ရင်ခုန်စိတ်လှုပ်ရှားမှု အသစ်တွေ ရှာဖွေချင်တယ် ဆိုရင်တော့ ပုံမှန်လုပ်ရိုးလုပ်စဉ် အရာတွေထဲက ခွဲထွက်ဖို့ လိုပါမယ်။ စုံတွဲတွေ ချစ်တင်းနှော တဲ့အခါ ပုံမှန်အားဖြင့် အိပ်ရာထဲမှာပဲ နှစ်ပါးသွားကြတာ များပါတယ်။ ကွီးတို့ အတွေ့အကြုံအသစ်တွေ လိုချင်တယ်ဆိုရင် အိပ်ခန်းပြင်ပမှာ လှုပ်ရှားကြည့်ပါ။ ဒီဆောင်းပါးမှာတော့ ချစ်တင်းနှောလို့ ကောင်းမယ့် အိပ်ခန်းပြင်ပ နေရာတွေအကြောင်း ပြောပြပေးပါမယ်။
(၁) ရေကူးကန်
Photo : Crello
ရေကူးကန်ထဲမှာ ချစ်တင်းနှောဖို့ ကွီးတို့ တွေးကြည့်ဖူးပါသလား ? ရေကူးကန်ဟာ စုံတွဲတွေ ချစ်တင်းနှော ဖို့အတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး နေရာတွေထဲက တစ်ခုဆိုတာ သေချာပါတယ်။ ပုံမှန် အိပ်ရာထက်မှာလို မဟုတ်ပဲ ရေထဲမှာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်လှုပ်ရှားရပိုမို လွယ်ကူအဆင်ပြေပြီး ရင်ခုန်ပျော်ရွှင်ဖွယ်ရာ အချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
(၂) ကား
Photo : Lauren Hawkins Photography
အိပ်ရာပြင်ပ စုံတွဲတွေ အများဆုံး ချစ်တင်းနှောတဲ့ နေရာကတော့ ကားထဲမှာပါ။ ကားထဲမှာ ချစ်တင်းနှော တာဟာ အိပ်ရာထက်မှာလို သက်တောင့်သက်သာ အရမ်းကြီး မရှိဘူးဆိုပေမယ့် ပုံမှန်နဲ့မတူတဲ့ အတွေ့အကြုံအသစ် တစ်ခုကိုတော့ ခံစားရမှာ သေချာပါတယ်။ ကွီးတို့ ချစ်သူ ပါတနာနဲ့ Road Trip ထွက်တဲ့အချိန် အဝေးပြေးလမ်းမကြီးပေါ်မှာ ကားရပ်ပြီး ဟောလိဝုဒ် ရုပ်ရှင်တွေထဲကလို ရိုမန်တစ်ဆန်တဲ့ အချစ်ဇာတ်လမ်းတစ်ခု ဖန်တီးနိုင်ပါတယ်။
(၃) ဓာတ်လှေကား
Photo : Freepik
စွန့်စားခန်း ဖွင့်ချင်တဲ့ ကွီးတို့ စမ်းကြည့်သင့်တဲ့ နေရာတစ်ခုကတော့ ဓာတ်လှေကားထဲပါ။ ဓာတ်လှေကားတွေဟာ ပုံမှန်လူသုံးများတဲ့ နေရာတစ်ခုဆိုပေမယ့်လည်း လူရှင်းမယ့် ညဘက်ညဥ့်နက်တဲ့ အချိန်တွေ သို့မဟုတ် မနက်ခင်းစောစော အချိန်တွေမှာ ရွေးပြီး လှုပ်ရှားလို့ရပါတယ်။ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ နေရာရွေးချယ်မှု ဖြစ်ပေမယ့် Public နေရာတစ်ခု ဖြစ်တာကြောင့် တော်တော်လေးတော့ သတိထားဖို့ လိုပါလိမ့်မယ်။
(၄) ရွက်ဖျင်တဲ
Photo : Pexels
ချစ်သူလေးနဲ့ Camping ထွက်တဲ့အချိန်မှာ စမ်းကြည့်နိုင်ပါတယ်။ သဘာဝတရာကြီးရဲ့ နှစ်လိုဖွယ် အရသာကို ခံစားရင်း ပုံမှန်နဲ့မတူတဲ့ စိတ်လှုပ်ရှားမှုတွေကို တူးဆွရှာဖွေလိုက်ပါ။ လူကြီးကစားစရာ အရုပ်တွေ ထပ်ပေါင်းအသုံးပြုခြင်းဖြင့် ကွီးတို့ရဲ့ Camping ညကို ပိုပြီး ရင်ခုန်စရာတွေ ၊ စွန့်စားခန်းတွေနဲ့ မှော်ဆန်တဲ့ အမှတ်တရအချို့ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
Source : Durex USA
Featured Photo : Drive