ လုပ်ရမှာက ပါတနာရဲ့ ဆံပင်တွေကို အနောက်နေ ဆွဲထားပေးရမှာ ဖြစ်ပါတယ်။ ဆံပင်ဆွဲတာနည်းတူ ၊ ပါတနာကို လည်ပင်းကို ခါးပတ် သို့မဟုတ် ပုဝါနဲ့ ရစ်ပတ်ပြီး အနောက်နေ ဆွဲထားပေးလို့လည်း ရပါတယ်။ ဒီလို ကြမ်းတမ်းတဲ့ ပုံစံတွေက စိတ်လှုပ်ရှားစရာကောင်းပြီး ခံစားမှု အထွတ်အထိပ်ကို ကောင်းကောင်း ရောက်ရှိစေနိုင်ပါတယ်။

(၄) စကားကြမ်းတွေ ပြောပေးပါ

Rough Sex

Photo : Better Humans

ဆိုးသွမ်းတဲ့ အချစ်လူကြမ်းကြီး လုပ်မှတော့ အပြောအဆို စကားလုံး အသုံးအနှုန်းတွေက နူးညံ့သိမ်မွေ့နေလို့ မရပါဘူး။ အချစ်စကားကြမ်းကြမ်းလေးတွေ ၊ စိတ်လှုပ်ရှား ရင်ခုန်စေမယ့် Dirty Talk တွေကို ပြောပေးရပါမယ်။ ပွတ်သပ်နှိုးဆွ နေချိန်အတွင်းမှာရော ချစ်တင်းနှောနေစဉ်အတွင်းမှာပါ ညစ်ညမ်းတဲ့ အချစ်စကားကြမ်းကြမ်းလေးတွေကို ပြောဆိုပေးသင့်ပါတယ်။

Source : Lifehacker

Featured Photo : 1News